Online Game ေဆာ့ကစားရင္း ေတြ႔ဆံုခဲ့တဲ့ ေကာင္ေလးနဲ႔ ခိုးရာလိုက္ေျပးခဲ့လို႔ ရဲဖမ္းခံလိုက္ရတဲ့ 12ႏွစ္အရြယ္ေကာင္မေလး (႐ုပ္သံ)

Romantic ဆန္လြန္းတဲ့အခ်စ္ေတြ ၊ အခ်စ္အတြက္စြန္႔စားရဲတာေတြဟာ ဆယ္ေက်ာ္သက္အရြယ္မိန္းကေလးေတြအခ်ိဳ႕ရဲ႕ အိမ္မက္လိုပါပဲ ။ သို႔ေပမဲ့လည္း အခ်စ္အတြက္နဲ႔ ခိုးရာလိုက္ေျပးတာကေတာ့ အေတာ္ေလးကိုမွားယြင္းလြန္းတဲ့ ဆံုးျဖတ္ခ်က္ပါပဲ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက Xiao Zhang အမည္႐ွိတဲ့ အသက္ 12 အရြယ္ေကာင္မေလးဟာ သူမရဲ႕ခ်စ္သူ အသက္ 15 ႏွစ္အရြယ္ Xiao Lei အမည္႐ွိတဲ့ေကာင္ေလးနဲ႔အတူေနထိုင္ႏိုင္ဖို႔ မိဘေတြနဲ႔စကားမ်ားရန္ျဖစ္ၿပီးေနာက္ အိမ္ကေနထြက္သြားကာ ခိုးရာလိုက္ေျပးခဲ့ပါေတာ့တယ္ ။

သူတို႔စံုတြဲရဲ႕ လ်ိွဳ႕ဝွက္အစီအစဥ္အတိုင္း Lei ဟာ Taiyuan ၿမိဳ႕မွာ႐ွိတဲ့ေနအိမ္ကေန Zhang ႐ွိရာ Dazhou ၿမိဳ႕သို႔ ရထားျဖင့္စီးလာၿပီး သူမကိုလာႀကိဳခဲ့ပါတယ္ ။ Zhang ရဲ႕ဖခင္ျဖစ္သူမွာလည္း သူ၏သမီးငယ္ေလးဟာ online ေပၚမွာေတြ႔ခဲ့တဲ့ ခ်စ္သူေကာင္ေလးေနာက္ ခိုးရာလိုက္ေျပးသြားတာကို သိ႐ိွၿပီးတာနဲ႔ခ်က္ခ်င္း မီးရထားဘူတာ႐ွိတာဝန္႐ွိသူ အရာ႐ွိမ်ားကိုခ်က္ခ်င္းအေၾကာင္းၾကားၿပီး တိုင္ၾကားခဲ့ပါေတာ့တယ္ ။ Video ထဲမွာေတာ့ ရထားေပၚလိုက္ပါစီးႏွင္းလာခဲ့တဲ့ အဆိုပါစံုတြဲကို တာဝန္႐ွိသူမ်ားကစစ္ေဆးေမးျမန္းခဲ့ခ်ိန္မွာေတာ့ အခ်င္းခ်င္း Online game ေဆာ့ရင္းေတြ႔ဆံုခဲ့ၾကတာျဖစ္ၿပီး လအနည္းငယ္သာၾကာျမင့္ေသးေၾကာင္း ႏွင့္ ထိုအခ်ိန္ကတည္းကတြဲခုတ္လာခဲ့ၾကတာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ၾကပါတယ္ ။

မိဘေတြနဲ႔ သေဘာထားကြဲလြဲၿပီးအျငင္းပြားၿပီးတဲ့ေနာက္ Zhang ဟာအိမ္မွာမေနခ်င္ေတာ့ဘဲ သူမရဲ႕ခ်စ္သူ႐ွိရာသို႔သြားေရာက္ၿပီး အတူေနထိုင္ဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္ ။ သူမအလုပ္ရတဲ့အခ်ိန္ခါက်မွ သူမရဲ႕အိမ္ကိုျပန္ဖို႔ဆံုးျဖတ္ခဲ့သူလည္း ျဖစ္ပါတယ္ ။ Lei မွာလည္း သူဟာတစ္လကို ဝင္ေငြ 1,800 yuan ႐ွာႏိုင္၍ သူမကိုေထာက္ပံ့ႏိုင္ေၾကာင္း ႏွင့္ ထို႔အျပင္အိမ္တစ္လံုးငွားရမ္းၿပီးေနာက္ Zhang ႏွင့္အတူ ေပ်ာ္ရႊင္ႏိုင္ဖို႔ ဂိမ္းအတူတူေဆာ့ႏိုင္တဲ့အိမ္မ်ိဳးဖန္တီးႏိုင္ဖို႔ အာမခံခ်က္႐ွိေၾကာင္း ေျပာဆိုခဲ့ပါေသးတယ္ ။ အဆင္မေျပတဲ့အဆံုး သူမကိုႏိုင္ငံျခားသို႔ေခၚသြားၿပီး ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္းလည္း ခ်စ္သူေကာင္ေလး Lei က ဇြဲမေလ်ာ့ဘဲ ေျပာဆိုခဲ့ပါေသးတယ္ ။ သို႔ေပမဲ့လည္း ေနာက္ဆံုးအရာ႐ွိမ်ားက အဆိုပါစံုတြဲကို သက္ဆိုင္ရာမိဘမ်ားဆီသို႔ ျပန္အပ္ႏွံေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Romantic ဆန်လွန်းတဲ့အချစ်တွေ ၊ အချစ်အတွက်စွန့်စားရဲတာတွေဟာ ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေအချို့ရဲ့ အိမ်မက်လိုပါပဲ ။ သို့ပေမဲ့လည်း အချစ်အတွက်နဲ့ ခိုးရာလိုက်ပြေးတာကတော့ အတော်လေးကိုမှားယွင်းလွန်းတဲ့ ဆုံးဖြတ်ချက်ပါပဲ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက Xiao Zhang အမည်ရှိတဲ့ အသက် 12 အရွယ်ကောင်မလေးဟာ သူမရဲ့ချစ်သူ အသက် 15 နှစ်အရွယ် Xiao Lei အမည်ရှိတဲ့ကောင်လေးနဲ့အတူနေထိုင်နိုင်ဖို့ မိဘတွေနဲ့စကားများရန်ဖြစ်ပြီးနောက် အိမ်ကနေထွက်သွားကာ ခိုးရာလိုက်ပြေးခဲ့ပါတော့တယ် ။

သူတို့စုံတွဲရဲ့ လျှို့ဝှက်အစီအစဉ်အတိုင်း Lei ဟာ Taiyuan မြို့မှာရှိတဲ့နေအိမ်ကနေ Zhang ရှိရာ Dazhou မြို့သို့ ရထားဖြင့်စီးလာပြီး သူမကိုလာကြိုခဲ့ပါတယ် ။ Zhang ရဲ့ဖခင်ဖြစ်သူမှာလည်း သူ၏သမီးငယ်လေးဟာ online ပေါ်မှာတွေ့ခဲ့တဲ့ ချစ်သူကောင်လေးနောက် ခိုးရာလိုက်ပြေးသွားတာကို သိရှိပြီးတာနဲ့ချက်ချင်း မီးရထားဘူတာရှိတာဝန်ရှိသူ အရာရှိများကိုချက်ချင်းအကြောင်းကြားပြီး တိုင်ကြားခဲ့ပါတော့တယ် ။ Video ထဲမှာတော့ ရထားပေါ်လိုက်ပါစီးနှင်းလာခဲ့တဲ့ အဆိုပါစုံတွဲကို တာဝန်ရှိသူများကစစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ အချင်းချင်း Online game ဆော့ရင်းတွေ့ဆုံခဲ့ကြတာဖြစ်ပြီး လအနည်းငယ်သာကြာမြင့်သေးကြောင်း နှင့် ထိုအချိန်ကတည်းကတွဲခုတ်လာခဲ့ကြတာဖြစ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ် ။

မိဘတွေနဲ့ သဘောထားကွဲလွဲပြီးအငြင်းပွားပြီးတဲ့နောက် Zhang ဟာအိမ်မှာမနေချင်တော့ဘဲ သူမရဲ့ချစ်သူရှိရာသို့သွားရောက်ပြီး အတူနေထိုင်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ် ။ သူမအလုပ်ရတဲ့အချိန်ခါကျမှ သူမရဲ့အိမ်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ် ။ Lei မှာလည်း သူဟာတစ်လကို ဝင်ငွေ 1,800 yuan ရှာနိုင်၍ သူမကိုထောက်ပံ့နိုင်ကြောင်း နှင့် ထို့အပြင်အိမ်တစ်လုံးငှားရမ်းပြီးနောက် Zhang နှင့်အတူ ပျော်ရွှင်နိုင်ဖို့ ဂိမ်းအတူတူဆော့နိုင်တဲ့အိမ်မျိုးဖန်တီးနိုင်ဖို့ အာမခံချက်ရှိကြောင်း ပြောဆိုခဲ့ပါသေးတယ် ။ အဆင်မပြေတဲ့အဆုံး သူမကိုနိုင်ငံခြားသို့ခေါ်သွားပြီး ထောက်ပံ့ပေးမည်ဖြစ်ကြောင်းလည်း ချစ်သူကောင်လေး Lei က ဇွဲမလျော့ဘဲ ပြောဆိုခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း နောက်ဆုံးအရာရှိများက အဆိုပါစုံတွဲကို သက်ဆိုင်ရာမိဘများဆီသို့ ပြန်အပ်နှံပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Online Game ေဆာ့ကစားရင္း ေတြ႔ဆံုခဲ့တဲ့ ေကာင္ေလးနဲ႔ ခိုးရာလိုက္ေျပးခဲ့လို႔ ရဲဖမ္းခံလိုက္ရတဲ့ 12ႏွစ္အရြယ္ေကာင္မေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*