ဖိလစ္ပိုင္ႏိုင္ငံ၌ ၿပီးခဲ့တဲ့ႏွစ္ေတြက Taal မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြဟာ ၎တို႔ရဲ႕ေနအိမ္ေတြကိုစြန႔္ခြာၿပီး ေဘးကင္းရာဌာနေတြမွာ ေခတၱေနထိုင္ခဲ့ၾကရပါတယ္။ ေဒသခံမ်ား၏ေနအိမ္မ်ားႏွင့္ေကာက္ပဲသီးႏွံမ်ားက ျပာမ်ားျဖင့္ဖုံးလႊမ္းေနခဲ့တာေၾကာင့္ အလႉရွင္မ်ားကလည္း ၎တို႔ကိုအဝတ္အစားမ်ားပို႔ေပးၿပီးကူညီရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။ လႉဒါန္းေပးခဲ့တဲ့အဝတ္အစားအခ်ိဳ႕ဟာ ေဒသခံဒုကၡသည္မ်ားအတြက္ “ မသင့္ေတာ္” ဘူးလို႔ထင္ရေသာ္လည္း ေဒသခံမ်ားဟာ ၎အဝတ္အစားမ်ားအားလုံးကို လ်င္ျမန္စြာ လုယူခဲ့ၾကၿပီး ၎ႏွင့္အတူ ေပ်ာ္စရာအခ်ိဳ႕ကိုလည္း ဖန္တီးခဲ့ၾကပါတယ္။
အလႉရွင္မ်ားလႉဒါန္းေပးတဲ့အဝတ္အစားေတြထဲမွ မဂၤလာေဆာင္၀တ္စုံမ်ားအား၀တ္ဆင္ထားခဲ့တဲ့သူအမ်ားအျပားကို ရယ္ခ်င္စရာေကာင္းေအာင္ေတြ႕ျမင္ခဲ့ရပါတယ္။ ထို႔ျပင္ အျခားသူမ်ားကပုံမွန္မဟုတ္တဲ့ “လက္ေဆာင္အဝတ္အစားမ်ား” ႏွင့္ဖက္ရွင္က်က်ရႈိးထုတ္ေနစဥ္ အလႉရွင္မ်ားရဲ႕ oversized အဝတ္အစားမ်ားျဖင့္ ႏွစ္ေယာက္တြဲဝတ္ဆင္ခဲ့ၾကသူမ်ားလည္းရွိေနပါတယ္။ ထို႔ျပင္ အမ်ိဳးသားတစ္ေယာက္က အက်ဥ္းသား၀တ္စုံကိုပင္ ၀တ္ဆင္ထားတာေတာင္ကိုေတာင္ေတြ႕ႏိုင္ပါတယ္။ အမ်ိဳးသမီးအဝတ္အစားမ်ားကို၀တ္ဆင္ထားတဲ့အျခားေသာအမ်ိဳးသားမ်ားကလည္း ရယ္ခ်င္စရာေကာင္းေနခဲ့ပါတယ္။
ေဒသခံဒုကၡသည္မ်ားဟာ အလႉပစၥည္းမ်ားကို ၾကည့္ရင္း ေပ်ာ္႐ႊင္စြာ ဟာသလုပ္ခဲ့ၾကပါတယ္။ သို႔ေပမဲ့ ABS-CBN News ၏အဆိုအရ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈအဖြဲ႕ဟာ Taal မီးေတာင္မွအသက္ရွင္က်န္ရစ္သူမ်ားအတြက္သုံးႏိုင္တဲ့အဝတ္အစားမ်ားလႉဒါန္းျခင္းအား ဂုဏ္သိကၡာရွိစြာတုံ႔ျပန္ေပးရန္ တိုက္တြန္းခဲ့ၿပီး လႉဒါန္းေပးခဲ့တဲ့အဝတ္အစားအမ်ားစုက စုတ္ၿပဲၿပီး အသုံးမ၀င္တဲ့အထည္မ်ားလည္းပါဝင္ေၾကာင္း Bored Panda ကေဖာ္ျပခဲ့ပါေသးတယ္။ သို႔ေပမဲ့ အနည္းဆုံးေတာ့ လူေတြက ၎ဒုကၡသည္ေတြရဲ႕ဟာသဥာဏ္ကိုၾကည့္ၿပီး ရယ္ေမာခဲ့ၾကသလို ေဒသခံမ်ားကလည္း စိတ္ေက်နပ္ေနခဲ့ၾကရပါတယ္။
.
.
.
.
.
.
.
.
.
.
.
Mia (Mckzone daily)
Reference : says
Unicode
ဖိလစ်ပိုင်နိုင်ငံ၌ ပြီးခဲ့တဲ့နှစ်တွေက Taal မီးတောင်ပေါက်ကွဲမှုကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ၎င်းတို့ရဲ့နေအိမ်တွေကိုစွန့်ခွာပြီး ဘေးကင်းရာဌာနတွေမှာ ခေတ္တနေထိုင်ခဲ့ကြရပါတယ်။ ဒေသခံများ၏နေအိမ်များနှင့်ကောက်ပဲသီးနှံများက ပြာများဖြင့်ဖုံးလွှမ်းနေခဲ့တာကြောင့် အလှူရှင်များကလည်း ၎င်းတို့ကိုအဝတ်အစားများပို့ပေးပြီးကူညီရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ လှူဒါန်းပေးခဲ့တဲ့အဝတ်အစားအချို့ဟာ ဒေသခံဒုက္ခသည်များအတွက် “ မသင့်တော်” ဘူးလို့ထင်ရသော်လည်း ဒေသခံများဟာ ၎င်းအဝတ်အစားများအားလုံးကို လျင်မြန်စွာ လုယူခဲ့ကြပြီး ၎င်းနှင့်အတူ ပျော်စရာအချို့ကိုလည်း ဖန်တီးခဲ့ကြပါတယ်။
အလှူရှင်များလှူဒါန်းပေးတဲ့အဝတ်အစားတွေထဲမှ မင်္ဂလာဆောင်ဝတ်စုံများအားဝတ်ဆင်ထားခဲ့တဲ့သူအများအပြားကို ရယ်ချင်စရာကောင်းအောင်တွေ့မြင်ခဲ့ရပါတယ်။ ထို့ပြင် အခြားသူများကပုံမှန်မဟုတ်တဲ့ “လက်ဆောင်အဝတ်အစားများ” နှင့်ဖက်ရှင်ကျကျရှိုးထုတ်နေစဉ် အလှူရှင်များရဲ့ oversized အဝတ်အစားများဖြင့် နှစ်ယောက်တွဲဝတ်ဆင်ခဲ့ကြသူများလည်းရှိနေပါတယ်။ ထို့ပြင် အမျိုးသားတစ်ယောက်က အကျဉ်းသားဝတ်စုံကိုပင် ဝတ်ဆင်ထားတာတောင်ကိုတောင်တွေ့နိုင်ပါတယ်။ အမျိုးသမီးအဝတ်အစားများကိုဝတ်ဆင်ထားတဲ့အခြားသောအမျိုးသားများကလည်း ရယ်ချင်စရာကောင်းနေခဲ့ပါတယ်။
ဒေသခံဒုက္ခသည်များဟာ အလှူပစ္စည်းများကို ကြည့်ရင်း ပျော်ရွှင်စွာ ဟာသလုပ်ခဲ့ကြပါတယ်။ သို့ပေမဲ့ ABS-CBN News ၏အဆိုအရ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဟာ Taal မီးတောင်မှအသက်ရှင်ကျန်ရစ်သူများအတွက်သုံးနိုင်တဲ့အဝတ်အစားများလှူဒါန်းခြင်းအား ဂုဏ်သိက္ခာရှိစွာတုံ့ပြန်ပေးရန် တိုက်တွန်းခဲ့ပြီး လှူဒါန်းပေးခဲ့တဲ့အဝတ်အစားအများစုက စုတ်ပြဲပြီး အသုံးမဝင်တဲ့အထည်များလည်းပါဝင်ကြောင်း Bored Panda ကဖော်ပြခဲ့ပါသေးတယ်။ သို့ပေမဲ့ အနည်းဆုံးတော့ လူတွေက ၎င်းဒုက္ခသည်တွေရဲ့ဟာသဉာဏ်ကိုကြည့်ပြီး ရယ်မောခဲ့ကြသလို ဒေသခံများကလည်း စိတ်ကျေနပ်နေခဲ့ကြရပါတယ်။
Mia (Mckzone daily)
Be the first to comment on "လႉဒါန္းေပးခဲ့ၾကတဲ့ အဝတ္အစားမ်ားကိုသြားယူရင္းေပ်ာ္ရႊင္ခဲ့ရေပမဲ့ ဝတ္ၾကည့္ခဲ့ခ်ိန္မွာေတာ့ ရယ္စရာျဖစ္ေနခဲ့ၾကတဲ့ ေဒသခံဒုကၡသည္မ်ား"