တ႐ုတ္ႏိုင္ငံ၊ Shandong ျပည္နယ္၊ Jining ၿမိဳ႕မွ Zhou အမည္ရွိ အသက္ ၃၅ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးဟာ Jian Bing ေရာင္းတဲ့ Peppa Pig ကာတြန္းဝတ္စုံကို ဝတ္ၿပီး (၁၀) ႏွစ္အ႐ြယ္သမီးအႀကီးဆုံးနဲ႔ လမ္းေဘးမွာ ပန္ကိတ္မ်ားကို ေရာင္းခ်ကာ အသည္းအသန္ဖ်ားေနတဲ့ အျခားသမီးအတြက္ ေငြရွာရန္ ႐ုန္းကန္ေနရပါတယ္ ။ မစၥတာ Zhou က သူနဲ႔သူ႔ဇနီးမွာ သားသမီး ၃ ေယာက္ရွိၿပီး အသက္ ၄ႏွစ္သမီးအလတ္က ၂ ႏွစ္အ႐ြယ္မွာ ဆီးခ်ိဳေရာဂါခံစားခဲ့ရပါတယ္ ။ ဒါ့အျပင္ဆရာဝန္က ဒီ Zhou ဆိုတဲ့နာမည္နဲ႔ ဒီလူကို “ခင္ဗ်ားသမီးက မ်က္စိႏွစ္ဖက္လုံးကန္းေနႏိုင္တယ္၊ အေဖတစ္ေယာက္အေနနဲ႔ သူမကိုအေကာင္းဆုံးကုသေပးဖို႔အတြက္ ခင္ဗ်ား ေဆးဖိုးဝါးခ ရွာသင့္တယ္ ” လို႔ ေျပာပါတယ္ ။
ၿပီးေတာ့ သူက ဘယ္လို ေငြရွာရမွန္းမသိဘူးဆိုတာကိုလည္း ဖြင့္ဟခဲ့ပါတယ္ ။ ဒါေၾကာင့္သူက ပန္ကိတ္မ်ားကိုေရာင္းၿပီး ေဆးစရိတ္အတြက္ ရွာၿပီး သူ႔မိန္းမက ေန႔စဥ္မိသားစုသုံးစရိတ္မ်ားကို ရွာေဖြလိုက္ပါတယ္ ။ Zhou ရဲ႕ဇနီးက သူ႔ကေလးအတြက္ တိုက္ပြဲဝင္မယ္လို႔ ေျပာခဲ့ပါတယ္ ။ ၿပီးေတာ့ သူမရဲ႕မိသားစုကို ကူညီေပးတဲ့ပရဟိတသမားေတြကို ေက်းဇူးတင္ၿပီး လူအခ်ိဳ႕က pancakes မ်ားကို ၁၀ ယြမ္သာ ဝယ္ေသာ္လည္း သူတို႔ကို ယြမ္ရာေပါင္းမ်ားစြာေပးခဲ့ၾကပါတယ္ ။ အခ်ိဳ႕လူမ်ားက ေငြသာေပးၿပီး pancakes ကို လက္ခံရန္ ျငင္းဆန္ခဲ့ၾကပါတယ္ ။ ၎က သူမနဲ႔ သူမရဲ႕ မိသားစုကို အလြန္ေက်းဇူးတင္ေစမိခဲ့ပါတယ္ ။
JRose (Mckzone daily)
Reference : khaosod
Unicode
တရုတ်နိုင်ငံ၊ Shandong ပြည်နယ်၊ Jining မြို့မှ Zhou အမည်ရှိ အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ Jian Bing ရောင်းတဲ့ Peppa Pig ကာတွန်းဝတ်စုံကို ဝတ်ပြီး (၁၀) နှစ်အရွယ်သမီးအကြီးဆုံးနဲ့ လမ်းဘေးမှာ ပန်ကိတ်များကို ရောင်းချကာ အသည်းအသန်ဖျားနေတဲ့ အခြားသမီးအတွက် ငွေရှာရန် ရုန်းကန်နေရပါတယ် ။ မစ္စတာ Zhou က သူနဲ့သူ့ဇနီးမှာ သားသမီး ၃ ယောက်ရှိပြီး အသက် ၄နှစ်သမီးအလတ်က ၂ နှစ်အရွယ်မှာ ဆီးချိုရောဂါခံစားခဲ့ရပါတယ် ။ ဒါ့အပြင်ဆရာဝန်က ဒီ Zhou ဆိုတဲ့နာမည်နဲ့ ဒီလူကို “ခင်ဗျားသမီးက မျက်စိနှစ်ဖက်လုံးကန်းနေနိုင်တယ်၊ အဖေတစ်ယောက်အနေနဲ့ သူမကိုအကောင်းဆုံးကုသပေးဖို့အတွက် ခင်ဗျား ဆေးဖိုးဝါးခ ရှာသင့်တယ် ” လို့ ပြောပါတယ် ။
ပြီးတော့ သူက ဘယ်လို ငွေရှာရမှန်းမသိဘူးဆိုတာကိုလည်း ဖွင့်ဟခဲ့ပါတယ် ။ ဒါကြောင့်သူက ပန်ကိတ်များကိုရောင်းပြီး ဆေးစရိတ်အတွက် ရှာပြီး သူ့မိန်းမက နေ့စဉ်မိသားစုသုံးစရိတ်များကို ရှာဖွေလိုက်ပါတယ် ။ Zhou ရဲ့ဇနီးက သူ့ကလေးအတွက် တိုက်ပွဲဝင်မယ်လို့ ပြောခဲ့ပါတယ် ။ ပြီးတော့ သူမရဲ့မိသားစုကို ကူညီပေးတဲ့ပရဟိတသမားတွေကို ကျေးဇူးတင်ပြီး လူအချို့က pancakes များကို ၁၀ ယွမ်သာ ဝယ်သော်လည်း သူတို့ကို ယွမ်ရာပေါင်းများစွာပေးခဲ့ကြပါတယ် ။ အချို့လူများက ငွေသာပေးပြီး pancakes ကို လက်ခံရန် ငြင်းဆန်ခဲ့ကြပါတယ် ။ ၎င်းက သူမနဲ့ သူမရဲ့ မိသားစုကို အလွန်ကျေးဇူးတင်စေမိခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ဝက္အ႐ုပ္လိုဝတ္စုံဝတ္ၿပီး ပန္ကိတ္မ်ားကို ေရာင္းကာ ဆီးခ်ိဳေရာဂါခံစားရတဲ့ သမီးေလးရဲ႕ ေဆးဖိုးဝါးခအတြက္ ရွာေဖြေပးခဲ့တဲ့ ဖခင္"