သင်ဟာ ပိုင်ရှင်ရှိတဲ့သူဆိုရင်တော့ သင်နဲ့သင့်ရဲ့လက်တွဲဖော်တို့ တရားဝင်ချစ်သူဖြစ်သွားခဲ့တဲ့နေရာလေးကို သင်အတိအကျမှတ်မိပါသလား။ ဘာကြောင့်လဲဆိုတော့ ဒီအမျိုးသားက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ချစ်သူနဲ့တရားဝင်ရည်းစားဖြစ်ခဲ့တဲ့နေရာ၌သာ တစ်ဖန် သူမကိုလက်ထပ်ခွင့်တောင်းခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်မှာ 1 Utama Shopping Centre ရဲ့ Facebook page က 1 Utama ဈေးဝယ်စင်တာကုန်တိုက်ရဲ့ကားပါကင်မှာ လက်ထပ်ခွင့်တောင်းနေတဲ့ဈေးဝယ်သူအမျိုးသားတစ်ဦးရဲ့အောင်မြင်သွားတဲ့လက်ထပ်ခွင့်အဆိုကိုပြန်လည်မျှဝေပေးခဲ့ပါတယ်။
” Yang အမည်ရှိအမျိုးသားတစ်ဦးက သူတို့ရဲ့ထူးခြားတဲ့လက်ထပ်ခွင့်တောင်းမှုအတွက် သူ့ရဲ့လျှို့ဝှက်ကြံရာပါဖြစ်ပေးဖို့ ကျွန်တော်တို့ကိုတောင်းဆိုခဲ့ပါတယ်၊ ကျွန်တော်တို့ကလည်း သူ့တောင်းဆိုချက်ကြောင့် ရင်ထဲထိသွားခဲ့ကြတယ်၊ သူ့အိမ်မက်ထဲက သူ့ချစ်သူမိန်းကလေးကိုထာဝရချစ်နေဖို့ပါ ၊ ဒါကြောင့် သူ့ကိုကူညီဖို့ကျွန်တော်တို့လက်ခံသဘောတူပေးခဲ့တယ် ” လို့ 1 Utama Shopping Center က ထိုသို့ရေးသားခဲ့ပါတယ်။
Yang ရဲ့အချစ်ဇာတ်လမ်းက လွန်ခဲ့တဲ့ ၁၀ နှစ်က သူချစ်တဲ့အမျိုးသမီးတစ်ယောက်ကိုပထမဦးဆုံးကြိမ် Proton Saga မှာချိန်းတွေ့ခဲ့တာဖြစ်ပြီး 1 Utama Shopping Center ရဲ့ကားပါကင်သို့ရောက်တဲ့အခါ Yang က သူမရဲ့ချစ်သူဖြစ်ဖို့အဖြေတောင်းခဲ့တာပါ။
ထို့နောက်မှာ ၎င်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေက တစ်နေ့တစ်ခြားပိုပိုတိုးလာခဲ့ပြီး ၁၀ နှစ်အကြာမှာတော့ Yang ဟာ ၎င်းတို့ချစ်သူနှစ်ဦးအတွက် အဓိပ္ပါယ်အများကြီးရှိခဲ့တဲ့နေရာဖြစ်တဲ့ 1 Utama Shopping Center ရဲ့ကားပါကင်မှာ Yang နှင့်သူငယ်ချင်းများက ပူဖောင်းများ၊ ပန်းများ၊ အမှတ်တရ Polaroid ဓာတ်ပုံများနှင့်အခြားပြင်ဆင်စရာပစ္စည်းများ အားလုံးကို အပြည့်အစုံ တိတ်တခိုးစီစဉ်ခဲ့ကြပါတယ်။
တူညီတဲ့ကားပါကင်နေရာ၊ တူညီတဲ့ကားနှင့်တူညီတဲ့နေ့ရက်ကိုပဲရွေးချယ်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ Yang ဟာ သူမအားအံ့အားသင့်စေခဲ့ပြီး သူမနဲ့ရည်းစားစဖြစ်တဲ့နေရာတင်ဘဲ တစ်ဖန်လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
Yang ဟာ ချစ်သူကောင်မလေးကို အလယ်တန်းကျောင်းဘဝမှာတွေ့ဆုံခဲ့ပြီး လွန်ခဲ့တဲ့ ၁၀နှစ်ရှိ ၎င်းနေရာ၌မူလကားကမရှိတော့တာကြောင့် သူငယ်ချင်းဖြစ်သူရဲ့ကားကိုငှါးရမ်းထားခဲ့တာဖြစ်ကြောင်း နှင့် သူနှင့်သူမတို့ရဲ့စေ့စပ်ထားတဲ့ပထမဦးဆုံးဓာတ်ပုံကိုလည်းထည့်သွင်းရိုက်ကူးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။
ထိုပို့စ်ဟာ Like ၁,၄၀၀ ကျော်ဖြင့် ပျံ့နှံ့သွားခဲ့ပြီး Yang ရဲ့အဆိုပြုချက်က ၎င်းတို့ကိုမျက်ရည်ကျစေခဲ့တယ်လို့အင်တာနက်သုံးစွဲသူများစွာကဆိုခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : says
Be the first to comment on "လွန်ခဲ့တဲ့ ၁၀ နှစ်က ချစ်သူနဲ့တရားဝင်ရည်းစားဖြစ်ခဲ့တဲ့နေရာမှာဘဲ တစ်ဖန် သူမကိုပြန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား"