မိမိကိုအကြောင်းပြချက်မရှိဘဲ လက်ထပ်ဖို့ ငြင်းဆိုခဲ့တဲ့ရည်းစားဟောင်းကိုတရားပြန်စွဲပြီး အမှုအနိုင်ရခဲ့တဲ့အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ 2နှစ်က Ezrin အမည်ရှိတဲ့အမျိုးသားဟာ သူ၏ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ RM 30,000 ‘မြန်မာငွေ သိန်း 100 ကျော်ခန့်) အကုန်အကျခံပြီး မင်္ဂလာပွဲအတွက် အားလုံးပြင်ဆင်ပြီးခဲ့ပေမဲ့လည်း ကောင်မလေးဖက်က Ezrin ကိုအကြောင်းပြချက်မရှိပဲ လမ်းခွဲခဲ့ပါတယ် ။ ထို့ကြောင့် Ezrin ဟာချစ်သူဟောင်းကို တရားပြန်ဆွဲခဲ့ပြီး 2နှစ်အကြာမှာတော့ အမှုအနိုင်ရခဲ့ကြောင်း သူ့ရဲ့ Twitter ပေါ်မှာဝေမျှပေးခဲ့ပါတယ် ။ ထို့အပြင် Ezrin က ” 3နှစ်လောက် စိတ်ရှည်လက်ရှည် တရားမျှတမှုရှာဖွေရင်း ကျွန်တော့်ရဲ့ဂုဏ်သိက္ခာကို ပြန်ပြီးအဖက်ဆယ်ခဲ့ပြီးချိန်မှာတော့ တာဝန်ရှိသူတွေက အမှန်တရားဖက်မှာပဲ ရပ်တည်ပေးခဲ့ကြတယ် ။ ကျွန်တော့်ကိုထောက်ခံပေးတဲ့သူကော ၊ မထောက်ခံတဲ့သူတွေကော အားလုံးကိုကျေးဇူးတင်တယ် ” ဆိုပြီးတော့လည်း ရေးသားထားခဲ့ပါသေးတယ် ။

Ezrin ရဲ့ပြောဆိုချက်အရ ရည်းစားဟောင်းမှာ Ezrin ကိုလျော်ကြေးငွေ ပြန်ပေးရနိုင်ဖွယ်ရှိပြီး လူအများရဲ့ခန့်မှန်းချက်အရ Ezrin မင်္ဂလာပွဲအတွက် အသုံးပြုခဲ့တဲ့ငွေအမောင့်အတိုင်း ပြန်ပေးဆပ်နိုင်ဖွယ်ရှိကြောင်း အားလုံးကခန့်မှန်းထားကြပါတယ် ။ ထို့အပြင် ယခုအမှုကိုအနိုင်ရခဲ့ခြင်းမှာ ကောင်မလေးဖက်က Ezrin အားမည်သည့်အကြောင်းပြချက်ကြောင့် လက်ထပ်ဖို့ငြင်းဆိုခဲ့တာလဲဆိုတဲ့ တိကျတဲ့အဖြေမျိုးမပေးနိုင်ခဲ့လို့ဖြစ်ကြောင်း Ezrin ကပြောပြခဲ့ပါသေးတယ် ။

မည်သည့်အကြောင်းကိစ္စကြောင့် ကောင်မလေးဟာ သူတို့ရဲ့မင်္ဂလာပွဲအတွက် Ezrin ရဲ့ငွေကိုအမြောက်အမြား သုံးစွဲခဲ့ရတာလည်းဆိုတာမသိရှိရပေမဲ့လည်း ၊ Ezrin နဲ့လမ်းခွဲနိုင်ဖို့ ချစ်သူကောင်မလေးဟာ သူမရဲ့အလုပ်ရှင်သူဌေးနှင့်ချစ်ကြိုက်နေကြောင်း Ezrin ရဲ့အစ်မကို ဝန်ခံခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း အမှုစစ်ဆေးပြီးနောက်မှာတော့ သူမဟာအလုပ်ရှင်ကိုသတ်သတ်မဲ့ အပြစ်ပုံချခဲ့တာဖြစ်ကြောင်း ထွက်ပေါ်လာခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိမိကိုအကြောင်းပြချက်မရှိဘဲ လက်ထပ်ဖို့ ငြင်းဆိုခဲ့တဲ့ရည်းစားဟောင်းကိုတရားပြန်စွဲပြီး အမှုအနိုင်ရခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*