လင္မယားႏွစ္ေယာက္ သြားတိုက္ေဆးဘူးညႇစ္တဲ့ပံုစံျခင္းမတူလို႔ဆိုၿပီး ကြာ႐ွင္းခဲ့ၾကတဲ့အျဖစ္

ၿပီးခဲ့တဲ့ 2017 ခုႏွစ္က မေလး႐ွားႏိုင္ငံရဲ႕ လင္မယားကြား႐ွင္းခဲ့ၾကတဲ့အမႈေပါင္း 49,965 မႈ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ မၾကာေသးခင္ကမွ Sinar Harian အမည္႐ွိတဲ့ စာေရးဆရာဟာ မယံုႏိုင္ေလာက္တဲ့အေၾကာင္းျပခ်က္မ်ိဳးနဲ႔ ကြာ႐ွင္ခဲ့တဲ့အမႈေပါင္း မ်ားစြာလည္း႐ွိခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္ ။ ထိုအမႈမ်ားစြာထဲကမွ အထူးဆန္းဆံုးတစ္ခုကေတာ့ လင္မယားႏွစ္ေယာက္ သြားတိုက္ေဆးဘူးညႇစ္ထုတ္တဲ့ပံုစံခ်င္းမ်ိဳးမတူညီလို႔ လမ္းခြဲခဲ့ၾကတယ္ဆိုတာပါပဲ ။ စာေရးဆရာ၏ေျပာျပခ်က္အရ ခင္ပြန္းျဖစ္သူမွာ သြားတိုက္ေဆးဘူးရဲ႕ အေနာက္ဆံုးအပိုင္ကိုညႇစ္ရတာ ႀကိဳက္ၿပီး ၊ ဇနီးျဖစ္သူမွာေတာ့ ဘူးရဲ႕အလယ္ပိုင္းကိုညႇစ္ရတာ ႀကိဳက္ႏွက္သက္ေၾကာင္း သိ႐ွိရပါတယ္ ။

ေနာက္ဆံုး သြားတိုက္ေဆးဘူးရဲ႕ ပံုပန္းသ႑ာန္ေၾကာင့္ လင္မယားႏွစ္ေယာက္မၾကာခဏ အျငင္းအခံုျဖစ္ခဲ့ၾကၿပီး သည္းမခံႏိုင္ေတာ့တဲ့အဆံုး ကြာ႐ွင္းစာခ်ဳပ္မွာ လတ္မွတ္ေရးထိုးခဲ့ၾကၿပီး ၊ ႏွစ္ဦးႏွစ္ဖက္လံုးေျပလည္ေအာင္ ေဆြးေႏြးခဲ့ၾကေပမဲ့လည္း ေနာက္ဆံုးမွာေတာ့ ကြာ႐ွင္းခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

ေနာက္ထပ္ကြာ႐ွင္းခဲ့မႈတစ္ခုမွာေတာ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕ခ်စ္သူနဲ႔အတူလက္တြဲသြားခ်င္တဲ့အဆံုး လက္ထပ္ဖို႔သေဘာတူညီခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း လက္ထပ္ၿပီးတစ္ႏွစ္အၾကာမွာေတာ့ အမ်ိဳးသမီးဟာ သူမခင္ပြန္းရဲ႕အက်င့္စ႐ိုက္ေတြကို သည္းမခံႏိုင္ေတာ့တဲ့အဆံုးလမ္းခြဲခဲ့တာပါ ။ အဲ့အက်င္ကေတာ့ ခင္ပြန္းျဖစ္သူဟာ ငယ္ရြယ္စဥ္ကတည္းက တိတ္တဆိတ္ေနထိုင္တတ္သူျဖစ္ၿပီး ၊ သူ၏ မိသားစုေတြနဲ႔ အတူ႐ွိေနရင္ေတာင္မွ စကားတစ္ခြန္းမွမေျပာဘဲ တိတ္ဆိတ္လြန္းတဲ့အတြက္ ခင္ပြန္းျဖစ္သူရဲ႕အက်င့္ကို ႐ိုးအီလာၿပီးပ်င္ရိလာတဲ့အဆံုး လမ္းခြဲခဲ့ၾကတာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ 2017 ခုနှစ်က မလေးရှားနိုင်ငံရဲ့ လင်မယားကွားရှင်းခဲ့ကြတဲ့အမှုပေါင်း 49,965 မှုရှိခဲ့ကြောင်း သိရှိရပါတယ် ။ မကြာသေးခင်ကမှ Sinar Harian အမည်ရှိတဲ့ စာရေးဆရာဟာ မယုံနိုင်လောက်တဲ့အကြောင်းပြချက်မျိုးနဲ့ ကွာရှင်ခဲ့တဲ့အမှုပေါင်း များစွာလည်းရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ် ။ ထိုအမှုများစွာထဲကမှ အထူးဆန်းဆုံးတစ်ခုကတော့ လင်မယားနှစ်ယောက် သွားတိုက်ဆေးဘူးညှစ်ထုတ်တဲ့ပုံစံချင်းမျိုးမတူညီလို့ လမ်းခွဲခဲ့ကြတယ်ဆိုတာပါပဲ ။ စာရေးဆရာ၏ပြောပြချက်အရ ခင်ပွန်းဖြစ်သူမှာ သွားတိုက်ဆေးဘူးရဲ့ အနောက်ဆုံးအပိုင်ကိုညှစ်ရတာ ကြိုက်ပြီး ၊ ဇနီးဖြစ်သူမှာတော့ ဘူးရဲ့အလယ်ပိုင်းကိုညှစ်ရတာ ကြိုက်နှက်သက်ကြောင်း သိရှိရပါတယ် ။

နောက်ဆုံး သွားတိုက်ဆေးဘူးရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် လင်မယားနှစ်ယောက်မကြာခဏ အငြင်းအခုံဖြစ်ခဲ့ကြပြီး သည်းမခံနိုင်တော့တဲ့အဆုံး ကွာရှင်းစာချုပ်မှာ လတ်မှတ်ရေးထိုးခဲ့ကြပြီး ၊ နှစ်ဦးနှစ်ဖက်လုံးပြေလည်အောင် ဆွေးနွေးခဲ့ကြပေမဲ့လည်း နောက်ဆုံးမှာတော့ ကွာရှင်းခဲ့ကြကြောင်း သိရှိရပါတယ် ။

နောက်ထပ်ကွာရှင်းခဲ့မှုတစ်ခုမှာတော့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ချစ်သူနဲ့အတူလက်တွဲသွားချင်တဲ့အဆုံး လက်ထပ်ဖို့သဘောတူညီခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း လက်ထပ်ပြီးတစ်နှစ်အကြာမှာတော့ အမျိုးသမီးဟာ သူမခင်ပွန်းရဲ့အကျင့်စရိုက်တွေကို သည်းမခံနိုင်တော့တဲ့အဆုံးလမ်းခွဲခဲ့တာပါ ။ အဲ့အကျင်ကတော့ ခင်ပွန်းဖြစ်သူဟာ ငယ်ရွယ်စဉ်ကတည်းက တိတ်တဆိတ်နေထိုင်တတ်သူဖြစ်ပြီး ၊ သူ၏ မိသားစုတွေနဲ့ အတူရှိနေရင်တောင်မှ စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်လွန်းတဲ့အတွက် ခင်ပွန်းဖြစ်သူရဲ့အကျင့်ကို ရိုးအီလာပြီးပျင်ရိလာတဲ့အဆုံး လမ်းခွဲခဲ့ကြတာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လင္မယားႏွစ္ေယာက္ သြားတိုက္ေဆးဘူးညႇစ္တဲ့ပံုစံျခင္းမတူလို႔ဆိုၿပီး ကြာ႐ွင္းခဲ့ၾကတဲ့အျဖစ္"

Leave a comment

Your email address will not be published.


*