လွန်ခဲ့တဲ့ 6နှစ်က မိခင်ဖြစ်သူကိုမုဒိမ်းကျင့်ခဲ့တဲ့အမျိုးသားအား ဓားနဲ့ထိုးသတ်ပြီး လက်စားချေခဲ့တဲ့ ကျောင်းသားရဲ့အဖြစ်
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
မိခင်နဲ့ သားသမီး အကြားချစ်ခြင်းက အတော်လေးကိုခိုင်မြဲလွန်းလှပါတယ် ။ သားသမီးတွေကလည်း မိခင်ထားပစ်ခဲ့ပြီး စွန့်ပစ်သွားခဲ့မှာကိုအတော်လေးကြောက်လန့်ကြပြီး မိခင်ကို တံတိုင်ကြီးသဖွယ်မှီခိုအားထားနေကြသူတွေပါ ။ ဒီတစ်ခေါက်မှာလည်း လွန်ခဲ့တဲ့ 6နှစ်ခန့်က မိခင်ဖြစ်သူကို မုဒိမ်းပြုကျင့်သွားခဲ့တဲ့ မုဒိမ်းကောင်းကိုမေ့မရနိုင်အောင် စိတ်နာလွန်းတဲ့အဆုံး လူသတ်မိအထိကိုပါ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က ကျူ းလွန်ခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 18နှစ်အရွယ် ၊ Maulud Riyanto အမည်ရှိတဲ့ ကျောင်းသားတစ်ယောက်ဟာ Yasin Fadilla အမည်ရှိတဲ့ အသက် 49 နှစ်အရွယ်အမျိုးသားကို ဓားနဲ့ထိုးသတ်မှုကြောင့် ပြီးခဲ့တဲ့ December 17 ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်မှာ Yasin ဟာ သူ၏သူူငယ်ချင်းအိမ်သို့ ဆိုင်ကယ်စီးပြီးသွားရောက်လည်ပတ်ရန်လုပ်နေတုန်း အမည်မသိကောင်လေးတစ်ယောက်က သူ့အားလှန်းတားပြီး ဓားနဲ့အကြိမ်ကြိမ် ထိုးပစ်ခဲ့ပါတယ် ။
Yasin ဟာ သွေးအမြောက်အမြားအထွက်လွန်ပြီး ဆေးရုံတွင်သာ သေဆုံးသွားခဲ့ရပါတယ် ။ အစပိုင်းမှာတော့ လူသတ်သမားကောင်လေးရဲ့အကြောင်းကို သေသေချာချာမသိရခဲ့ပေမဲ့လည်း နောက်ပိုင်းမှာမှ Maulud Riyanto အမည်ရှိတဲ့ကောင်လေးဟာ Yasin ကို ရည်ရွယ်ချက်ရှိရှိ ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပါတယ် ။ Maulud Riyanto ကိုမည်သည့်အကြောင်းပြချက်ကြောင်း သတ်ခဲ့ရတာလဲဆိုပြီး စစ်မေးခဲ့ချိန်မှာမှ Yasin ဟာ Maulud ရဲ့မိခင်ကို လွန်ခဲ့တဲ့ 6နှစ်ခန့်က မုဒိမ်းပြုကျင့်ခဲ့တာဖြစ်ကြောင်း ရဲအရာရှိများက သိရှိခဲ့ရပါတယ် ။
ထိုအချိန်က Maulud ဟာ အသက် 12 နှစ်အရွယ်သာ ရှိသေးပေမဲ့လည်း အဆိုပါအဖြစ်အပျက်ကိုမမေ့နိုင်လောက်အောင် စိတ်ဒဏ်ရာရရှိခဲ့ပြီး Yasin ကို အတော်လေးမုန်းတီးခဲ့တာဖြစ်ပါတယ် ။ ၎င်းအချိန်တုန်းက အိမ်နီးချင်းသက်ကြီးရွယ်အိုများက အဆိုပါပြသာနာကိုဖြေရှင်းပေးခဲ့ကြလို့ ကျေအေးခွင့်ရခဲ့ပေမဲ့လည်း Maulud ကတော့ မုဒိမ်းကောင်ကိုမမေ့နိုင်ခဲ့ဘဲ တစ်လခန့်လောက် Yasin နောက်သို့ နောက်ယောင်ခံလိုက်ပြီးမှ ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "လွန်ခဲ့တဲ့ 6နှစ်က မိခင်ဖြစ်သူကိုမုဒိမ်းကျင့်ခဲ့တဲ့အမျိုးသားအား ဓားနဲ့ထိုးသတ်ပြီး လက်စားချေခဲ့တဲ့ ကျောင်းသားရဲ့အဖြစ်"
Leave a comment
Your email address will not be published.
*