ကိုယ္ဒုကၡေရာက္ေနခ်ိန္မွာ ကိုယ့္ရဲ႕သူငယ္ခ်င္းအရင္းက ကိုယ္ဆီကေနေငြေတြခိုးယူေနတဲ့ video ေၾကာင့္ငိုခဲ့ရတဲ့ မိန္းကေလး(႐ုပ္သံ)

Samantha Wood အမည္႐ွိတဲ့ အသက္ 27 ႏွစ္အရြယ္ Single mother တစ္ေယာက္ဟာ သူမရဲ႕ငယ္သူငယ္ခ်င္းျဖစ္သူ Melissa Collier အမည္႐ွိတဲ့ အသက္ 28 ႏွစ္အရြယ္ သူငယ္ခ်င္းျဖစ္သူက သူမရဲ႕ပိုက္ဆံအိတ္ကေန ပိုက္ဆံကိုတိတ္တိတ္ေလးထုတ္ကာခိုးယူၿပီး အတြင္းခံအက်ႌထဲကိုဝွက္ထည့္သြားခဲ့တဲ့ ႐ုပ္သံေၾကာင့္ အေတာ္ေလးကို ဝမ္းနဲ႔ၿပီးငိုေႂကြးသြားခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ Samantha ဟာ သူမပိုက္ဆံေတြစုၿပီးထည့္ထားတဲ့ ဖန္ဘူးေလးဟာလည္း ေပ်ာက္ေနခဲ့ၿပီး သူမသားေလးရဲ႕ ဝက္႐ုပ္စုဘူးေလးကပါ ေပ်ာက္ဆံုးေနခဲ့တဲ့အတြက္ စိတ္ထဲသကၤာမကင္းျဖစ္ေနခဲ့တာပါ ။ ထို႔ေၾကာင့္ သူမဟာ လ်ိႈ့ဝွက္ကင္မရာေလးတပ္ထားၿပီး သူမဆီကေန Melissa ခိုးယူေနတာလားဆိုၿပီး ေစာင့္ၾကည့္ခဲ့ပါေတာ့တယ္ ။

ထို႔ေၾကာင့္ Samantha ဟာသူမဆံပင္အေျခာက္ခံဖို႔ အေပၚထက္ကိုတက္သြားခ်ိန္မွာေတာ့ Melissa ဟာ မီးဖိုခန္းသို႔သြားၿပီး သူမအတြက္ေကာ္ဖီေဖ်ာ္ေပးမယ္ဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။ ထို႔ေနာက္ Samantha အေပၚထပ္ကေန ေစာင့္ၾကည့္ေနတာကို Melissa မွာလံုးဝမသိဘဲ သူမရဲ႕ပိုက္ဆံအိတ္ကေန ပိုက္ဆံေတြ ခိုးယူၿပီးေနာက္သူမရဲ႕အတြင္းခံအက်ႌထဲ ဝွက္ထားလိုက္ပါတယ္ ။ အဆိုပါအျဖစ္အပ်က္တစ္ခုလံုးေတြ႐ွိလိုက္တဲ့ Samantha ကေတာ့ သူငယ္ခ်င္းအရင္းေခါက္ေခါက္တစ္ေယာက္က သူမဝင္ေငြအခက္အခဲျဖစ္ေနၿပီး သူမအေပၚယခုလိုလုပ္ရပ္တဲ့အတြက္ အေတာ္ေလးကို ဝမ္းနည္းၿပီးငိုေႂကြးခဲ့ပါတယ္ ။ အဆိုပါေန႔ကေတာ့ Melissa ဟာ ဘားမွမျဖစ္သလိုသာဟန္ေဆာင္ၿပီး႐ွိေနခဲ့ပါတယ္ ။

ယခုလိုမ်ိဳးသူမပိုက္ဆံေပ်ာက္ေနခဲ့တာ ၿပီးခဲ့တဲ့ႏွစ္ကတည္းကဆိုေပမဲ့လည္း သူမရိပ္မိေပမဲ့လည္း သူငယ္ခ်င္းေကာင္းမဆံုး႐ႈံးခ်င္လို႔ သူမသည္းခံေနခဲ့တာပါ ။ သို႔ေပမဲ့လည္း ယခုခ်ိန္မွာေတာ့ သူမ မသည္းခံႏိုင္ေတာ့ဘဲ သက္ေသႏွင့္တကြ ရဲစခန္းသို႔တိုင္ၾကားခဲ့ပါေတာ့တယ္ ။ Melissa ဟာ အခ်ိန္ျပည့္အလုပ္ဝင္ေနသည့္သူျဖစ္တဲ့အျပင္ ဝင္ေငြလည္းေကာင္ေနသူျဖစ္ေပမဲ့လည္း အျမဲလိုလိုအျပင္ထြက္လည္ ၊ အဝတ္အစားဝယ္ၿပီး သံုးျဖဳန္းေနသူျဖစ္ပါတယ္ ။ ယခုခ်ိန္က်မွ Melissa ဟာ သူမကို message မ်ားစြာေပးပို႔ၿပီး သူငယ္ခ်င္းအေပၚမလုပ္သင့္မွန္းသိေပမဲ့လည္း စိတ္မထိန္းႏိုင္ပဲ တစ္ႀကိမ္ၿပီးတစ္ႀကိမ္က်ဴ းလြန္ခဲ့မိတာျဖစ္ေၾကာင္း မ်ိဳးစံုေတာင္းပန္စကားမ်ားေျပာဆိုခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: The Sun

Unicode

Samantha Wood အမည်ရှိတဲ့ အသက် 27 နှစ်အရွယ် Single mother တစ်ယောက်ဟာ သူမရဲ့ငယ်သူငယ်ချင်းဖြစ်သူ Melissa Collier အမည်ရှိတဲ့ အသက် 28 နှစ်အရွယ် သူငယ်ချင်းဖြစ်သူက သူမရဲ့ပိုက်ဆံအိတ်ကနေ ပိုက်ဆံကိုတိတ်တိတ်လေးထုတ်ကာခိုးယူပြီး အတွင်းခံအင်္ကျီထဲကိုဝှက်ထည့်သွားခဲ့တဲ့ ရုပ်သံကြောင့် အတော်လေးကို ဝမ်းနဲ့ပြီးငိုကြွေးသွားခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ Samantha ဟာ သူမပိုက်ဆံတွေစုပြီးထည့်ထားတဲ့ ဖန်ဘူးလေးဟာလည်း ပျောက်နေခဲ့ပြီး သူမသားလေးရဲ့ ဝက်ရုပ်စုဘူးလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အတွက် စိတ်ထဲသင်္ကာမကင်းဖြစ်နေခဲ့တာပါ ။ ထို့ကြောင့် သူမဟာ လျှို့ဝှက်ကင်မရာလေးတပ်ထားပြီး သူမဆီကနေ Melissa ခိုးယူနေတာလားဆိုပြီး စောင့်ကြည့်ခဲ့ပါတော့တယ် ။

ထို့ကြောင့် Samantha ဟာသူမဆံပင်အခြောက်ခံဖို့ အပေါ်ထက်ကိုတက်သွားချိန်မှာတော့ Melissa ဟာ မီးဖိုခန်းသို့သွားပြီး သူမအတွက်ကော်ဖီဖျော်ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ထို့နောက် Samantha အပေါ်ထပ်ကနေ စောင့်ကြည့်နေတာကို Melissa မှာလုံးဝမသိဘဲ သူမရဲ့ပိုက်ဆံအိတ်ကနေ ပိုက်ဆံတွေ ခိုးယူပြီးနောက်သူမရဲ့အတွင်းခံအင်္ကျီထဲ ဝှက်ထားလိုက်ပါတယ် ။ အဆိုပါအဖြစ်အပျက်တစ်ခုလုံးတွေရှိလိုက်တဲ့ Samantha ကတော့ သူငယ်ချင်းအရင်းခေါက်ခေါက်တစ်ယောက်က သူမဝင်ငွေအခက်အခဲဖြစ်နေပြီး သူမအပေါ်ယခုလိုလုပ်ရပ်တဲ့အတွက် အတော်လေးကို ဝမ်းနည်းပြီးငိုကြွေးခဲ့ပါတယ် ။ အဆိုပါနေ့ကတော့ Melissa ဟာ ဘားမှမဖြစ်သလိုသာဟန်ဆောင်ပြီးရှိနေခဲ့ပါတယ် ။

ယခုလိုမျိုးသူမပိုက်ဆံပျောက်နေခဲ့တာ ပြီးခဲ့တဲ့နှစ်ကတည်းကဆိုပေမဲ့လည်း သူမရိပ်မိပေမဲ့လည်း သူငယ်ချင်းကောင်းမဆုံးရှုံးချင်လို့ သူမသည်းခံနေခဲ့တာပါ ။ သို့ပေမဲ့လည်း ယခုချိန်မှာတော့ သူမ မသည်းခံနိုင်တော့ဘဲ သက်သေနှင့်တကွ ရဲစခန်းသို့တိုင်ကြားခဲ့ပါတော့တယ် ။ Melissa ဟာ အချိန်ပြည့်အလုပ်ဝင်နေသည့်သူဖြစ်တဲ့အပြင် ဝင်ငွေလည်းကောင်နေသူဖြစ်ပေမဲ့လည်း အမြဲလိုလိုအပြင်ထွက်လည် ၊ အဝတ်အစားဝယ်ပြီး သုံးဖြုန်းနေသူဖြစ်ပါတယ် ။ ယခုချိန်ကျမှ Melissa ဟာ သူမကို message များစွာပေးပို့ပြီး သူငယ်ချင်းအပေါ်မလုပ်သင့်မှန်းသိပေမဲ့လည်း စိတ်မထိန်းနိုင်ပဲ တစ်ကြိမ်ပြီးတစ်ကြိမ်ကျူ းလွန်ခဲ့မိတာဖြစ်ကြောင်း မျိုးစုံတောင်းပန်စကားများပြောဆိုခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ္ဒုကၡေရာက္ေနခ်ိန္မွာ ကိုယ့္ရဲ႕သူငယ္ခ်င္းအရင္းက ကိုယ္ဆီကေနေငြေတြခိုးယူေနတဲ့ video ေၾကာင့္ငိုခဲ့ရတဲ့ မိန္းကေလး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*