မူးယစ်ဆေးချထားတဲ့အပြင် ဓားကိုင်ပြီးလမ်းမပေါ်က အချက်ပြဆိုင်းဘတ်တွေပေါ်တက်ပြီးသောင်းကျန်နေတဲ့ အမျိုးသား(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာရှိတဲ့ လမ်းမကြီးတစ်နေရာမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး video ကိုတော့ SID အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က ဝေမျှခဲ့တာဖြစ်ပါတယ် ။ အဆိုပါအမျိုးသားဟာ ယခုကဲ့သို့သော မူးယစ်ဆေးသုံးစွဲပြီး လမ်းမကြီးပေါ်မှာ အကြိမ်များစွာသောင်းကျန်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက 3ကြိမ်ခန့်ကျူ းလွန်ခဲ့ကာ ဒီတစ်ခေါက်မှာတော့ ဓားကိုပါကိုင်ဆောင်ထားပြီး လမ်းပြဆိုင်းဘတ်တွေအပေါ်ကိုပါတက်ခဲ့တဲ့အပြင် ရဲအရာရှိတွေနဲ့မီးသတ်သမားတွေကိုပါ ကန်ကျောက်ပစ်ခဲ့တဲ့အထိပါ ပြုမှုခဲ့တာဖြစ်ပါတယ် ။

Video ထဲမှာတော့ အဆိုပါအမျိုးသားဟာ လမ်းပြဆိုင်းဘုတ်အပေါ်သို့ တက်နေခဲ့ပြီးနောက် အောက်ဖက်တွင်လည်းရဲအရာရှိများက အဆိုပါအမျိုးသားအားလှန်းဆွဲနေခဲ့ကာ အပေါ်ဖက်တွင်လည်း မီးသတ်သမားများက ၎င်းအမျိုးသားဆိုင်းဘတ်ပေါ်က ဆင်းသွားအောင်ဦးခေါင်တည့်တည့်သို့ ကန်ကျောက်ပစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားဟာ ချက်ချင်းမဆင်းတဲ့အပြင် သူ၏အောက်ဖက်မှာရှိတဲ့ ရဲအရာရှိတွေကို ကန်ကျောက်နေခဲ့ပြီး နောက်ဆုံးမခံနိုင်တော့မှ အောက်ဖက်သို့လွတ်ကျသွားခဲ့ရပါတယ် ။

အခြား video တစ်ခုမှာတော့ အဆိုပါအမျိုးသားဟာ ဓားကိုကိုင်ဆောင်ထားပြီး လမ်းမကြီးပေါ်မှာ သီချင်းဆိုကခုန်ရင်းလမ်းလျှောက်နေခဲ့ပါတယ် ။ ထို့အပြင် အဆိုပါအမျိုးသား၏ပုံစံမှာ လမ်းသွားလမ်းလာများကိုအတော်လေးအန္တရာယ်ဖြစ်စေခဲ့တဲ့ပေမဲ့လည်း နာကျင်မှုမျိုးမပေးဘဲ ဖမ်းဆီးခဲ့ကြတဲ့ မလေးရှားရဲတပ်ဖွဲနှင့် မီးသတ်သမားများကိုလူအများကချီးကျူ းခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မူးယစ်ဆေးချထားတဲ့အပြင် ဓားကိုင်ပြီးလမ်းမပေါ်က အချက်ပြဆိုင်းဘတ်တွေပေါ်တက်ပြီးသောင်းကျန်နေတဲ့ အမျိုးသား(ရုပ်သံ)"

Leave a comment

Your email address will not be published.


*