3ႏွစ္သားကတည္းက ေပ်ာက္ဆံုးေနခဲ့ၿပီး ႏွစ္ေပါင္း 30 ၾကာမွမိသားစုနဲ႔ ျပန္ေပါင္းစည္းႏိုင္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

ငယ္ရြယ္စဥ္အခ်ိန္က ကိုယ့္ရဲ႕မိသားစုေတြနဲ႔ ကြဲကြာသြားခဲ့ရတဲ့အျဖစ္ဟာ အေတာ္ေလးကိုရင္နာ ဝမ္းနည္းဖြယ္ေကာင္းလြန္းလွပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Shanxi ျပည္နယ္မွာေနထိုင္တဲ့ Li Jian အမည္႐ွိတဲ့ အသက္ 33 ႏွစ္အရြယ္အမ်ိဳးသားဟာ ႏွစ္ေပါင္း 30 အၾကာမွသူရဲ႕မိသားစုဝင္ေတြနဲ႔ ျပန္လည္ေပါင္းစည္းႏိုင္ခဲ့တာပါ ။ သူ၏အစ္မျဖစ္သူေျပာျပခ်က္အရ 1989 ခုႏွစ္ Li အသက္ 3ႏွစ္သားအရြယ္မွာ အိမ္ေ႐ွ႕မွာ 3ဘီး စက္ဘီးစီးရင္းနဲ႔ ေပ်ာက္ဆံုးသြားခဲ့ရတာျဖစ္ပါတယ္ ။ ထို႔ေနာက္ Li ကို သူ၏ေမြးစားမိဘမ်ားက ရဲစခန္းတြင္ေတြ႔႐ွိသြားခဲ့ၿပီးေနာက္ ေမြးစားခဲ့တာျဖစ္ၿပီး Chen ဆိုၿပီးအမည္ေပးခဲ့ၾကပါတယ္ ။

သို႔ေပမဲ့လည္း သူ၏မိဘအရင္းမ်ားက Li ကိုဆက္လက္႐ွာေဖြဖို႔အေလ်ာ့မေပးဘဲ ႏွစ္ေပါင္းမ်ားစြာၾကာတဲ့အထိ ႐ွာေဖြေနခဲ့ၾကတာပါ ။ ထို႔အျပင္ TikTok ေတြေပၚမွာလည္း Li ေတြ႔လို႔ေတြ႔ညား video ေလးေတြတင္ၿပီး ၎တို႔ရဲ႕ခံစားခ်က္ေတြကို ေျပာျပခဲ့ပါတယ္ ။ သို႔ေသာ္ ႏွစ္ေပါင္း 30 နီးပါးၾကာတဲ့အထိ မည္သည့္သတင္းမ်ွရ႐ွိခဲ့ျခင္းမ်ိဳး မ႐ွိခဲ့ပါဘူး ။ Li ၏ဖခင္အရင္းမွာလည္း သားျဖစ္သူမွာသူ႔ေၾကာင့္ေပ်ာက္ဆံုးသြားတာဆိုၿပီး အျပစ္တင္ရင္း အရက္ကိုေသတဲ့အထိေသာက္သံုးခဲ့ပါတယ္ ။ ထို႔အျပင္ မေသခင္အခ်ိန္ေလးမွာ ဇနီးျဖစ္သူကို သားကို႐ွာေဖြရာမွာလက္မေလ်ွာ့ဖို႔ေသေသခ်ာခ်ာမွာၾကားခဲ့ပါေသးတယ္ ။

ထို႔ေနာက္ ၿပီးခဲ့တဲ့ June လမွာမွ Changzhi ၿမိဳ႕မွာ႐ွိတဲ့ ရဲစခန္းမွ Li ရဲ႕ DNA ဟာ သားျဖစ္သူေပ်ာက္ဆံုးေနေၾကာင္းတိုင္ၾကားထားတဲ့မိသားစုေတြရဲ႕ DNA နဲ႔ကိုက္ညီေနေသာေၾကာင့္ ရဲအရာ႐ွိေတြရဲ႕အကူအညီနဲ႔ ႏွစ္ေပါင္းၾကာ႐ွည္စြာကြဲကြာေနခဲ့ၾကတဲ့ မိသားစုဝင္ေတြျပန္ေပါင္းစည္းႏိုင္ခဲ့ပါတယ္ ။ Li ရဲ႕မိခင္အရင္းမွာလည္း သူ၏ေမြးစားမိဘမ်ားကို အထူးေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ငယ္ဘဝခက္ခဲလြန္ခဲ့ေပမဲ့လည္း ယခုခ်ိန္မွာေတာ့ Li ကိုေစာင့္ႀကိဳေနတဲ့ မိသားစု 2ခုလံုး႐ွိေနၿပီျဖစ္တဲ့ Li ဟာအေတာ္ေလးကို ကံေကာင္းလြန္းေနခဲ့ျပန္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ငယ်ရွယ်စဉ်အချိန်က ကိုယ့်ရဲ့မိသားစုတွေနဲ့ ကွဲကွာသွားခဲ့ရတဲ့အဖြစ်ဟာ အတော်လေးကိုရင်နာ ဝမ်းနည်းဖွယ်ကောင်းလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Shanxi ပြည်နယ်မှာနေထိုင်တဲ့ Li Jian အမည်ရှိတဲ့ အသက် 33 နှစ်အရွယ်အမျိုးသားဟာ နှစ်ပေါင်း 30 အကြာမှသူရဲ့မိသားစုဝင်တွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့တာပါ ။ သူ၏အစ်မဖြစ်သူပြောပြချက်အရ 1989 ခုနှစ် Li အသက် 3နှစ်သားအရွယ်မှာ အိမ်ရှေ့မှာ 3ဘီး စက်ဘီးစီးရင်းနဲ့ ပျောက်ဆုံးသွားခဲ့ရတာဖြစ်ပါတယ် ။ ထို့နောက် Li ကို သူ၏မွေးစားမိဘများက ရဲစခန်းတွင်တွေ့ရှိသွားခဲ့ပြီးနောက် မွေးစားခဲ့တာဖြစ်ပြီး Chen ဆိုပြီးအမည်ပေးခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း သူ၏မိဘအရင်းများက Li ကိုဆက်လက်ရှာဖွေဖို့အလျော့မပေးဘဲ နှစ်ပေါင်းများစွာကြာတဲ့အထိ ရှာဖွေနေခဲ့ကြတာပါ ။ ထို့အပြင် TikTok တွေပေါ်မှာလည်း Li တွေ့လို့တွေ့ညား video လေးတွေတင်ပြီး ၎င်းတို့ရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ် ။ သို့သော် နှစ်ပေါင်း 30 နီးပါးကြာတဲ့အထိ မည်သည့်သတင်းမျှရရှိခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။ Li ၏ဖခင်အရင်းမှာလည်း သားဖြစ်သူမှာသူ့ကြောင့်ပျောက်ဆုံးသွားတာဆိုပြီး အပြစ်တင်ရင်း အရက်ကိုသေတဲ့အထိသောက်သုံးခဲ့ပါတယ် ။ ထို့အပြင် မသေခင်အချိန်လေးမှာ ဇနီးဖြစ်သူကို သားကိုရှာဖွေရာမှာလက်မလျှော့ဖို့သေသေချာချာမှာကြားခဲ့ပါသေးတယ် ။

ထို့နောက် ပြီးခဲ့တဲ့ June လမှာမှ Changzhi မြို့မှာရှိတဲ့ ရဲစခန်းမှ Li ရဲ့ DNA ဟာ သားဖြစ်သူပျောက်ဆုံးနေကြောင်းတိုင်ကြားထားတဲ့မိသားစုတွေရဲ့ DNA နဲ့ကိုက်ညီနေသောကြောင့် ရဲအရာရှိတွေရဲ့အကူအညီနဲ့ နှစ်ပေါင်းကြာရှည်စွာကွဲကွာနေခဲ့ကြတဲ့ မိသားစုဝင်တွေပြန်ပေါင်းစည်းနိုင်ခဲ့ပါတယ် ။ Li ရဲ့မိခင်အရင်းမှာလည်း သူ၏မွေးစားမိဘများကို အထူးကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ငယ်ဘဝခက်ခဲလွန်ခဲ့ပေမဲ့လည်း ယခုချိန်မှာတော့ Li ကိုစောင့်ကြိုနေတဲ့ မိသားစု 2ခုလုံးရှိနေပြီဖြစ်တဲ့ Li ဟာအတော်လေးကို ကံကောင်းလွန်းနေခဲ့ပြန်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "3ႏွစ္သားကတည္းက ေပ်ာက္ဆံုးေနခဲ့ၿပီး ႏွစ္ေပါင္း 30 ၾကာမွမိသားစုနဲ႔ ျပန္ေပါင္းစည္းႏိုင္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*