သူငယ္ခ်င္းရဲ႕ဖုန္းကို ခိုးယူမိလို႔လိပ္ျပာမလံုတဲ့အဆံုး တိုက္ေပၚကခုန္ခ်ၿပီးကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ ေက်ာင္းသူေလး

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Xiao Huan အမည္႐ွိတဲ့ အသက္ 15 ႏွစ္အရြယ္ေက်ာင္းသူေလးဟာ သူမရဲ႕ေက်ာင္းက ဆရာမရံုခန္းကေနဖုန္းတစ္လံုးခိုးယူမိလို႔ လိပ္ျပာမလံုေတာ့တဲ့အဆံုး ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါတယ္ ။ သူမဟာ ၿပီးခဲ့တဲ့ September 2 ရက္ေန႔က သူမတို႔မိသားစုေနထိုင္တဲ့ 9 လႊာမွာ႐ွိေနတဲ့ တိုက္ခန္းကေနခုန္ခ်ၿပီး ကိုယ့္ကိုအဆံုးစီရင္ခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ သူမဟာ ” အေမ နဲ႔ အေဖ သမီးကိုဆက္ၿပီးမေကြၽးေမြးထားသင့္ေတာ့ဘဲ ဘာလို႔လည္းဆိုေတာ့ အနာဂတ္မွာ အေမတို႔သမီးေၾကာင့္ ေနာင္တရေနလိမ့္မယ္ ၊ သမီးလည္း ဆက္ၿပီးမေနခ်င္ေတာ့ဘူး ၊ ႏႈတ္ဆက္ပါတယ္ ” ဆိုၿပီး ေသတမ္းစာပါ ေရးသားခဲ့ပါေသးတယ္ ။

အဆိုပါအခင္းျဖစ္ပြားတဲ့ ေန႔ခင္းပိုင္းအခ်ိန္ခန္႔က Xiao Huan ရဲ႕ အတန္းပိုင္ဆရာမက သူမရဲ႕မိခင္ကို သူမဟာ ဆရာမအခန္းမွာ ထားထားတဲ့အတန္းေဖာ္တစ္ေယာက္ရဲ႕ ဖုန္းကိုခိုးယူခဲ့ေၾကာင္း တိုင္ၾကားျခင္းခံခဲ့ရပါတယ္ ။ ထို႔ေနာက္ မိခင္ျဖစ္သူမွာလည္း ေက်ာင္းသို႔အလ်င္အျမန္သြားေရာက္ၿပီး သူမကိုစစ္ေမးခဲ့ခ်ိန္မွာေတာ့ Xiao Huan ဟာ ဖုန္းကိုခိုးယူမိခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး ဆရာမကိုပါေတာင္းပန္ခဲ့ပါတယ္ ။ ဆရာမရဲ႕ေျပာဆိုခ်က္အရ သူမဟာ အတန္းေဖာ္ေတြကို message ေျမာက္မ်ားစြာေပးပို႔ခဲ့ေပမဲ့လည္း သူမဖုန္းကိုခိုးယူခဲ့တာကိုေတာ့ ဝန္ခံခဲ့ျခင္းမ်ိဳးမ႐ွိပါဘူး ။

ထို႔ေနာက္ညေန 2:20 ခန္႔အခ်ိန္မွာ မိခင္ျဖစ္သူဟာ သူမကိုေနအိမ္သို႔ျပန္ပို႔ေပးၿပီး ၊ အလုပ္သို႔ျပန္သြားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း မိခင္ျဖစ္သူဟာ စိတ္ထဲမွာ မသက္မသာသလိုျဖစ္ေနခဲ့ၿပီး 3နာရီခန္႔မွာ အိမ္သို႔ျပန္လာခဲ့ပါေတာ့တယ္ ။ သို႔ေပမဲ့လည္း သမီးျဖစ္သူရဲ႕အခန္းဟာ ဖြင့္မရခဲ့တဲ့အတြက္ ခင္ပြန္းျဖစ္သူကိုဖုန္းဆက္ေခၚၿပီး တံခါးကိုဖ်က္ကာဖြင့္ခဲ့ရပါတယ္ ။ အခန္းထဲေရာက္ခ်ိန္မွာေတာ့ သမီးျဖစ္သူကိုမေတြ႔ဘဲ ၊ သူမ၏အိပ္ယာအနားက ပုတင္းေပါက္မွာပြင့္ေနခဲ့လို႔ ေအာက္ဖက္လွမ္းၾကည့္ခဲ့ခ်ိန္မွာေတာ့ သမီးျဖစ္သူဟာ ေသြးအိုင္ေတြထဲမွာ ေက်ာင္းဝတ္စံုႏွင့္ အသက္မဲ့ေနခဲ့တဲ့ ခႏၶာကိုယ္ကိုသာ မိဘမ်ားကေတြ႔႐ွိခဲ့ပါတယ္ ။

ထို႔ေနာက္ မိဘမ်ားကရဲစခန္းသို႔ အလ်င္အျမန္သြားေရာက္ၿပီး တိုင္ၾကားခဲ့ပါတယ္ ။ Xiao Huan ရဲ႕သူငယ္ခ်င္းတစ္ေယာက္ ဖြင့္ဆိုခ်က္အရ သူမတို႔ရဲ႕ဖုန္းေတြကိုဆရာမက သိမ္းယူသြားခဲ့လို႔ Xiao Huan ကျပန္ခိုးယူေပးခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ Xiao Huan ရဲ႕မိခင္ျဖစ္သူမွာလည္း ယခုကိစၥတစ္ခုတည္းနဲ႔ သမီးျဖစ္သူဟာ ကိုယ့္ကိုေသေၾကာင္းၾကံစည္တာမ်ိဳးမျဖစ္ႏိုင္၍ အမႈဖြင့္ၿပီးစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ ၿပီးခဲ့တဲ့ December 14 ရက္ေန႔က သူမအမႈကို ပထမဆံုးရံုတင္စစ္ေဆးခဲ့ၿပီး ဆက္လက္ေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ Xiao Huan အမည်ရှိတဲ့ အသက် 15 နှစ်အရွယ်ကျောင်းသူလေးဟာ သူမရဲ့ကျောင်းက ဆရာမရုံခန်းကနေဖုန်းတစ်လုံးခိုးယူမိလို့ လိပ်ပြာမလုံတော့တဲ့အဆုံး ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ သူမဟာ ပြီးခဲ့တဲ့ September 2 ရက်နေ့က သူမတို့မိသားစုနေထိုင်တဲ့ 9 လွှာမှာရှိနေတဲ့ တိုက်ခန်းကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့တာဖြစ်ပါတယ် ။ ထို့အပြင် သူမဟာ ” အမေ နဲ့ အဖေ သမီးကိုဆက်ပြီးမကျွေးမွေးထားသင့်တော့ဘဲ ဘာလို့လည်းဆိုတော့ အနာဂတ်မှာ အမေတို့သမီးကြောင့် နောင်တရနေလိမ့်မယ် ၊ သမီးလည်း ဆက်ပြီးမနေချင်တော့ဘူး ၊ နှုတ်ဆက်ပါတယ် ” ဆိုပြီး သေတမ်းစာပါ ရေးသားခဲ့ပါသေးတယ် ။

အဆိုပါအခင်းဖြစ်ပွားတဲ့ နေ့ခင်းပိုင်းအချိန်ခန့်က Xiao Huan ရဲ့ အတန်းပိုင်ဆရာမက သူမရဲ့မိခင်ကို သူမဟာ ဆရာမအခန်းမှာ ထားထားတဲ့အတန်းဖော်တစ်ယောက်ရဲ့ ဖုန်းကိုခိုးယူခဲ့ကြောင်း တိုင်ကြားခြင်းခံခဲ့ရပါတယ် ။ ထို့နောက် မိခင်ဖြစ်သူမှာလည်း ကျောင်းသို့အလျင်အမြန်သွားရောက်ပြီး သူမကိုစစ်မေးခဲ့ချိန်မှာတော့ Xiao Huan ဟာ ဖုန်းကိုခိုးယူမိခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဆရာမကိုပါတောင်းပန်ခဲ့ပါတယ် ။ ဆရာမရဲ့ပြောဆိုချက်အရ သူမဟာ အတန်းဖော်တွေကို message မြောက်များစွာပေးပို့ခဲ့ပေမဲ့လည်း သူမဖုန်းကိုခိုးယူခဲ့တာကိုတော့ ဝန်ခံခဲ့ခြင်းမျိုးမရှိပါဘူး ။

ထို့နောက်ညနေ 2:20 ခန့်အချိန်မှာ မိခင်ဖြစ်သူဟာ သူမကိုနေအိမ်သို့ပြန်ပို့ပေးပြီး ၊ အလုပ်သို့ပြန်သွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း မိခင်ဖြစ်သူဟာ စိတ်ထဲမှာ မသက်မသာသလိုဖြစ်နေခဲ့ပြီး 3နာရီခန့်မှာ အိမ်သို့ပြန်လာခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း သမီးဖြစ်သူရဲ့အခန်းဟာ ဖွင့်မရခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူကိုဖုန်းဆက်ခေါ်ပြီး တံခါးကိုဖျက်ကာဖွင့်ခဲ့ရပါတယ် ။ အခန်းထဲရောက်ချိန်မှာတော့ သမီးဖြစ်သူကိုမတွေ့ဘဲ ၊ သူမ၏အိပ်ယာအနားက ပုတင်းပေါက်မှာပွင့်နေခဲ့လို့ အောက်ဖက်လှမ်းကြည့်ခဲ့ချိန်မှာတော့ သမီးဖြစ်သူဟာ သွေးအိုင်တွေထဲမှာ ကျောင်းဝတ်စုံနှင့် အသက်မဲ့နေခဲ့တဲ့ ခန္ဓာကိုယ်ကိုသာ မိဘများကတွေ့ရှိခဲ့ပါတယ် ။

ထို့နောက် မိဘများကရဲစခန်းသို့ အလျင်အမြန်သွားရောက်ပြီး တိုင်ကြားခဲ့ပါတယ် ။ Xiao Huan ရဲ့သူငယ်ချင်းတစ်ယောက် ဖွင့်ဆိုချက်အရ သူမတို့ရဲ့ဖုန်းတွေကိုဆရာမက သိမ်းယူသွားခဲ့လို့ Xiao Huan ကပြန်ခိုးယူပေးခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ Xiao Huan ရဲ့မိခင်ဖြစ်သူမှာလည်း ယခုကိစ္စတစ်ခုတည်းနဲ့ သမီးဖြစ်သူဟာ ကိုယ့်ကိုသေကြောင်းကြံစည်တာမျိုးမဖြစ်နိုင်၍ အမှုဖွင့်ပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့ကြောင့် ပြီးခဲ့တဲ့ December 14 ရက်နေ့က သူမအမှုကို ပထမဆုံးရုံတင်စစ်ဆေးခဲ့ပြီး ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သူငယ္ခ်င္းရဲ႕ဖုန္းကို ခိုးယူမိလို႔လိပ္ျပာမလံုတဲ့အဆံုး တိုက္ေပၚကခုန္ခ်ၿပီးကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ ေက်ာင္းသူေလး"

Leave a comment

Your email address will not be published.


*