ဝက်အူဟင်းနဲ့ခေါက်ဆွဲစားနေတုန်း ဝက်အူထဲကနေ ဝက်ချီးတွေထွက်လာလို့ ဆိုင်ရှင်ကိုပွဲကြမ်းပစ်ခဲ့တဲ့ အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဝက်သားဆိုတာက လူအများစုကြိုက်နှစ်သက်ကြတဲ့ဟင်းလျာတစ်မျိုးဖြစ်တဲ့အပြင် ဝက်သားအပြင် ဝက်သားတုတ်ထိုးတွေသာမက ဝက်ဦးနှောက်စတဲ့အထိ အကုန်စားကြတဲ့အပြင် အတော်အကြိုက်တွေ့ကြတဲ့ဟင်လျားတစ်မျိုးပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်အဖြစ်အပျက်ကြောင့် ဝက်သားစားဖို့ကိုတောင် စိတ်ကိုအတော်လေးပြင်ဆင်ထားရမဲ့ပုံပါပဲ ။ ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ ဝက်အူဟင်းနဲ့ခေါက်ဆွဲကို အားရပါးရစားသောက်နေတုန်း အဆိုပါဝက်အူဟာ အတော်လေးကိုဝါးစားရခက်နေလို့ ကြည့်လိုက်တဲ့အချိန်မှာတော့ ဝက်အူကိုသေချာမသန့်စင်ထားတဲ့အတွက် ဝက်အူထဲမှာဝက်ချီးတွေထွက်လာခဲ့လို့ပါ ။

ထို့ကြောင့် အဆိုပါအမျိုးသားဟာအတော်လေးကို ဒေါသထွက်ပြီး ဆိုင်မန်နေဂျာကိုခေါ်ပြီး မကျေနပ်ချက်တွေပြောဆိုခဲ့ပါတယ် ။ ဆိုင်ရဲ့မန်နေဂျာကလည်း ဆိုင်ဝန်ထမ်းများသေချာမဆေးကြောလို့ ယခုကဲ့သို့ဖြစ်ပျက်ခဲ့တာဖြစ်တဲ့အကြောင်းရှင်းပြပြီး အဆိုပါအမျိုးသားကို တောင်းပန်ခဲ့ပါတယ် ။ ထို့အပြင် လျော်ကြေးငွေအဖြစ် 500 yuan ( မြန်မာငွေ 1သိန်းကျော်) ပေးမည်ဖြစ်ကြောင်းလည်း ကမ်းလှမ်းခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားဟာ အလွန်ဒေါသထွက်နေပြီး ထိုငွေအမောင့်ကိုသူ့ဖက်ကပေးမည်ဖြစ်ကြောင်းနှင့် ယခုဝက်အူထဲမှဝက်ချီကိုဆိုင်ရှင်လာစားဖို့ပြောဆိုပြီး ပွဲကြမ်းခဲ့ပါတယ် ။

ထို့အပြင်အဆိုပါအမျိုးသားဟာ လျော်ကြေးငွေအဖြစ် 30,000 yuan တောင်ဆိုခဲ့ပါတော့တယ် ။ ထိုအချိန်မှာမှ ဆိုင်ရှင်ဟာ သူ၏စီးပွားရေးမှာအတော်ခက်ခဲ့နေပြီး Africa တွင်လည်းဝက်ရောဂါများဖြစ်နေ၍ ယခုချိန်ဝက်အကောင်ရေအတော်နည်းတဲ့အတွက် ဝက်သားတွေဟာဈေးကြီးလွန်သောကြောင့် အခက်အခဲများဖြစ်နေကြောင်းမျိုးစုံပြောပြပြီး တောင်းပန်ခဲ့တဲ့အပြင် ယခုတောင်းဆိုသောငွေအမောင့်မှာသူ၏စီးပွားရေးကိုဖျက်ဆီးပစ်နေကြောင်း ရှင်းပြပြီးတောင်းပန်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဝက်အူဟင်းနဲ့ခေါက်ဆွဲစားနေတုန်း ဝက်အူထဲကနေ ဝက်ချီးတွေထွက်လာလို့ ဆိုင်ရှင်ကိုပွဲကြမ်းပစ်ခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*