ဂိမ္းကိုသာ အာရံုစိုက္ေနၿပီး ေၾကးခြၽတ္ေဆးကိုမွားယြင္းၿပီးေသာက္သံုးခဲ့မႈေၾကာင့္ ႐ႈမလွတဲ့အျဖစ္မ်ိဳးၾကံဳခဲ့ရတဲ့ အမ်ိဳးသား

ဒီတစ္ေခါက္မွာလည္း အိႏၵိယႏိုင္ငံက အသက္ 20 အရြယ္ေကာင္ေလးဟာ phone ႏွင့္ PUBG ဂိမ္းေဆာ့ကစားေနရာ ဂိမ္းကိုသာအာရံုစိုက္ေနၿပီး ေရေသာက္ရမည့္အစား ေၾကးခြၽတ္ေဆးရည္ကိုမွားယြင္းၿပီးေသာက္သံုးခဲ့မႈေၾကာင့္ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ Saurabh Yadav အမည္႐ွိတဲ့ အဆိုပါေကာင္ေလးဟာ သူ၏သူငယ္ခ်င္းျဖစ္သူ Santosh Sharma ႏွင့္အတူ Madhya Pradesh ကေန Agra ၿမိဳ႕သို႔ ရထားျဖင့္ခရီးထြက္လာခဲ့ပါတယ္ ။ ခရီးတစ္ေလ်ွာက္လံုးမွာ အဆိုပါေကာင္ေလးဟာ သူ၏ဖုန္းျဖင့္ PUBG ဂိမ္းကို ေဆာ့ကစားလာခဲ့ၿပီးေနာက္ အေတာ္ေလးကိုေရဆာလာခဲ့ပါတယ္ ။

ထို႔ေနာက္ သူ၏မ်က္လံုးဟာဖုန္း screen ကိုသာၾကည့္ေနခဲ့ၿပီး သူ၏သူငယ္ခ်င္းျဖစ္သူ လြယ္အိတ္ထဲကေန ေရဗူးဆြဲထုတ္လိုက္ပါတယ္ ။ သို႔ေပမဲ့လည္း ေရဗူးရဲ႕တံဆိပ္ကိုမၾကည့္မိလိုက္ဘဲ ေရ ဒါမွမဟုတ္ အခ်ိဳရည္လို႔သာ ေတြးထင္ၿပီး အဆိုပါဗူးကိုအားရပါးရ ဖြင့္ေသာက္ခဲ့ပါေတာ့တယ္ ။ မၾကာခင္မွာပဲ သူ၏ဝမ္းဗိုက္ဟာအေတာ္ေလးကိုနာက်င္လာခဲ့ၿပီး ပူေလာင္လာသလိုခံစားခဲ့ရၿပီးေနာက္ အဆိုပါေသာက္ခဲ့တဲ့ ဗူးကိုၾကည့္လိုက္ခ်ိန္ခါမွ ေၾကးခြၽတ္ေဆးျဖစ္မွန္းသတိထားမိခဲ့ပါတယ္ ။

ထို႔ေနာက္ သူ၏သူငယ္ခ်င္မ်ားက ရထားကိုရပ္ခိုင္းၿပီး အကူအညီေတာင္ဖို႔ႀကိဳးစားၾကေပမဲ့လည္း ရထားဟာ ဘူတာမေရာက္ရင္ရပ္လို႔မရတဲ့အတြက္ Agra ၿမိဳ႕သို႔ေရာက္တဲ့ခ်ိန္မွာေတာ့ Yadav ဟာ အဆိပ္သင့္ၿပီး အသက္ေသဆံုးသြားခဲ့ရပါတယ္ ။ ထို႔ေနာက္ ရဲအရာ႐ွိမ်ားက သူငယ္ခ်င္းျဖစ္သူ Sharma ကို မည္သည့္အတြက္ေၾကာင့္ ေၾကးခြၽတ္ေဆးဗူးကို သယ္သြားရတာလဲဆိုၿပီး စစ္ေဆးေမးျမန္းခ်ိန္မွာေတာ့ သူဟာလက္ဝတ္ရတနာေရာင္းဝယ္သူျဖစ္တဲ့အတြက္ ပစၥည္းမ်ားသန္႔စင္ဖို႔အဆိုပါဗူးကိုလိုအပ္ခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ယခုအခ်ိန္ထိ Yadav ရဲ့မိသားစုဝင္မ်ားဟာ Yadav ေသဆံုးခဲ့ရတာဟာ သူငယ္ခ်င္းျဖစ္သူ၏ ပေရာဂမကင္းဘူးဆိုၿပီးေတာ့သာ ယံုၾကည္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်မှာလည်း အိန္ဒိယနိုင်ငံက အသက် 20 အရွယ်ကောင်လေးဟာ phone နှင့် PUBG ဂိမ်းဆော့ကစားနေရာ ဂိမ်းကိုသာအာရုံစိုက်နေပြီး ရေသောက်ရမည့်အစား ကြေးချွတ်ဆေးရည်ကိုမှားယွင်းပြီးသောက်သုံးခဲ့မှုကြောင့် အသက်သေဆုံးသွားခဲ့ရပါတယ် ။ Saurabh Yadav အမည်ရှိတဲ့ အဆိုပါကောင်လေးဟာ သူ၏သူငယ်ချင်းဖြစ်သူ Santosh Sharma နှင့်အတူ Madhya Pradesh ကနေ Agra မြို့သို့ ရထားဖြင့်ခရီးထွက်လာခဲ့ပါတယ် ။ ခရီးတစ်လျှောက်လုံးမှာ အဆိုပါကောင်လေးဟာ သူ၏ဖုန်းဖြင့် PUBG ဂိမ်းကို ဆော့ကစားလာခဲ့ပြီးနောက် အတော်လေးကိုရေဆာလာခဲ့ပါတယ် ။

ထို့နောက် သူ၏မျက်လုံးဟာဖုန်း screen ကိုသာကြည့်နေခဲ့ပြီး သူ၏သူငယ်ချင်းဖြစ်သူ လွယ်အိတ်ထဲကနေ ရေဗူးဆွဲထုတ်လိုက်ပါတယ် ။ သို့ပေမဲ့လည်း ရေဗူးရဲ့တံဆိပ်ကိုမကြည့်မိလိုက်ဘဲ ရေ ဒါမှမဟုတ် အချိုရည်လို့သာ တွေးထင်ပြီး အဆိုပါဗူးကိုအားရပါးရ ဖွင့်သောက်ခဲ့ပါတော့တယ် ။ မကြာခင်မှာပဲ သူ၏ဝမ်းဗိုက်ဟာအတော်လေးကိုနာကျင်လာခဲ့ပြီး ပူလောင်လာသလိုခံစားခဲ့ရပြီးနောက် အဆိုပါသောက်ခဲ့တဲ့ ဗူးကိုကြည့်လိုက်ချိန်ခါမှ ကြေးချွတ်ဆေးဖြစ်မှန်းသတိထားမိခဲ့ပါတယ် ။

ထို့နောက် သူ၏သူငယ်ချင်များက ရထားကိုရပ်ခိုင်းပြီး အကူအညီတောင်ဖို့ကြိုးစားကြပေမဲ့လည်း ရထားဟာ ဘူတာမရောက်ရင်ရပ်လို့မရတဲ့အတွက် Agra မြို့သို့ရောက်တဲ့ချိန်မှာတော့ Yadav ဟာ အဆိပ်သင့်ပြီး အသက်သေဆုံးသွားခဲ့ရပါတယ် ။ ထို့နောက် ရဲအရာရှိများက သူငယ်ချင်းဖြစ်သူ Sharma ကို မည်သည့်အတွက်ကြောင့် ကြေးချွတ်ဆေးဗူးကို သယ်သွားရတာလဲဆိုပြီး စစ်ဆေးမေးမြန်းချိန်မှာတော့ သူဟာလက်ဝတ်ရတနာရောင်းဝယ်သူဖြစ်တဲ့အတွက် ပစ္စည်းများသန့်စင်ဖို့အဆိုပါဗူးကိုလိုအပ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ယခုအချိန်ထိ Yadav ရဲ့မိသားစုဝင်များဟာ Yadav သေဆုံးခဲ့ရတာဟာ သူငယ်ချင်းဖြစ်သူ၏ ပရောဂမကင်းဘူးဆိုပြီးတော့သာ ယုံကြည်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဂိမ္းကိုသာ အာရံုစိုက္ေနၿပီး ေၾကးခြၽတ္ေဆးကိုမွားယြင္းၿပီးေသာက္သံုးခဲ့မႈေၾကာင့္ ႐ႈမလွတဲ့အျဖစ္မ်ိဳးၾကံဳခဲ့ရတဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*