အိမ္ျပန္ေနာက္က်လို႔ဆိုၿပီး ကေလးငယ္ကို ရက္ရက္စက္စက္အျပစ္ေပးႏွိပ္စက္ခဲ့တဲ့ ပေထြးရဲ႕လုပ္ရပ္

ကိုယ္ေတြငယ္ငယ္တုန္းကလည္း မိဘေတြစကားနားမေထာင္ဘူး ၊ မလိုက္နာဘူးဆိုရင္ တုတ္နဲ႔႐ိုက္ၿပီးအျပစ္ေပးတာတို႔ ၊ TV ၾကည့္ခြင့္ပိတ္တာတို႔ စတဲ့ပံုစံမ်ိဳးနဲ႔ပဲ အျပစ္ေပးျခင္းခံခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ေခတ္ကာလေျပာင္းလဲလာလို႔ ကေလးငယ္ေတြကိုအျပစ္ေပးတဲ့ပံုစံ မတူညီေတာ့ဘူးဆိုရေပမဲ့လည္း ဒီတစ္ေခါက္ျဖစ္ရပ္ကေတာ့ ေတာ္ေတာ္ေလးဆိုးလြန္းတယ္လို႔ေျပာရမွာပါပဲ ။ ျဖစ္စဥ္ကေတာ့ 8ႏွစ္အရြယ္ေကာင္ေလးဟာ အိမ္ျပန္ေနာက္က်လို္ဆိုၿပီး ၊ သာမန္ကေလးငယ္ေတြျဖစ္ေနၾကပံုစံျဖစ္ေပမဲ့လည္း ကေလးငယ္ဟာ ပန္းဂ်ံဳမ်ိဳးေစ့အေပၚမွာ 9နာရီခန္႔တိတိ ဒူးေထာက္အျပစ္ေပးျခင္းမ်ိဳး ခံခဲ့ရပါတယ္ ။

ပံုထဲမွာ ေတြ႔ျမင္ရတဲ့အတိုင္းပါပဲ ပန္ဂ်ံဳအေစ့ေလးေတြရဲ႕ ခြၽန္ထပ္ေနတဲ့အပိုင္းေတြဟာ ၎အေပၚ 9ခန္႔ ဒူးေထာက္ထားမယ္ဆိုရင္ေတာ့ အသားထဲကိုစိုက္ဝင္ႏိုင္ေလာက္တဲ့အထိ နာက်င္လြန္းလွပါတယ္ ။ သို႔ေပမဲ့လည္း ကေလးငယ္ရဲ႕ပေထြးျဖစ္သူကို ကေလးငယ္ရဲ႕ဆံပင္ကိုေစာင့္ဆြဲၿပီး အျပစ္ေပးဖို႔လုပ္ေနခဲ့တာကို ကေလးငယ္ရဲ႕မိခင္ျဖစ္သူမွာလည္း သေဘာတူလက္ခံခဲ့ပါတယ္ ။ သတင္းအရ ကေလးငယ္ဟာနာက်င္လြန္းလို႔ ေအာ္ငိုခဲ့တဲ့အတြက္ ပေထြးျဖစ္သူက ကန္ေက်ာက္ခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။.အျပစ္ေပးတဲ့အေနနဲ႔ အဆိုပါမိဘမ်ားဟာ ကေလးငယ္ကို 4ရက္ခန္႔ အစာအငတ္ခံထားခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါအျပစ္ေပးတဲ့ပံုစံကို ပေထြးျဖစ္သူက သူ၏ဖုန္းျဖင့္ video မွတ္တမ္းရယူခဲ့ပါေသးတယ္ ။

သို႔ေပမဲ့လည္း ကေလးငယ္ဟာထြက္ေျပးၿပီး အိမ္နီးခ်င္အမ်ိဳးသမီးကို အကူအညီသြားေတာင္းခဲ့လို႔ လြတ္ေျမာက္ခဲ့ရပါတယ္ ။ အဆိုပါအိမ္နီးခ်င္းအမ်ိဳးသမီးကပဲ ကေလးငယ္ကိုေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ေပးခဲ့ရပါတယ္ ။ ဒူးေခါင္းတြင္ စိုက္ဝင္ေနခဲ့တဲ့ ပန္းဂ်ံဳမ်ိဳးေစ့ကို ဖယ္ထုတ္ေပးႏိုင္ဖို႔ ကေလးငယ္ဟာ ထံုေဆးထိုးၿပီး အဆိုပါ ဒဏ္ရာေနရာ႐ွိအေရျပားကို ဖယ္ထုတ္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ကေလးငယ္၏မိဘမ်ားကိုေတာ့ ႐ု႐ွားႏိုင္ငံရဲ႕အစိုးရက ကေလးငယ္ကိုႏွိပ္စက္မႈ ၊ ကေလးငယ္ရဲ႕က်န္းမာေရးကို ထိခိုက္ေစမႈ ႏွင့္ ေကာင္းမြန္စြာ ပညာသင္ၾကားေပးျခင္းမ်ိဳးမ႐ွိျခင္းတို႔ေၾကာင့္ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္ေခ်႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ်တွေငယ်ငယ်တုန်းကလည်း မိဘတွေစကားနားမထောင်ဘူး ၊ မလိုက်နာဘူးဆိုရင် တုတ်နဲ့ရိုက်ပြီးအပြစ်ပေးတာတို့ ၊ TV ကြည့်ခွင့်ပိတ်တာတို့ စတဲ့ပုံစံမျိုးနဲ့ပဲ အပြစ်ပေးခြင်းခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ခေတ်ကာလပြောင်းလဲလာလို့ ကလေးငယ်တွေကိုအပြစ်ပေးတဲ့ပုံစံ မတူညီတော့ဘူးဆိုရပေမဲ့လည်း ဒီတစ်ခေါက်ဖြစ်ရပ်ကတော့ တော်တော်လေးဆိုးလွန်းတယ်လို့ပြောရမှာပါပဲ ။ ဖြစ်စဉ်ကတော့ 8နှစ်အရွယ်ကောင်လေးဟာ အိမ်ပြန်နောက်ကျလိုဆိုပြီး ၊ သာမန်ကလေးငယ်တွေဖြစ်နေကြပုံစံဖြစ်ပေမဲ့လည်း ကလေးငယ်ဟာ ပန်းဂျုံမျိုးစေ့အပေါ်မှာ 9နာရီခန့်တိတိ ဒူးထောက်အပြစ်ပေးခြင်းမျိုး ခံခဲ့ရပါတယ် ။

ပုံထဲမှာ တွေ့မြင်ရတဲ့အတိုင်းပါပဲ ပန်ဂျုံအစေ့လေးတွေရဲ့ ချွန်ထပ်နေတဲ့အပိုင်းတွေဟာ ၎င်းအပေါ် 9ခန့် ဒူးထောက်ထားမယ်ဆိုရင်တော့ အသားထဲကိုစိုက်ဝင်နိုင်လောက်တဲ့အထိ နာကျင်လွန်းလှပါတယ် ။ သို့ပေမဲ့လည်း ကလေးငယ်ရဲ့ပထွေးဖြစ်သူကို ကလေးငယ်ရဲ့ဆံပင်ကိုစောင့်ဆွဲပြီး အပြစ်ပေးဖို့လုပ်နေခဲ့တာကို ကလေးငယ်ရဲ့မိခင်ဖြစ်သူမှာလည်း သဘောတူလက်ခံခဲ့ပါတယ် ။ သတင်းအရ ကလေးငယ်ဟာနာကျင်လွန်းလို့ အော်ငိုခဲ့တဲ့အတွက် ပထွေးဖြစ်သူက ကန်ကျောက်ခဲ့သေးကြောင်း သိရှိရပါတယ် ။.အပြစ်ပေးတဲ့အနေနဲ့ အဆိုပါမိဘများဟာ ကလေးငယ်ကို 4ရက်ခန့် အစာအငတ်ခံထားခဲ့သေးကြောင်း သိရှိရပါတယ် ။ အဆိုပါအပြစ်ပေးတဲ့ပုံစံကို ပထွေးဖြစ်သူက သူ၏ဖုန်းဖြင့် video မှတ်တမ်းရယူခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း ကလေးငယ်ဟာထွက်ပြေးပြီး အိမ်နီးချင်အမျိုးသမီးကို အကူအညီသွားတောင်းခဲ့လို့ လွတ်မြောက်ခဲ့ရပါတယ် ။ အဆိုပါအိမ်နီးချင်းအမျိုးသမီးကပဲ ကလေးငယ်ကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ရပါတယ် ။ ဒူးခေါင်းတွင် စိုက်ဝင်နေခဲ့တဲ့ ပန်းဂျုံမျိုးစေ့ကို ဖယ်ထုတ်ပေးနိုင်ဖို့ ကလေးငယ်ဟာ ထုံဆေးထိုးပြီး အဆိုပါ ဒဏ်ရာနေရာရှိအရေပြားကို ဖယ်ထုတ်ခဲ့ရကြောင်း သိရှိရပါတယ် ။ ထို့အပြင် ကလေးငယ်၏မိဘများကိုတော့ ရုရှားနိုင်ငံရဲ့အစိုးရက ကလေးငယ်ကိုနှိပ်စက်မှု ၊ ကလေးငယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေမှု နှင့် ကောင်းမွန်စွာ ပညာသင်ကြားပေးခြင်းမျိုးမရှိခြင်းတို့ကြောင့် ထောင်ဒဏ်ချမှတ်ခံရနိုင်ချေရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ္ျပန္ေနာက္က်လို႔ဆိုၿပီး ကေလးငယ္ကို ရက္ရက္စက္စက္အျပစ္ေပးႏွိပ္စက္ခဲ့တဲ့ ပေထြးရဲ႕လုပ္ရပ္"

Leave a comment

Your email address will not be published.


*