ဓာတ္ေလွကားေပၚက ခလုတ္ေတြကို မစင္ နဲ႔ေပက်ံေအာင္သုတ္လိမ္းထားခဲ့တဲ့ လူမဆန္လြန္းတဲ့ လုပ္ရပ္

ဒီအျဖစ္ကေတာ့ ၿပီးခဲ့တဲ့ December 18 ရက္ေန႔တုန္းက မေလး႐ွားႏိုင္ငံ Petaling aya ၿမိဳ႕မွာ႐ွိတဲ့ တိုက္ခန္းအေဆာက္အအံုတစ္ခုမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါတိုက္ခန္းအေဆာက္အအံုမွာေနထိုင္ၾကသူမ်ားက မနက္ 8 နာရီအခ်ိန္ခန္႔မွာ အဆိုပါဓာတ္ေလွကားအနားမွ အေတာ္ေလးကိုဆိုးဝါးတဲ့အနံ႔ရ႐ွိခဲ့လို႔ ဓာတ္ေလွကားအနားက အမႈိက္ပံုနားက အနံ႔လို႔ထင္ခဲ့ေပမဲ့လည္း ေနာက္မွေသခ်ာၾကည့္လိုက္တဲ့အခ်ိန္မွာမွ ဓာတ္ေလွကားအေပၚမွ လက္ျဖင့္ႏွိပ္ရတဲ့ခလုတ္မ်ားကို မစင္ ေတြနဲ႔အကုန္ပြတ္ၿပီးေပက်ံေအာင္ သုတ္လိမ္းထားတာကို စက္ဆုပ္ရြံ႐ွာဖြယ္ေကာင္းလြန္းလွေအာင္ ေတြ႔႐ွိခဲ့ရပါတယ္ ။

အဆိုပါတိုက္ခန္းမွာေနထိုင္သူတစ္ဦးက ” ကြၽန္ေတာ္ အေတာ္ေလးစိတ္တိုခဲ့တယ္ ၊ တစ္စံုတစ္ေယာက္က လူအမ်ားအသံုးျပဳေနတဲ့ ဓာတ္ေလွကားရဲ႕ခလုတ္အေပၚ အဲ့လို မစင္ ေတြနဲ႔သုတ္လိမ္းထားမယ္လို႔ မထင္ထားမိဘူး ၊ အရင္ကလည္း တစ္ခါးမွမျဖစ္ဖူးဘူး ၊ ပံုမွန္ဆိုရင္ေတာ့ လူရမ္းကားေတြ ၊ လက္သရမ္းတဲ့သူေတြက ဓာတ္ေလွကားထဲက ဝိုင္ယာႀကိဳးေတြကိုသာခိုးျဖဳတ္တတ္လို႔ပါပဲ ” ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

ထို႔အျပင္ တိုက္ခန္းေတြမွာေနထိုင္သူအမ်ားစုက အမ်ားသံုျပည္သူပိုင္ပစၥည္းမ်ားကို ဖ်က္ဆီးေနၾကတဲ့လူရမ္းကားမ်ားဟာ ဓာတ္ေလွကားမ်ားကိုသာအဓိကပစ္မွတ္ထားၿပီး ဖ်က္ဆီးေနၾကလို႔ ဓာတ္ေလွကာလံုျခံဳစိတ္ခ်ရေအာင္ အစိုးရသို႔တိုင္ၾကားမႈမ်ားျပဳလုပ္ခဲ့ၾကေပမဲ့လည္း ဒီတစ္ေခါက္အျဖစ္အပ်က္မွာ ထင္ထားတာထက္ဆိုးရြားလြန္းေနတဲ့အတြက္ အေတာ္ေလးကို စိတ္ဆိုးေဒါသထြက္ၾကပါေသးတယ္ ။ ထို႔ေၾကာင့္ ရဲအရာ႐ွိမ်ားက သံသယျဖစ္ဖြယ္ေကာင္းေသာသူမ်ား ဒါမွမဟုတ္ လူရမ္းကားမ်ားကို ေတြ႔႐ွိပါက ရဲဌာနသို႔ခ်က္ခ်င္းတိုင္ၾကားေပးၾကဖို႔ အမိန္႔ထုတ္ျပန္ခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်ကတော့ ပြီးခဲ့တဲ့ December 18 ရက်နေ့တုန်းက မလေးရှားနိုင်ငံ Petaling aya မြို့မှာရှိတဲ့ တိုက်ခန်းအဆောက်အအုံတစ်ခုမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါတိုက်ခန်းအဆောက်အအုံမှာနေထိုင်ကြသူများက မနက် 8 နာရီအချိန်ခန့်မှာ အဆိုပါဓာတ်လှေကားအနားမှ အတော်လေးကိုဆိုးဝါးတဲ့အနံ့ရရှိခဲ့လို့ ဓာတ်လှေကားအနားက အမှိုက်ပုံနားက အနံ့လို့ထင်ခဲ့ပေမဲ့လည်း နောက်မှသေချာကြည့်လိုက်တဲ့အချိန်မှာမှ ဓာတ်လှေကားအပေါ်မှ လက်ဖြင့်နှိပ်ရတဲ့ခလုတ်များကို မစင် တွေနဲ့အကုန်ပွတ်ပြီးပေကျံအောင် သုတ်လိမ်းထားတာကို စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းလှအောင် တွေ့ရှိခဲ့ရပါတယ် ။

အဆိုပါတိုက်ခန်းမှာနေထိုင်သူတစ်ဦးက ” ကျွန်တော် အတော်လေးစိတ်တိုခဲ့တယ် ၊ တစ်စုံတစ်ယောက်က လူအများအသုံးပြုနေတဲ့ ဓာတ်လှေကားရဲ့ခလုတ်အပေါ် အဲ့လို မစင် တွေနဲ့သုတ်လိမ်းထားမယ်လို့ မထင်ထားမိဘူး ၊ အရင်ကလည်း တစ်ခါးမှမဖြစ်ဖူးဘူး ၊ ပုံမှန်ဆိုရင်တော့ လူရမ်းကားတွေ ၊ လက်သရမ်းတဲ့သူတွေက ဓာတ်လှေကားထဲက ဝိုင်ယာကြိုးတွေကိုသာခိုးဖြုတ်တတ်လို့ပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

ထို့အပြင် တိုက်ခန်းတွေမှာနေထိုင်သူအများစုက အများသုံပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေကြတဲ့လူရမ်းကားများဟာ ဓာတ်လှေကားများကိုသာအဓိကပစ်မှတ်ထားပြီး ဖျက်ဆီးနေကြလို့ ဓာတ်လှေကာလုံခြုံစိတ်ချရအောင် အစိုးရသို့တိုင်ကြားမှုများပြုလုပ်ခဲ့ကြပေမဲ့လည်း ဒီတစ်ခေါက်အဖြစ်အပျက်မှာ ထင်ထားတာထက်ဆိုးရွားလွန်းနေတဲ့အတွက် အတော်လေးကို စိတ်ဆိုးဒေါသထွက်ကြပါသေးတယ် ။ ထို့ကြောင့် ရဲအရာရှိများက သံသယဖြစ်ဖွယ်ကောင်းသောသူများ ဒါမှမဟုတ် လူရမ်းကားများကို တွေ့ရှိပါက ရဲဌာနသို့ချက်ချင်းတိုင်ကြားပေးကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဓာတ္ေလွကားေပၚက ခလုတ္ေတြကို မစင္ နဲ႔ေပက်ံေအာင္သုတ္လိမ္းထားခဲ့တဲ့ လူမဆန္လြန္းတဲ့ လုပ္ရပ္"

Leave a comment

Your email address will not be published.


*