ေစာင့္ၾကည့္ေနတဲ့ CCTV ကို hack ၿပီးကေလးငယ္ကိုေျခာက္လန္႔ခဲ့တဲ့ Hacker (႐ုပ္သံ)

မိဘေတြကေတာ့ ကိုယ့္ကေလးငယ္အျမဲေဘးကင္ဖို႔အတြက္ ႀကိဳးစားၾကမွာပါပဲေလ ။ အထူးသျဖင့္ မိဘေတြအလုပ္ေရာက္ေနခ်ိန္မွာ သားသမီးေတြအႏၱရာယ္ကင္းေအာင္လို႔ CCTV ေတြနဲ႔ေစာင့္ၾကည့္ေနတာလည္း တစ္ခုအပါအဝင္ေပါ့ ။ သို႔ေပမဲ့လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းက US မွာ႐ွိတဲ့စံုတြဲဟာ သူတို႔ရဲ႕ 8ႏွစ္အရြယ္သမီးေလးကို CCTV နဲ႔ေစာင့္ၾကည့္ေနခဲ့တုန္း hacker တစ္ေယာက္က အဆိုပါCCTV ကို hack ပစ္ခဲ့လို႔ အေတာ္ေလးကိုအေႏွာင့္အယွက္ျဖစ္ခဲ့ရပါတယ္ ။

ကေလးငယ္ရဲ႕မိခင္ျဖစ္သူ Ashley LeMay ရဲ႕ေျပာျပခ်က္အရ သူမရဲ႕သမီးငယ္ေလးအဆင္ေျပရဲ႕လားဆိုတာသိရေအာင္လို႔ သူမအခ်ိန္ပိုအလုပ္ဆင္းေနခဲ့တဲ့ 4ရက္လံုးလံုး သမီးေလးကို CCTV နဲ႔ေစာင့္ၾကည့္ေနခဲ့ေပမဲ့ hacker တစ္ေယာက္ဟာ အဆိုပါ system ကို hack ပစ္ခဲ့ၿပီးေနာက္ ၊ သီခ်င္းသံေတြကိုဖြင့္လိုက္ပါတယ္ ။ ထို႔ေနာက္ ေနအိမ္မွာတစ္ေယာက္ထဲ႐ွိေနခဲ့တဲ့ သမီးေလးက ဘယ္သူသီခ်င္းဖြင့္လိုက္တာလဲဆိုၿပီး ေအာ္ေမးလိုက္ခ်ိန္မွာေတာ့ အဆိုပါကင္မရာရဲ႕ speaker ကေန အမ်ိဳးသားတစ္ေယာက္ရဲ႕အသံထြက္ေပၚလာပါတယ္ ။

အဆိုပါအမ်ိဳးသားက ” ငါက မင္းရဲ႕အခ်စ္ဆံုးသူငယ္ခ်င္း Santa Claus ေလ…ငါ့ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းမျဖစ္ခ်င္ဘူးလား ” ဆိုၿပီး ကေလးငယ္ကိုေမးျမန္ခဲ့ပါတယ္ ။ အဆိုပါ hacker အမ်ိဳးသားဟာ ကေလးငယ္ကိုဆက္ၿပီး အေႏွာင့္အယွက္ေပးေနခဲ့ၿပီးေနာက္ သူမရဲ႕အခန္းကိုပါဖ်က္ဆီးပစ္လိုက္ဖို႔ တြန္းအားေပးခဲ့ပါေသးတယ္ ။ ထို႔ေနာက္ ကံေကာင္းစြာျဖင့္ အခ်ိန္မလြန္ခင္မွာပဲ ကေလးငယ္ရဲ႕မိခင္ဟာ ကင္မရာကိုခ်က္ခ်င္းပဲ ပိတ္ပစ္နိုင္ခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ လူအမ်ားကိုသတိေပးလိုက္သလိုျဖစ္ေစခဲ့ၿပီး အင္တာနက္နဲ႔ဆက္သြယ္လိုက္တဲ့ ဘယ္အရာတိုင္းမဆို hacker ေတြ အလြယ္တကူတိုက္ခိုက္ႏိုင္တယ္ဆိုတာ သတိျပဳမိေစခဲ့လို႔ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘတွေကတော့ ကိုယ့်ကလေးငယ်အမြဲဘေးကင်ဖို့အတွက် ကြိုးစားကြမှာပါပဲလေ ။ အထူးသဖြင့် မိဘတွေအလုပ်ရောက်နေချိန်မှာ သားသမီးတွေအန္တရာယ်ကင်းအောင်လို့ CCTV တွေနဲ့စောင့်ကြည့်နေတာလည်း တစ်ခုအပါအဝင်ပေါ့ ။ သို့ပေမဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက US မှာရှိတဲ့စုံတွဲဟာ သူတို့ရဲ့ 8နှစ်အရွယ်သမီးလေးကို CCTV နဲ့စောင့်ကြည့်နေခဲ့တုန်း hacker တစ်ယောက်က အဆိုပါCCTV ကို hack ပစ်ခဲ့လို့ အတော်လေးကိုအနှောင့်အယှက်ဖြစ်ခဲ့ရပါတယ် ။

ကလေးငယ်ရဲ့မိခင်ဖြစ်သူ Ashley LeMay ရဲ့ပြောပြချက်အရ သူမရဲ့သမီးငယ်လေးအဆင်ပြေရဲ့လားဆိုတာသိရအောင်လို့ သူမအချိန်ပိုအလုပ်ဆင်းနေခဲ့တဲ့ 4ရက်လုံးလုံး သမီးလေးကို CCTV နဲ့စောင့်ကြည့်နေခဲ့ပေမဲ့ hacker တစ်ယောက်ဟာ အဆိုပါ system ကို hack ပစ်ခဲ့ပြီးနောက် ၊ သီချင်းသံတွေကိုဖွင့်လိုက်ပါတယ် ။ ထို့နောက် နေအိမ်မှာတစ်ယောက်ထဲရှိနေခဲ့တဲ့ သမီးလေးက ဘယ်သူသီချင်းဖွင့်လိုက်တာလဲဆိုပြီး အော်မေးလိုက်ချိန်မှာတော့ အဆိုပါကင်မရာရဲ့ speaker ကနေ အမျိုးသားတစ်ယောက်ရဲ့အသံထွက်ပေါ်လာပါတယ် ။

အဆိုပါအမျိုးသားက ” ငါက မင်းရဲ့အချစ်ဆုံးသူငယ်ချင်း Santa Claus လေ…ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းမဖြစ်ချင်ဘူးလား ” ဆိုပြီး ကလေးငယ်ကိုမေးမြန်ခဲ့ပါတယ် ။ အဆိုပါ hacker အမျိုးသားဟာ ကလေးငယ်ကိုဆက်ပြီး အနှောင့်အယှက်ပေးနေခဲ့ပြီးနောက် သူမရဲ့အခန်းကိုပါဖျက်ဆီးပစ်လိုက်ဖို့ တွန်းအားပေးခဲ့ပါသေးတယ် ။ ထို့နောက် ကံကောင်းစွာဖြင့် အချိန်မလွန်ခင်မှာပဲ ကလေးငယ်ရဲ့မိခင်ဟာ ကင်မရာကိုချက်ချင်းပဲ ပိတ်ပစ်နိုင်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ လူအများကိုသတိပေးလိုက်သလိုဖြစ်စေခဲ့ပြီး အင်တာနက်နဲ့ဆက်သွယ်လိုက်တဲ့ ဘယ်အရာတိုင်းမဆို hacker တွေ အလွယ်တကူတိုက်ခိုက်နိုင်တယ်ဆိုတာ သတိပြုမိစေခဲ့လို့ပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ေစာင့္ၾကည့္ေနတဲ့ CCTV ကို hack ၿပီးကေလးငယ္ကိုေျခာက္လန္႔ခဲ့တဲ့ Hacker (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*