Mia (Mckzone daily)
Reference : rachfeed
Unicode
ကူးစက်ရောဂါကာလအတွင်း လူသန်းပေါင်းများစွာဟာ ၎င်းတို့ရဲ့အလုပ်အကိုင်များကိုဆုံးရှုံးခဲ့ကြရပါတယ်။ သို့ပေမယ့်လည်း အိမ်ငှားခမပေးနိုင်တဲ့အတွက် အကြင်နာမဲ့တဲ့အိမ်ပိုင်ရှင်တွေကြောင့် ၎င်းတို့ရဲ့အိမ်တွေကိုဆုံးရှုံးကြရတဲ့ ထောင်နဲ့ချီတဲ့လူတွေလည်းရှိနေပါတယ်။ ဒါဟာ ကူးစက်ရောဂါရဲ့အကျိုးသက်ရောက်မှုကြီးတစ်ခုလည်းဖြစ်ပါတယ်။ Mang Joel အမည်ရှိအမျိုးသားနှင့်သူ့မိသားစုဟာ အိမ်ငှါးခမပေးနိုင်တာကြောင့် သုံးဘီးဆိုင်ကယ်ပေါ်၌သာ နေထိုင်ခဲ့ကြရပါတယ်။ အစိုးရက သုံးဘီးဆိုင်ကယ်ကိုမောင်းခွင့်မပေးတော့ အိမ်ဌားခကိုလဲ ပေးချေနိုင်ဖို့ အခြေအနေမရှိခဲ့ပါဘူး။
၎င်းတို့မိသားစုဟာ မနီလာမြို့ Divisoria ရပ်ကွက် Recto Ave. cor. Abad Santos လမ်းဘေးတစ်နေရာတွင် နေထိုင်ကြပါတယ်။ ၎င်းသုံးဘီးဆိုင်ကယ်က ၎င်းတို့မိသားစုအတွက် ဆန့်အောင်နေဖို့ သေးငယ်လွန်းပေမဲ့ Mang Joel နှင့်သူ၏ဇနီးတို့ဟာ ဒီလိုကာလကြီးမှာ ၎င်းကို ၎င်းတို့ရဲ့နေအိမ်ကိုအဖြစ်ပြုလုပ်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိနေပါဘူး။ အခြားသူများထံမှ ငွေနှင့်အစားအသောက်များကိုတောင်းရမ်းရန် မဖြစ်နိုင်တာကြောင့် Mang Joel ဟာ သူ၏မိသားစုအတွက် စားစရာ များ၀ယ်ယူနိုင်မဲ့ငွေအချို့ကိုရရှိရန် junkshops များသို့ရောင်းချနိုင်တဲ့ ကတ်ထူဖာများကိုသာ ရှာဖွေစုဆောင်းနေရပါတယ်။
ထို့နောက် ကံကောင်းစွာနဲ့ အင်တာနက်ရဲ့ကောင်းမှုဖြင့် ၎င်းတို့ရဲ့အခက်အခဲကိုသနားသောအနေနဲ့ အထူးသဖြင့် ၎င်းတို့မှာကလေးလည်းရှိနေတာကြောင့် အကူအညီပေးရန် netizen များက ၎င်းတို့အား ကမ်းလှမ်းခဲ့ကြပါတယ်။ လူတစ်ယောက်က ၎င်းတို့ကလေးအတွက် ပစ္စည်းများအပါအ၀င်မိသားစုအတွက် ကုန်ခြောက်တွေအများကြီးပို့ခဲ့ကြပါပြီး ၎င်းတို့မိသားစုထံတစ်ခုခုပို့ရန်မျှော်လင့်နေတဲ့သူများစွာလည်းရှိပါသေးတယ်။ လက်ရှိ ၎င်းတို့မှာစားစရာအလုံအလောက်ရှိနေပေမဲ့ အိမ်ကိုပြန်ဌားလို့ရတဲ့အခြေအနေထိတော့ မရောက်သေးပါဘူး။ လက်ရှိမှာ ၎င်းတို့မိသားစုက သုံးဘီးဆိုင်ကယ်ပေါ်၌သာနေနေရသေးပေမယ့် အနည်းဆုံးတော့ ၎င်းတို့ကစားဝတ်နေရေးအတွက် စိတ်ပူစရာမလိုတော့ပါဘူး။
Mia (Mckzone daily)
Be the first to comment on "အိမ်ဌားခမပေးနိုင်တော့လို့ သုံးဘီးဆိုင်ကယ်ပေါ်၌သာနေထိုင်နေရတဲ့ မိသားစု (ရုပ်သံ)"