အမေရိကန် Nevada ပြည်နယ် Fernley မြို့မှ အသက် ၁၃ နှစ်အရွယ် William Preston အမည်ရှိကောင်လေးတစ်ဦးဟာ Krystal Preston အမည်ရှိမိခင်ဖြစ်သူအား ကားတစ်စီးဖြင့် အံ့အားသင့်စေခဲ့ပါတယ်။ Krystal Preston ဟာ သူမတို့ရဲ့မိသားစုလေးယောက်နှင့် ခွေးသုံးကောင်ကို တစ်ကိုယ်တည်းကြိုစားရုန်းကန်ကာ ထောက်ပံ့ပေးနေရသလို သွားရေးလာရေးနှင့် ကလေးများအား ဟိုဟိုဒီဒီသယ်ယူပို့ဆောင်ပေးဖို့က single mother ဖြစ်တဲ့ Krystal အတွက် ပိုခက်ခဲနေခဲ့ရပါတယ်။ William ဟာ YouTube ရှိ ကလေးတစ်ယောက်က သူ့အမေအား ကားအသစ်တစ်စီးဖြင့် စပရိုက်လုပ်ပေးခဲ့တဲ့ဗီဒီယိုတစ်ခုကြည့်ပြီးတဲ့နောက်မှာ သူလည်း သူ့အမေကို အလားတူကဲ့သို့ အံ့အားသင့်သွားအောင်ပြုလုပ်ပေးဖို့ဆုံးဖြတ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
.
ထို့နောက် William က ၁၉၉၉ ခုနှစ်ထုတ် Chevrolet Metro အဖြူရောင်ကားတစ်စီးကို ချိုသာတဲ့ဈေးနှုန်းဖြင့် Facebook မှာရောင်းရန် ကြေငြာထားတာကို မြင်ခဲ့ရပါတယ်။
ထို့ကြောင့် William ဟာ ကားပိုင်ရှင်အား ဆက်သွယ်ပြီး ထိုကားကိုဘာနှင့်လဲလှယ်နိုင်သလားလို့မေးလာခဲ့တဲ့အခါမှာ သူ့ဖက်က သူ့ရဲ့Xbox ဂိမ်းစက်ဖြင့် အရောင်းအ၀ယ်ကိုပြုလုပ်ခဲ့သလို လိုနေတဲ့တန်ဖိုးအတွက် အိမ်မှုကိစ္စများပါပြုလုပ်ပေးနိုင်တယ်လို့ ကားပိုင်ရှင်အား ကမ်းလှမ်းခဲ့ပါတယ်။ ကားပိုင်ရှင်က အစပိုင်းတော့ ချက်ချင်းသဘောမတူခဲ့ပေမဲ့ နောက်မှလက်ခံခဲ့ကြောင်း William က ဆိုပါတယ်။
ထိုကားကိုရနိုင်ဖို့အတွက် William ဟာ သူ့ရဲ့ Xbox ဂိမ်းစက်ကိုရောင်းရန် တွန့်ဆုတ်မနေခဲ့ပါဘူး။ ထို့နောက် William ဟာ ထိုကားကိုအိမ်သို့ယူလာပြီး Krystal ထံသို့တင်ပြတဲ့အခါမှာ Krystal ဟာ အတော်လေး အံအားသင့်သွားခဲ့ရပြီး သူမမှာ သားဖြစ်သူရဲ့စပရိုက်ကို ဖော်ပြပေးဖို့စကားလုံးများမရှိတော့အောင်ဖြစ်ခဲ့ရကြောင်း ဆိုခဲ့ပါတယ်။
.
” လူတိုင်းက သူတို့ရဲ့ဘ၀မှာကြမ်းတမ်းတဲ့ဖာထေးမှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ်၊ ဒါမဲ့ သူတို့ပတ်ဝန်းကျင်မှာ ကြင်နာတဲ့နှလုံးသားရှိတဲ့သူတစ်ယောက်ရှိနေသရွေ့ ဘယ်အခြေအနေမှာမဆို ကောင်းနိုင်တယ်၊ ကျွန်မသားအတွက် အရမ်းဂုဏ်ယူတယ်၊ သူက ဒီလောက်ကောင်းတဲ့ကလေးတစ်ယောက်ပါ ၊ ဒါမဲ့ ၁၃ နှစ်အရွယ်သားလေးက သူ့အမေကို ကားဝယ်ပေးတယ်တဲ့လား…William အမေ မင်းကိုချစ်တယ် ပြီးတော့ ကျေးဇူးလည်းတင်တယ် ၊မင်းမှာ ကြီးမားတဲ့နှလုံးသားရှိတယ် ၊ မင်းကို အမေချစ်တယ်” လို့ Krystal က သူမ postမှာ ရေးသားကာ သူမရဲ့သားလိမ္မာလေးအကြောင်းကို ဝမ်းသာဂုဏ်ယူစွာဖြင့် မျှဝေပေးခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "မိခင်ကို ကားတစ်စီးဝယ်ပေးချင်လွန်းလို့ ကားပိုင်ရှင်ကို ဂိမ်းစက်ပေးပြီး အိမ်မှုကိစ္စပါလုပ်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့တဲ့ ကောင်လေး"