ခွေးတွေကို ကြိုးဝိုင်းထဲမှာသေတဲ့အထိအချင်းချင်းကိုက်ဖြတ်ခိုင်းပြီး ရှုံးပါကသတ်စားပစ်ခဲ့ကြတဲ့ လူအုပ်စုတွေရဲ့လုပ်ရပ်




Jasmine (Mckzone Daily)

Source:The Sun

Unicode

ဒီအဖြစ်အပျက်ကတော့ ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ကမှဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါလူအုပ်စုများဟာ ခွေလေးတွေကို ကြိုးဝိုင်းထဲမှာသေ သည်အထိအချင်းချင်းကိုက်ဖြတ်စေခဲ့ပြီးနောက် အဆိုပါရုပ်သံများကို online ပေါ်မှာဖြန့်ဝေပြီး ငွေရှာဖွေနေကြသူများဖြစ်ပါတယ် ။ ဓာတ်ပုံ နှင့် video ထဲမှာတော့ ခွေးလေးတွေဟာအတော်လေးကို ရက်ရက်စက်စက်နှိပ်စက်ခံထားရပြီး သွေးများစွာဖြင့်တကယ့် ငရဲကျနေသလိုပါဘဲ ။

ထို့နောက် ကြိုးဝိုင်းထဲမှာရှုံးနှိမ့်သွားခဲ့ကြတဲ့ခွေးများကို အဆိုပါလူအုပ်စုများက သတ်စားပစ်ခဲ့ကြတဲ့အပြင် ၊ အခြားအသက်ရှင်ကျန်ရှိနေသေးတဲ့ခွေးတွေရဲ့ အစာအဖြစ်ကျွေးမွေးခဲ့ပါတယ် ။ ထို့နောက် သတင်းရရှိသောရဲအရာရှိများက အဆိုပါနေရာသို့လာရောက်စစ်ဆေးခဲ့ချိန်မှာတော့ ဘရာဇီးနိုင်ငံသား 36 ဦးကိုဖမ်းမိခဲ့တဲ့အပြင် ၊ ခွဲစိတ်ဆရာဝန်တစ်ဦးပါဖမ်းမိခဲ့ပြီး ကျန် 5ဦးမျာတော့ အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

ခွေးလေးတွေ အချင်းချင်းကြိုးဝိုင်းထဲမှာ ကိုက်ဖြတ်နေကြတာကိုလည်း ရဲအရာရှိတစ်ဦးက ဝင်ရောက်ကယ်ဆယ်ပေးခဲ့ရပါတယ် ။ လှောင်အိမ်ထဲမှာ ဖမ်းဆီးပိတ်လှောင်ထားခဲ့တဲ့ Pit-bull အမျိုးအစား ခွေး 19 ကောင်ကိုကယ်ဆယ်ပေးနိုင်ခဲ့တဲ့အပြင် ၊ ခွေးပေါက်စလေးတွေကိုပါ ကယ်တင်ပေးနိုင်ခဲ့ပါတယ် ။ ထို့အပြင် အဆိုပါကိစ္စရပ်တွင် ပါဝင်ပြီး ပြစ်မှုကျူ းလွန်ခဲ့သူများကိုလည်း ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခွေးတွေကို ကြိုးဝိုင်းထဲမှာသေတဲ့အထိအချင်းချင်းကိုက်ဖြတ်ခိုင်းပြီး ရှုံးပါကသတ်စားပစ်ခဲ့ကြတဲ့ လူအုပ်စုတွေရဲ့လုပ်ရပ်"

Leave a comment

Your email address will not be published.


*