JRose (Mckzone daily)
Reference : redchili21
Unicode
ဘရာဇီးနိုင်ငံက ကလေးငယ်တစ်ဦးဟာ သူက မိသားစုထက်ပိုကျွေးနိုင်တဲ့ Mcdonald’s အစားအစာများကို မှာကြားခဲ့ခြင်းဖြင့် အကြွင်းမဲ့မိဘတွေကို ခေါင်းကိုက်စေခဲ့ပါတယ်။ ဒီမိခင်ကသူမရဲ့ Instagram မှာ like ၁၀၉K ကျော်ရရှိထားတဲ့ သူမသားက McDonald’s အစားအစာများကို စုစုပေါင်း RM315 ဝန်းကျင်ဖြင့်မှာယူခဲ့ပါတယ် ။ ဒေါသထွက်မယ့်အစား အမေက အဲဒါကိုဟာသတစ်ခုလိုလုပ်ပြီး ရယ်လိုက်ရုံပါဘဲ ။ သူမက ကောင်လေး oder မှာထားတဲ့ အစားအစာများကိုဘဲ ကြည့်နေရမယ်လို့ ပြောပါတယ် ။ ကောင်လေးက ပျော်ရွှင်စရာ အစာ ၆ ပွဲ၊ ပရိုမိုးရှင်း အစာ ၆ ပွဲ၊ milkshakes ၁၀ ခု၊ McSundaes ၈ လုံး၊ ဓာတ်သတ္တုရေ ၈ ခုနဲ့ အထူးကစားစရာ ၈ ခုတို့ကိုမှာကြားခဲ့ပါတယ် ။
ထိုအစားအစာများစွာကို မှာကြားပြီးတာတောင်မှ ကောင်လေးကသူလိုချင်တဲ့ ပန်းသီးမုန့် မပါခဲ့လို့ မကျေမနပ်ဖြစ်နေသေးပါတယ် ။ လူများစွာက ၎င်း post နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ထင်မြင်ချက်များကို မှတ်ချက်ပေးကြပါတယ် ။ လူတွေက ကောင်လေးဟာ သူ့အိမ်ထဲမှာ ပါတီပွဲလုပ်ချင်တာ ထင်ခဲ့မယ် လို့ ဆိုပါတယ် ။ အခြားမိဘတွေက ၎င်းတို့ရဲ့ ဖုန်းကို သော့ခတ်ရန် အကြံပေးကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "မိခင်ရဲ့ဖုန်းကို ဆော့ကစားခဲ့ပြီး ဒေါ်လာ ၃၀၀ တန် McDonalds ရဲ့အစားအစာကို order မှာယူခဲ့တဲ့ ကောင်လေးကြောင့် မိဘများခေါင်းရှုပ်ခဲ့ရ"