မင်္ဂလာပွဲမှာတင် သတို့သမီးမျက်နှာပျက်ရလောက်တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဒေါသပုန်ထပြခဲ့တဲ့သတို့သား (ရုပ်သံ)




Jasmine (Mckzone Daily)

Source:The Sun

Unicode

မင်္ဂလာပွဲမှာ ချစ်ရသူနှစ်ဦးပေါင်းဖက်ကြမဲ့ အပျော်ရွှင်ဆုံးနေ့ရက်ဆိုပေမဲ့လည်း ယခုဖော်ပြမဲ့စုံတွဲကတော့ မင်္ဂလာပွဲမှာတင် ရှန်ပိန်ပုလင်းပစ်ခွဲပြီး ဒေါသပုန်ထခဲ့တဲ့သတို့သားကြောင့် အတော်လေးကိုရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါတယ် ။ ဖြစ်စဉ်အစကတော့ မင်္ဂလာကိတ်ခွဲတာကနေ အစပြုခဲ့တာဖြစ်ပါတယ် ။ အဆိုပါစုံတွဲဟာ မင်္ဂလာကိတ်ကိုပျော်ပျော်ရွှင်ရွှင်ဖြင့်ခွဲဖို့လုပ်ကြရင်း အမှတ်မထင်သတို့သားလောင်းဟာ ကိတ်မုန့်ခွဲတဲ့ဓားကိုလွတ်ချမိခဲ့ပါတယ် ။ ထိုအချိန်မှာတော့ သတို့သမီးလောင်ဟာ အနည်းငယ်ပြုံးရယ်မိသွားပြီး သတို့သားလောင်ကတော့ လူကြားထဲမှာသူ၏ဇနီးလောင်းက သူ့ကိုရယ်တယ်ဆိုပြီးထင်သွားခဲ့ပုံရပါတယ် ။

ထို့နောက် အရံသတို့သမီးက ကိတ်မုန့်လှီးဓားကိုလှန်းကောက်ပေးခဲ့ပြီး သတို့သားကိုပေးခဲ့ပါတယ် ။ သတို့သားမှာ အတော်လေးဒေါသထွက်နေပုံရပြီး သတို့သမီးလက်ကိုလှန်းကိုင်ရင်း အားဖြင့်လျင်လျင်မြန်မြန်ကိတ်ကိုခွဲချခဲ့ပါတယ် ။ ထို့နောက် အရံသတို့သမီးဟာကိတ်ကိုခွဲပြီး ၎င်းတို့ကိုလှန်းခွံကျွေးဖို့လုပ်ခဲ့ပေမဲ့လည်း သတို့သားဟာစိတ်တိုတိုဖြင့် ကိတ်မုန့်ပန်ကန်ကိုလှန်ယူလိုက်ကာ သတို့သမီးကိုခပ်မြန်မြန်ကိတ်မုန့်ခွံကျွေးပြီး ၎င်းကိုယ်တိုင်ကလည်း တစ်လုတ်ခပ်မြန်မြန်စားလိုက်ပါတယ် ။

ထို့နောက် လူကြီးမိဘများက ရှန်ပိန်ပုလင်းဖွင့်ပြီး အောင်ပွဲခံဖို့လုပ်နေပေမဲ့လည်း အဆိုပါသတို့သားဟာ ရှန်ပိန်ပုလင်းလှန်ဆွဲပြီးနောက် စိတ်ဆိုးဒေါသထွက်စွာ အာရပါးရပုလင်းကို ရိုက်ခွဲပစ်ခဲ့ပါတယ် ။ အနီးအနားရှိကလေးငယ်တွေဟာလည်း အတော်လေးကိုကြောက်လန့်သွားခဲ့တာကို video ထဲမှာတွေ့ရှိရမှာပါ ။ အချို့လူတွေကလည်း ရှန်ပိန်ပုလင်းရိုက်ခွဲတာဟာ ၎င်းတို့ကဲ့ရိုးရာဓလေ့ဖြစ်နိုင်ကြောင်း ထင်မြင်ခဲ့ကြပေမဲ့လည်း သတို့သမီးရဲ့မျက်နှာကိုကြည့်လိုက်ရင်တော့ လုံးဝမနှစ်မျို့တဲ့အမူအရာကိုတွေ့ရှိရမှာပါ ။ အဆိုပါ video ကိုကြည့်ရှုခဲ့ကြပြီးနောက် လူအများစုကတော့ မချစ်ဘူး ၊ မလိုချင်ဘူးဆိုရင်လည်း အစကတည်ကမယူပါနဲ့လားဆိုပြီး သတို့သားရဲ့အပြုအမူကိုမျိုးစုံဝေဖန်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မင်္ဂလာပွဲမှာတင် သတို့သမီးမျက်နှာပျက်ရလောက်တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဒေါသပုန်ထပြခဲ့တဲ့သတို့သား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*