တိရစာၦန္ရံုမွာရွိတဲ့ေလွာင္အိမ္ထဲက ျခေသၤ့ကိုအစာေကြၽးရင္ လက္တစ္ဖက္လံုးအကိုက္ခံခဲ့ရတဲ့ အမ်ိဳးသား (႐ုပ္သံ)

ဒီအျဖစ္အပ်က္ကေတာ့ ပါကစၥတန္ႏိုင္ငံ ၊ Karachi ၿမိဳ႕မွာ႐ွိတဲ့ တိရစာၦန္ရံုမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး Kannu Piraditta အမည္႐ွိတဲ့ တိရစာၦန္ရံုဝန္ထမ္းအမ်ိဳးသားဟာ ေလွာင္အိမ္ထဲမွာ႐ွိတဲ့ ျခေသၤ့ႀကီးကို အသားစိမ္းေကြၽးရင္နဲ႔ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ Piraditta ဟာ ေလွာင္အိမ္ထဲမွာ႐ွိတဲ့ အျဖဴ ေရာင္ျခေသၤ့ထီး ႏွင့္ ျခေသၤ့မတို႔အတြက္ အစားပစ္ေကြၽးရင္ကေန တိုက္ခိုက္ျခင္းခံခဲ့ရတာပါ ။ လက္တစ္ဖက္လံုး ကိုက္ခံခဲ့ရၿပီးခ်ိန္မွာေတာ့ တိရစာၦန္ရံုသို႔လာေရာက္လည္ပတ္ၾကတဲ့ဧည့္သည္ေတြေ႐ွ႕မွာပဲ Piraditta ဟာ သဲႀကီးမဲႀကီးေအာ္ဟစ္ေနခဲ့ပါေတာ့တယ္ ။

ထိုအခ်ိန္မွာ အျခားေသာတိရစာၦန္ရံုဝန္ထမ္းမ်ားဟာ သူတို႔ရဲ႕မ်က္စိေ႐ွ႕တည့္တည့္မွာ ေတြ႔ျမင္ေနခဲ့ၾကတာျဖစ္ေပမဲ့လည္း Piraditta ကိုဝင္ေရာက္ကူညီေပးခဲ့ျခင္းမ်ိဳး မ႐ွိခဲ့ပါဘူး ။ ထို႔ေၾကာင့္ပဲ Piraditta ဟာ စကၠန္႔ 40 ခန္႔ၾကာသည္အထိ ျခေသၤ့ႀကီးရဲ႕တိုက္ခိုက္ကိုက္ျဖဲျခင္းခံရၿပီးေနာက္မွာမွ လြတ္ေျမာက္သြားခဲ့ရတာျဖစ္ပါတယ္ ။ လြတ္ေျမာက္သြားခဲ့ၿပီးေနာက္မွာေတာ့ Piraditta ရဲ႕ ဘယ္ဖက္လက္တစ္ေခ်ာင္းလံုး ေသြးမ်ားစြာထြက္ေနၿပီး ေအာ္ဟစ္ေနခဲ့တာကို video ထဲမွာေတြ႔႐ွိရမွာပါ ။

Piraditta ကို Civil ေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ၾကပါတယ္ ။ အဆိုပါ တိရစာၦန္ရံုရဲ႕ဒါ႐ိုက္တာႀကီးကေတာ့ ” ကြၽန္ေတာ္တို႔ရဲ႕ဝန္ထမ္းဟာ ခ်က္ခ်င္းကိုေဆးကုသမႈခံယူၿပီးေနာက္ အခုေတာ့တည္ၿငိမ္တဲ့အေျခအေန႐ွိေနပါၿပီ ၊ ကံဆိုးလို႔ျဖစ္ပ်က္ခဲ့ရတာျဖစ္ၿပီး ၊ ကြၽန္ေတာ္တို႔လည္း သူ႔ရဲ႕အျဖစ္ကို ကိုယ္ခ်င္းစာမိပါတယ္ ၊ သူ႔အတြက္ အေကာင္းဆံုးကုသမႈေတြေပးေနၿပီး ၊ 2ရက္ေလာက္ၾကာရင္ေတာ့ သူအိမ္ျပန္ႏိုင္ၿပီလို႔ ထင္ပါတယ္ ” ဆိုၿပီး ေျဖၾကားသြားခဲ့ပါတယ္ ။ ထို႔အျပင္ Piraditta ဟာ ေလွာင္အိမ္ထဲမွာ႐ွိတဲ့ျခေသၤ့ကို မွားယြင္းတဲ့နည္းလမ္းနဲ႔ခ်ဥ္းကပ္ၿပီး အစာေကြၽးခဲ့ေသာေၾကာင့္ ယခုကဲ့သို႔တိုက္ခိုက္ျခင္းမ်ိဳးခံခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source:The Sun

Unicode

ဒီအဖြစ်အပျက်ကတော့ ပါကစ္စတန်နိုင်ငံ ၊ Karachi မြို့မှာရှိတဲ့ တိရစ္ဆာန်ရုံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး Kannu Piraditta အမည်ရှိတဲ့ တိရစ္ဆာန်ရုံဝန်ထမ်းအမျိုးသားဟာ လှောင်အိမ်ထဲမှာရှိတဲ့ ခြင်္သေ့ကြီးကို အသားစိမ်းကျွေးရင်နဲ့ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ Piraditta ဟာ လှောင်အိမ်ထဲမှာရှိတဲ့ အဖြူ ရောင်ခြင်္သေ့ထီး နှင့် ခြင်္သေ့မတို့အတွက် အစားပစ်ကျွေးရင်ကနေ တိုက်ခိုက်ခြင်းခံခဲ့ရတာပါ ။ လက်တစ်ဖက်လုံး ကိုက်ခံခဲ့ရပြီးချိန်မှာတော့ တိရစ္ဆာန်ရုံသို့လာရောက်လည်ပတ်ကြတဲ့ဧည့်သည်တွေရှေ့မှာပဲ Piraditta ဟာ သဲကြီးမဲကြီးအော်ဟစ်နေခဲ့ပါတော့တယ် ။

ထိုအချိန်မှာ အခြားသောတိရစ္ဆာန်ရုံဝန်ထမ်းများဟာ သူတို့ရဲ့မျက်စိရှေ့တည့်တည့်မှာ တွေ့မြင်နေခဲ့ကြတာဖြစ်ပေမဲ့လည်း Piraditta ကိုဝင်ရောက်ကူညီပေးခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။ ထို့ကြောင့်ပဲ Piraditta ဟာ စက္ကန့် 40 ခန့်ကြာသည်အထိ ခြင်္သေ့ကြီးရဲ့တိုက်ခိုက်ကိုက်ဖြဲခြင်းခံရပြီးနောက်မှာမှ လွတ်မြောက်သွားခဲ့ရတာဖြစ်ပါတယ် ။ လွတ်မြောက်သွားခဲ့ပြီးနောက်မှာတော့ Piraditta ရဲ့ ဘယ်ဖက်လက်တစ်ချောင်းလုံး သွေးများစွာထွက်နေပြီး အော်ဟစ်နေခဲ့တာကို video ထဲမှာတွေ့ရှိရမှာပါ ။

Piraditta ကို Civil ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြပါတယ် ။ အဆိုပါ တိရစ္ဆာန်ရုံရဲ့ဒါရိုက်တာကြီးကတော့ ” ကျွန်တော်တို့ရဲ့ဝန်ထမ်းဟာ ချက်ချင်းကိုဆေးကုသမှုခံယူပြီးနောက် အခုတော့တည်ငြိမ်တဲ့အခြေအနေရှိနေပါပြီ ၊ ကံဆိုးလို့ဖြစ်ပျက်ခဲ့ရတာဖြစ်ပြီး ၊ ကျွန်တော်တို့လည်း သူ့ရဲ့အဖြစ်ကို ကိုယ်ချင်းစာမိပါတယ် ၊ သူ့အတွက် အကောင်းဆုံးကုသမှုတွေပေးနေပြီး ၊ 2ရက်လောက်ကြာရင်တော့ သူအိမ်ပြန်နိုင်ပြီလို့ ထင်ပါတယ် ” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ် ။ ထို့အပြင် Piraditta ဟာ လှောင်အိမ်ထဲမှာရှိတဲ့ခြင်္သေ့ကို မှားယွင်းတဲ့နည်းလမ်းနဲ့ချဉ်းကပ်ပြီး အစာကျွေးခဲ့သောကြောင့် ယခုကဲ့သို့တိုက်ခိုက်ခြင်းမျိုးခံခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တိရစာၦန္ရံုမွာရွိတဲ့ေလွာင္အိမ္ထဲက ျခေသၤ့ကိုအစာေကြၽးရင္ လက္တစ္ဖက္လံုးအကိုက္ခံခဲ့ရတဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*