ခႏၶာကိုယ္ေပၚ စြပ္ျပဳပ္အိုးႀကီးေမွာက္က်သြားခဲ့လို႔ ဘဝတစ္ေလ်ွာက္လံုးဒုကၡေရာက္ခဲ့ရတဲ့ ကေလးငယ္ (႐ုပ္သံ)

Karina Iskalieva အမည္႐ွိတဲ့ အသက္ 6ႏွစ္အရြယ္ Kazakhstan ႏိုင္ငံ Aktau ၿမိဳ႕မွာေနထိုင္တဲ့ ကေလးမေလးဟာ သူမရဲ႕ခႏၶာကိုယ္ေပၚတည့္တည့္ စြပ္ျပဳပ္အိုးႀကီးေမွာက္ၾကသြားခဲ့လို႔ ခႏၶာကိုယ္ရဲ႕ 30 % ေလာက္ဟာ ေလာင္ကြၽမ္းသြားခဲ့ရပါတယ္ ။ ျဖစ္စဥ္ကေတာ့ သူမဟာ ကေလးထိန္းေက်ာင္းမွာေဆာ့ကစားေနရင္ မေတာ္တဆ အစားအေသာက္ခ်က္ျပဳတ္တဲ့အမ်ိဳးသမီးအနားသို႔လဲက်သြားခဲ့လို႔ အဆိုပါအမ်ိဳးသမီးမွာလည္း ကိုင္ထားေသာစြပ္ျပဳပ္အိုးႀကီးကို ကေလးငယ္တည့္တည့္လြတ္ခ်မိခဲ့ပါေတာ့တယ္ ။

ကေလးငယ္မွာ ခႏၶာကိုယ္အႏွံ႔ေရေႏြးပူေလာင္ကြၽမ္းလို႔ငိုယိုေနခဲ့ေပမဲ့လည္း အျခားေသာဆရာမမ်ားဟာ သတိမထားဘဲ ဂ႐ုမစိုက္ခဲ့ၾကပါဘူး ။ ထို႔ေနာက္အျခားေသာ ကေလးငယ္မ်ားမွာလည္း အဆိုပါေနရာသို႔စုအံုလာတဲ့အခ်ိန္က်မွ ဆရာမမ်ားဟာသတိထားမိခဲ့ပါတယ္ ။ ထို႔ေနာက္ ကေလးငယ္ကိုခ်က္ခ်င္းေဆးရံုသို႔မေခၚသြားဘဲ ၎တို႔၏ေက်ာင္းဖက္ကအျပစ္မ်ားေပၚေပါက္မွာဆိုးလို႔ ကေလးငယ္ကို ေဆာင္ျဖင့္သာလႊမ္းခ်ံဳ ေပးခဲ့ပါတယ္ ။ ထို႔သို႔ျပဳလုပ္ျခင္းဟာ အသားစမ်ားေဆာင္ကို ကပ္သြားေစတဲ့အတြက္ ကေလးကိုပိုၿပီးထိခိုက္ေစခဲ့ပါတယ္ ။ ထို႔ေနာက္ ကေလးငယ္၏မိဘမ်ားေက်ာင္းသို႔ေရာက္႐ွိလာခဲ့ခ်ိန္မွ ကေလးငယ္မွာ အဝတ္ဗလာျဖင့္ ခိုက္ခိုက္တုန္ေအာင္ ေအးခဲထားေစၿပီး ၊ ကေလးငယ္မွာေတာ့ နာက်င္လြန္းတဲ့ဒဏ္ေၾကာင့္ ေအာ္ငိုေနခဲ့တာကို မိဘမ်ားကေတြ႔႐ွိသြားခဲ့ပါတယ္ ။

ထို႔ေနာက္ မိဘမ်ားက ကေလးငယ္ကိုေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ၿပီး ေဆးကုသခဲ့ခ်ိန္မွ ကေလးငယ္၏မ်က္ႏွာ ၊ လည္ပင္ ၊ ပုခံုးႏွင့္ ေျခေထာက္ စတဲ့ ခႏၶာကိုယ္ရဲ႕ 30% ခန္႔ဟာ အပူေလာင္ကြၽမ္းခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို ပညာေရးဝန္ႀကီးဌာနက စစ္ေဆးခဲ့ၿပီး အဆိုပါကေလးထိန္းေက်ာင္းမွ ဆရာမမ်ား ၊ တာဝန္႐ွိသူမ်ား ႏွင့္ သူနာျပဳမ်ား ၊ ထမင္းခ်က္သမားမ်ား အားလံုးကို အလုပ္ျဖဳတ္ပစ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါအျဖစ္အပ်က္ၿပီးဆံုးၿပီး 9 လအၾကာမွာေတာ့ ကေလးငယ္ရဲ႕မိခင္ဟာ သူမရဲ႕သမီးဘဝ လံုးဝပ်က္စီးသြားေစခဲ့တဲ့အတြက္ အဆိုပါကေလးထိန္းေက်ာင္းမွဝန္ထမ္းမ်ား ႏွင့္ ပညာေရးဝန္ႀကီးဌာနက ဆံုးျဖတ္ခ်က္ႏွင့္ေဆာင္ရြက္ေပးပံုတို႔ကို လက္မခံႏိုင္ခဲ့တဲ့အတြက္ အကုန္လံုးကိုတရားစြဲခဲ့တဲ့အျပင္ ေလ်ာ္ေၾကးေငြအျဖစ္ £9,600 ေတာင္းခံခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source:The Sun

Unicode

Karina Iskalieva အမည်ရှိတဲ့ အသက် 6နှစ်အရွယ် Kazakhstan နိုင်ငံ Aktau မြို့မှာနေထိုင်တဲ့ ကလေးမလေးဟာ သူမရဲ့ခန္ဓာကိုယ်ပေါ်တည့်တည့် စွပ်ပြုပ်အိုးကြီးမှောက်ကြသွားခဲ့လို့ ခန္ဓာကိုယ်ရဲ့ 30 % လောက်ဟာ လောင်ကျွမ်းသွားခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ သူမဟာ ကလေးထိန်းကျောင်းမှာဆော့ကစားနေရင် မတော်တဆ အစားအသောက်ချက်ပြုတ်တဲ့အမျိုးသမီးအနားသို့လဲကျသွားခဲ့လို့ အဆိုပါအမျိုးသမီးမှာလည်း ကိုင်ထားသောစွပ်ပြုပ်အိုးကြီးကို ကလေးငယ်တည့်တည့်လွတ်ချမိခဲ့ပါတော့တယ် ။

ကလေးငယ်မှာ ခန္ဓာကိုယ်အနှံ့ရေနွေးပူလောင်ကျွမ်းလို့ငိုယိုနေခဲ့ပေမဲ့လည်း အခြားသောဆရာမများဟာ သတိမထားဘဲ ဂရုမစိုက်ခဲ့ကြပါဘူး ။ ထို့နောက်အခြားသော ကလေးငယ်များမှာလည်း အဆိုပါနေရာသို့စုအုံလာတဲ့အချိန်ကျမှ ဆရာမများဟာသတိထားမိခဲ့ပါတယ် ။ ထို့နောက် ကလေးငယ်ကိုချက်ချင်းဆေးရုံသို့မခေါ်သွားဘဲ ၎င်းတို့၏ကျောင်းဖက်ကအပြစ်များပေါ်ပေါက်မှာဆိုးလို့ ကလေးငယ်ကို ဆောင်ဖြင့်သာလွှမ်းချုံ ပေးခဲ့ပါတယ် ။ ထို့သို့ပြုလုပ်ခြင်းဟာ အသားစများဆောင်ကို ကပ်သွားစေတဲ့အတွက် ကလေးကိုပိုပြီးထိခိုက်စေခဲ့ပါတယ် ။ ထို့နောက် ကလေးငယ်၏မိဘများကျောင်းသို့ရောက်ရှိလာခဲ့ချိန်မှ ကလေးငယ်မှာ အဝတ်ဗလာဖြင့် ခိုက်ခိုက်တုန်အောင် အေးခဲထားစေပြီး ၊ ကလေးငယ်မှာတော့ နာကျင်လွန်းတဲ့ဒဏ်ကြောင့် အော်ငိုနေခဲ့တာကို မိဘများကတွေ့ရှိသွားခဲ့ပါတယ် ။

ထို့နောက် မိဘများက ကလေးငယ်ကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပြီး ဆေးကုသခဲ့ချိန်မှ ကလေးငယ်၏မျက်နှာ ၊ လည်ပင် ၊ ပုခုံးနှင့် ခြေထောက် စတဲ့ ခန္ဓာကိုယ်ရဲ့ 30% ခန့်ဟာ အပူလောင်ကျွမ်းခဲ့ရကြောင်း သိရှိရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို ပညာရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ပြီး အဆိုပါကလေးထိန်းကျောင်းမှ ဆရာမများ ၊ တာဝန်ရှိသူများ နှင့် သူနာပြုများ ၊ ထမင်းချက်သမားများ အားလုံးကို အလုပ်ဖြုတ်ပစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအဖြစ်အပျက်ပြီးဆုံးပြီး 9 လအကြာမှာတော့ ကလေးငယ်ရဲ့မိခင်ဟာ သူမရဲ့သမီးဘဝ လုံးဝပျက်စီးသွားစေခဲ့တဲ့အတွက် အဆိုပါကလေးထိန်းကျောင်းမှဝန်ထမ်းများ နှင့် ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ပေးပုံတို့ကို လက်မခံနိုင်ခဲ့တဲ့အတွက် အကုန်လုံးကိုတရားစွဲခဲ့တဲ့အပြင် လျော်ကြေးငွေအဖြစ် £9,600 တောင်းခံခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခႏၶာကိုယ္ေပၚ စြပ္ျပဳပ္အိုးႀကီးေမွာက္က်သြားခဲ့လို႔ ဘဝတစ္ေလ်ွာက္လံုးဒုကၡေရာက္ခဲ့ရတဲ့ ကေလးငယ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*