TikTok ေဆာ့ကစားရင္း ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရတဲ့ေကာင္ေလးရဲ့အျဖစ္

TikTok ေဆာ့ကစားျခင္းဟာ လူငယ္ေတြအၾကားမွာေရပန္းစားေနၾကရံုတင္မက လူႀကီးေတြပါ ေဆာ့ကစားလာတဲ့အထိ အေတာ္ေလးကိုလူႀကိဳက္မ်ားေနပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အိႏၵိယႏိုင္ငံမွာေနထိုင္တဲ့ အသက္ 17 ႏွစ္အရြယ္ Pratik Wadekar အမည္႐ွိတဲ့ေကာင္ေလးဟာ June 12 ရက္ေန႔က သူ၏ေဆြမ်ိဳးေတာ္စပ္သူ ညီအစ္ကို 4ေယာက္ႏွင့္အတူ ဟိုတယ္တစ္ခုမွာ TikTok ေဆာ့ကစားခဲ့ၾကပါတယ္ ။ ထို႔ေနာက္ ၎တို႔အုပ္စုထဲမွ အစ္ကိုျဖစ္သူတစ္ေယာက္ယူေဆာင္လာခဲ့တဲ့ ႏိုင္ငံထုတ္ ပစၥတိုေသနတ္ျဖင့္ pose ေတြေပးၿပီး video ႐ိုက္ေနၾကစဥ္ အခန္႔မသင့္ေသနတ္ခလုတ္ဆြဲမိခဲ့လို႔ Pratik မွာ ေသနတ္ျဖင့္အပစ္ခံခဲ့ရပါတယ္ ။

ထို႔ေနာက္ Pratik ကိုေသဆံုးသြားၾကၿပီလို႔ ေတြးထင္ခဲ့ၾကၿပီး က်န္ 4ေယာက္မွာ အခန္းအျပင္သို႔အလ်င္အျမန္ေျပးထြက္ခဲ့ပါတယ္ ။ ေသနတ္သံေၾကာင့္ ဟိုတယ္ဝန္ထမ္းတစ္ဦးဟာ အဆိုပါေနရာသို႔ေရာက္႐ွိလာၿပီး ထြက္ေျပးတိမ္းေ႐ွာင္းသြားသူမ်ားကို တားခဲ့ေပမဲ့လည္း အဆိုပါေကာင္ေလးမ်ားကလြတ္ေျမာက္ႏိုင္ရန္အတြက္ ဟိုတယ္ဝန္ထမ္းကိုပါေသနတ္ျဖင့္ပစ္ခဲ့ၾကပါတယ္ ။

အဆိုပါေကာင္ေလး 4ေယာက္ထဲမွ 2ေယာက္ကို ရဲအရာ႐ွိမ်ားကဖမ္းဆီးရမိၿပီး လူသတ္မႈျဖင့္ဖမ္းဆီးစစ္ေဆးခဲ့ၾကပါတယ္ ။ က်န္ 2ေယာက္မွာေတာ့ ထြက္ေျပးတိမ္းေ႐ွာင္ေနၿပီး တစ္ဦးမွာေတာ့ အသက္အရြယ္မျပည့္ေသးသူ ကေလးတစ္ေယာက္သာျဖစ္ေနေသးေၾကာင္း သိ႐ွိရပါတယ္ ။ Pratik ကိုေတာ့ေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ၾကေပမဲ့လည္း ေဆးရံုသို႔ေရာက္႐ွိၿပီး မၾကာခင္မွာပဲ ေသဆံုးသြားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

TikTok ဆော့ကစားခြင်းဟာ လူငယ်တွေအကြားမှာရေပန်းစားနေကြရုံတင်မက လူကြီးတွေပါ ဆော့ကစားလာတဲ့အထိ အတော်လေးကိုလူကြိုက်များနေပါတယ် ။ ဒီတစ်ခေါက်မှာလည်း အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက် 17 နှစ်အရွယ် Pratik Wadekar အမည်ရှိတဲ့ကောင်လေးဟာ June 12 ရက်နေ့က သူ၏ဆွေမျိုးတော်စပ်သူ ညီအစ်ကို 4ယောက်နှင့်အတူ ဟိုတယ်တစ်ခုမှာ TikTok ဆော့ကစားခဲ့ကြပါတယ် ။ ထို့နောက် ၎င်းတို့အုပ်စုထဲမှ အစ်ကိုဖြစ်သူတစ်ယောက်ယူဆောင်လာခဲ့တဲ့ နိုင်ငံထုတ် ပစ္စတိုသေနတ်ဖြင့် pose တွေပေးပြီး video ရိုက်နေကြစဉ် အခန့်မသင့်သေနတ်ခလုတ်ဆွဲမိခဲ့လို့ Pratik မှာ သေနတ်ဖြင့်အပစ်ခံခဲ့ရပါတယ် ။

ထို့နောက် Pratik ကိုသေဆုံးသွားကြပြီလို့ တွေးထင်ခဲ့ကြပြီး ကျန် 4ယောက်မှာ အခန်းအပြင်သို့အလျင်အမြန်ပြေးထွက်ခဲ့ပါတယ် ။ သေနတ်သံကြောင့် ဟိုတယ်ဝန်ထမ်းတစ်ဦးဟာ အဆိုပါနေရာသို့ရောက်ရှိလာပြီး ထွက်ပြေးတိမ်းရှောင်းသွားသူများကို တားခဲ့ပေမဲ့လည်း အဆိုပါကောင်လေးများကလွတ်မြောက်နိုင်ရန်အတွက် ဟိုတယ်ဝန်ထမ်းကိုပါသေနတ်ဖြင့်ပစ်ခဲ့ကြပါတယ် ။

အဆိုပါကောင်လေး 4ယောက်ထဲမှ 2ယောက်ကို ရဲအရာရှိများကဖမ်းဆီးရမိပြီး လူသတ်မှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ကြပါတယ် ။ ကျန် 2ယောက်မှာတော့ ထွက်ပြေးတိမ်းရှောင်နေပြီး တစ်ဦးမှာတော့ အသက်အရွယ်မပြည့်သေးသူ ကလေးတစ်ယောက်သာဖြစ်နေသေးကြောင်း သိရှိရပါတယ် ။ Pratik ကိုတော့ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြပေမဲ့လည်း ဆေးရုံသို့ရောက်ရှိပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "TikTok ေဆာ့ကစားရင္း ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရတဲ့ေကာင္ေလးရဲ့အျဖစ္"

Leave a comment

Your email address will not be published.


*