မင်္ဂလာဆောင်တွေမှာ သတို့သမီးက သူမအရင်းနှီးဆုံးသူငယ်ချင်းတွေကို အခမ်းအနားမှာ သတို့သမီးအရံအဖြစ် ရွေးချယ်သရုပ်ဆောင်စေလေ့ရှိကြပါတယ်။ သို့ပေမဲ့ အင်ဒိုနီးရှားနိုင်ငံမှ မိန်းကလေးတစ်ဦးကတော့ သူမအချစ်ဆုံးယောက်ျားလေးသူငယ်ချင်းများကိာ သူမရဲ့သတို့သမီးအရံအဖြစ်ရွေးချယ်ခဲ့လို့ လူပြောများသွားခဲ့သလို ၎င်းတို့အား ပန်းရောင် pajamas များဝတ်ဆင်စေကာ photoshoot အတွက် ဓာတ်ပုံရိုက်စေခဲ့ပါတယ်။ အဆိုပါ Aina Shahirah အမည်ရှိမိန်းကလေးဟာ ၂၀၁၈ ခုနှစ်တွင် သူမမင်္ဂလာဆောင်ပွဲမှရိုက်ထားခဲ့တဲ့ဓာတ်ပုံများကို ပြန်လည်မျှဝေခဲ့ပြီးသူမရဲ့အမျိုးသားသူငယ်ချင်းများအား ပန်းရောင်ညအိပ်ဝတ်အ၀တ်များဝတ်ထားစေပြီး အမျိုးသမီးများကဲ့သို့ဟန်ဆောင်စေကာ သတို့သမီးအရံများက သတို့သမီးနှင့်မည်သို့ pose ပေးရိုက်ကြလဲဆိုတဲ့အထင်ကြီးစရာပုံရိပ်များကိုပါပြသပေးခဲ့ပါတယ်။
ကြည်နူးဖွယ်ကောင်းတဲ့ဓာတ်ပုံများပြန့်နှံ့သွားခဲ့ပြီးနောက်မှာ netizen များစွာတို့ကလည်း အလားတူမြင်ကွင်းမျိုကိုဖန်တီးချင်ကြတာကြောင့် ၎င်းတို့၌လည်း အမျိုးသားသူငယ်ချင်းများများစွာရှိလာဖို့ကိုဆုတောင်းနေခဲ့ကြပါတယ်။ ထို့နောက် မင်္ဂလာဆောင်ပွဲကျင်းပနေစဉ်က အဆိုပါအမျိုးသားသူငယ်ချင်းများက အမဲရောင်ဘောင်းဘီနှင့် ပိုလိုရှပ်တို့ကို ဝတ်ဆင်ထားခဲ့ကြပေမဲ့လည်း netizen များက ပန်းရောင်ညအိပ်ဝတ်ကိုပိုသဘောကျနေခဲ့ကြပါတယ်။
သို့ပေမဲ့ Aina မှာ သတို့သမီးအရံအဖြစ် အမျိုးသားသူငယ်ချင်းကောင်းတွေမရှိဘဲ မိန်းမလျာသူငယ်ချင်းတွေသာရှိကြောင်း ပြောဆိုခဲ့ကြသူများလည်းရှိနေခဲ့ပါတယ်။
သို့သော် Aina က သူမရဲ့အမျိုးသားသူငယ်ချင်းများအား ကာကွယ်ပေးခဲ့ပြီး သူမရဲ့သူငယ်ချင်းများကိုမသိတဲ့ netizens များအနေနဲ့ ၎င်းတို့ရဲ့ကျားမရွေးချယ်မှုကို ဝင်ရောက်မစွက်ဖက်သင့်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
တကယ်တော့ အရေးကြီးတာက Aina တို့ဟာ သူမတို့ရဲ့လှပတဲ့ခင်မင်မှုတစ်ခုကိုပါကျင်းပနေခဲ့ကြတာပါ။ ထို့ပြင် Aina ရဲ့စကားက မှန်တယ်လို့လည်း netizen တော်တော်များများက ထောက်ပြခဲ့ကြပါတယ်။
သူမရဲ့အမျိုးသားသူငယ်ချင်းများက ပန်းရောင်ညအိပ်ဝတ်ဝတ်စုံဖြင့်ဓာတ်ပုံရိုက်ကြတုန်းက gay တွေနဲ့တူနေခဲ့ပေမဲ့ တကယ်တမ်း မင်္ဂလာဆောင်ပွဲနေ့က သတို့သားနှင့်သတို့သမီးတို့နှင့်အတူတွဲရိုက်ခဲ့တဲ့ဓာတ်ပုံများထဲ၌ ကြည့်ကောင်းတဲ့ယောက်ျားများကဲ့သို့ပုံပေါ်နေခဲ့ပါတယ်။
သို့ပေမဲ့ အချို့သောသူများကတော့ ၎င်းကိုကြည့်ပြီး တကယ့် gay တွေက ယောက်ျားပီသအောင်လည်းသရုပ်ဆောင်တတ်ကြောင်းပြောဆိုခဲ့ကြပြန်ပါတယ်။
Mia (Mckzone daily)
Reference : rachwed
Be the first to comment on "သတို့သမီးအရံအဖြစ် အမျိုးသားသူငယ်ချင်းများကိုခေါ်ကာ ပန်းရောင်ညအိပ်ဝတ်စုံများဖြင့် အလှဆုံးဓာတ်ပုံရိုက်စေခဲ့တဲ့ မိန်းကလေး"