Facebook ပေါ်မှာ နှုတ်ဆက်စာတင်ခဲ့ပြီးနောက် တိုက်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ မိန်းကလေး(ရုပ်သံ)
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ December 16 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပြီး မိန်းမငယ်လေးတစ်ဦးဟာ မလေးရှားနိုင်ငံရှိ shopping mall တစ်ခုကနေ ခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲ့တာပါ ။ ဖြစ်စဉ်ကတော့ Khoo အမည်ရှိတဲ့ မိန်းကလေးဟာ စားသောက်ဆိုင်တစ်ခုမှာ လက်ထောက်တာဝန်ခံတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေလျက်ရှိပြီး သူမဟာအတိုချေးငွေသမား 3ဦးစီကနေ များစွာသောငွေပမာဏချေးယူခဲ့ပြီးမှာတော့ အတော်လေးဒုက္ခရောက်ခဲ့ရပါတယ် ။ ထို့ကြောင့် ပြီးခဲ့တဲ့ တစ်လအလိုလောက်က သူမဟာ လူမှုဖူလုံရေးဝန်ထမ်းတစ်ဦးဆီမှာ သူမရဲ့ပြသာနာကိုဖြေရှင်းပေးဖို့အတွက် အကူအညီတောင်းခံခဲ့ရပါတယ် ။
Peter အမည်ရှိတဲ့ လူမှုဖူလုံရေးဝန်ထမ်းအမျိုးသားမှာလည်း သူမအတွက်အဆိုပါအတိုးချေးငွေသမားများနှင့် ပြေလည်အောင်ဆွေးနွေးပေးခဲ့ပြီး သူမရဲ့မိခင်မှာလည်း သူမအတွက် ငွေကြေးအချို့ပေးပို့ခဲ့ပါသေးတယ် ။ Peter ရဲ့အကူအညီနဲ့ သူမဟာအကြွေးကို ပြီးခဲ့တဲ့အပတ်က အပြီးပေးချေနိုင်ခဲ့ပါတယ် ။ ထို့နောက် အခင်းမဖြစ်ပွားခင် တစ်ညအလိုမှာပဲ Peter ဟာ သူမကိုနောက်ထပ်အတိုးချေးငွေသမားများဆီ ငွေထပ်မံမချေဖို့ အကြံဉာဏ်ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း နောက်တစ်ရက်မှာပဲ Khoo ဟာ တိုက်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီးရင်သွားခဲ့ပါတယ် ။
သူမရဲ့ Facebook စာမျက်နှာမှာတော့ နှုတ်ဆက်စာတိုလေးတစ်ခု တင်ခဲ့ပါတယ် ။ ” သူငယ်ချင်း နဲ့ မိသားစုဝင်တွေအားလုံး ကျွန်မမရှိတော့ပါဘူး ။ ကျွန်မဘဝက အရှုံးသမားတစ်ယောက်ဖြစ်နေပါပြီ ။ ကျွန်မ အမှားတွေအများကြီးကျူ းလွန်ခဲ့ပြီး ၊ ကျွန်မကိုချစ်ပြီး ဂရုစိုက်တဲ့သူတွေကို နာကျင်စေခဲ့ပါတယ် ။ နင်တို့နဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတော့လို့ ဒီလိုနည်းနဲ့ ရှောင်ဖို့ဆုံးဖြတ်ခဲ့တာပါ ။ ပြီးခဲ့တဲ့ 26 နှစ်လုံးလုံး ကျွန်မရဲ့မိဘတွေကို ကောင်းမွန်တဲ့ဘဝမျိုး မပေးနေခဲ့ရဘူး ။ ကျွန်မက ပြသာနာတွေပဲဖန်တီးနေပြီး သူတို့က ကျွန်မရဲ့ပြသာနာတွေကို ကူညီပြီးဖြေရှင်းပေးနေရလို့ပါပဲ ။ ကျွန်မအခက်အခဲရောက်နေချိန် ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်း နဲ့ မိသားစုဝင် အကုန်လုံးကို ကျေးဇူးတင်ပါတယ် ။ နောက်ဘဝကျရင် လိမ္မာတဲ့ကလေးတစ်ယောက်အနေနဲ့ ပြန်မွေးဖွားချင်ပါတယ် ။ အားလုံးနှုတ်ဆက်ပါတယ် ။ မကြာခင်ပြန်တွေ့ကြမယ် ” ဆိုပြီးတော့ သူမရဲ့နောက်ဆုံးစာလေးကိုလည်း ရေးသားသွားခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "Facebook ပေါ်မှာ နှုတ်ဆက်စာတင်ခဲ့ပြီးနောက် တိုက်ပေါ်ကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့ မိန်းကလေး(ရုပ်သံ)"
Leave a comment
Your email address will not be published.
*