ဒါကရာဇ၀တ္မႈေတာ့မဟုတ္ပါဘူး၊ ဒါမဲ့လက္ေမာင္းႂကြက္သားမႈပါဘဲ။ စကၤာပူႏိုင္ငံရွိ Geylang Neigborhood Police Center (NPC) မွသင္ဆိုင္သူမ်ားဟာ ၎တို႔၏ Facebook စာမ်က္ႏွာတြင္ ဓာတ္ပုံမ်ား (ဘူတာ႐ုံတြင္လုပ္ရမည့္အေျခခံအလုပ္မ်ားအတြက္ၫႊန္ၾကားခ်က္မ်ား) ကိုတင္ရန္ဆုံးျဖတ္လိုက္တဲ့အခါ ၎တို႔ဟာ အေကာင္းဆုံးျဖစ္ရမယ္လို႔ဆုံးျဖတ္ထားပုံရၿပီး ၎ဓာတ္ပုံထဲ၌ တက္ႂကြတဲ့ရဲအရာရွိတစ္ဦးကိုပါထည့္သြင္းေၾကျငာေစခဲ့ပါတယ္။ ဒါဟာ လူအမ်ားအတြက္ အဓိပၸာယ္အမ်ားႀကီးရွိသြားခဲ့ပါတယ္။ သို႔ေသာ္ Geylang NPC ေမွ်ာ္လင့္မထားသည့္အခ်က္တစ္ခုမွာ ၎တို႔၏ေမာ္ဒယ္ဝန္ထမ္း Sergeant Fadhly ကိုခ်ီးက်ဴးသည့္မွတ္ခ်က္ပမာဏမ်ားစြာဘဲျဖစ္ပါတယ္။
Geylang NPC ဟာ အမ်ားျပည္သူမ်ားအား ရဲစခန္းသို႔ေခ်ာေခ်ာေမြ႕ေမြ႕အလ်င္အျမန္ေရာက္ရန္အႀကံဥာဏ္မ်ားႏွင့္လွည့္ကြက္မ်ားမွ်ေဝျခင္းျဖင့္ လူတိုင္းရဲ႕ဘဝကိုပိုမိုလြယ္ကူေစရန္ဆုံးျဖတ္ခဲ့ပါတယ္။ ၎တို႔ထုတ္ျပန္ေၾကျငာေပးတဲ့ဓာတ္ပုံစီးရီးေတြထဲမွာ ၎တို႔က ရဲမွတ္တမ္းကိုဘယ္လိုတင္ရမလဲ၊ self-help kiosk ကိုဘယ္လိုသုံးရမလဲ၊ တန္းစီေစာင့္စရာမလိုဘဲေတြ႕တဲ့ပစၥည္းကိုဘယ္လိုျပန္ေပးရမလဲဆိုတာကို လြယ္ကူတဲ့နည္းလမ္းမ်ားျဖင့္ ေဝမွ်ေပးခဲ့တာဘဲျဖစ္ပါတယ္။
သို႔ေသာ္ ၎တို႔ရဲ႕ေမာ္ဒယ္၀န္ထမ္း Fadhly ရဲ႕ဓာတ္ပုံမ်ားက အာ႐ုံေထြျပားမႈထက္အနည္းငယ္ပိုေနသည္ကိုေတြ႕ခဲ့ရၿပီး ဝန္ထမ္း Fadhly ရဲ႕လက္ေမာင္းႂကြက္သားမ်ားက စကၤာပူအမ်ိဳးသမီးထုႀကီးရဲ႕အာ႐ုံကို ခ်က္ခ်င္းဖမ္းစားသြားေစခဲ့ၿပီး comment section တြင္မွာလည္း Fadhly ရဲ႕လက္ေမာင္းေၾကာင့္ ရဲစခန္းကို အေၾကာင္းမရွိဘဲ အခုဘဲတန္းသြားရေတာ့မလိုလိုနဲ႔ အခ်ိဳ႕ကလည္း Fadhly ရဲ႕သန္မာၿပီးေယာက္်ားပီသတဲ့႐ုပ္သြင္ကိုသာ အရင္ဆုံးျမင္မိေၾကာင္း အမ်ိဳးမ်ိဳးမွတ္ခ်က္ေပးခဲ့ၾကတာေၾကာင့္ ရဲစခန္းရဲ႕ေၾကျငာက လတ္တေလာ စကၤာပူ၌အိုးေလးတေက်ာ္ျဖစ္ေနလ်က္ရွိေနပါတယ္။
Mia (Mckzone daily)
Reference : mashable
Unicode
ဒါကရာဇ၀တ်မှုတော့မဟုတ်ပါဘူး၊ ဒါမဲ့လက်မောင်းကြွက်သားမှုပါဘဲ။ စင်္ကာပူနိုင်ငံရှိ Geylang Neigborhood Police Center (NPC) မှသင်ဆိုင်သူများဟာ ၎င်းတို့၏ Facebook စာမျက်နှာတွင် ဓာတ်ပုံများ (ဘူတာရုံတွင်လုပ်ရမည့်အခြေခံအလုပ်များအတွက်ညွှန်ကြားချက်များ) ကိုတင်ရန်ဆုံးဖြတ်လိုက်တဲ့အခါ ၎င်းတို့ဟာ အကောင်းဆုံးဖြစ်ရမယ်လို့ဆုံးဖြတ်ထားပုံရပြီး ၎င်းဓာတ်ပုံထဲ၌ တက်ကြွတဲ့ရဲအရာရှိတစ်ဦးကိုပါထည့်သွင်းကြေငြာစေခဲ့ပါတယ်။ ဒါဟာ လူအများအတွက် အဓိပ္ပာယ်အများကြီးရှိသွားခဲ့ပါတယ်။ သို့သော် Geylang NPC မျှော်လင့်မထားသည့်အချက်တစ်ခုမှာ ၎င်းတို့၏မော်ဒယ်ဝန်ထမ်း Sergeant Fadhly ကိုချီးကျူးသည့်မှတ်ချက်ပမာဏများစွာဘဲဖြစ်ပါတယ်။
Geylang NPC ဟာ အများပြည်သူများအား ရဲစခန်းသို့ချောချောမွေ့မွေ့အလျင်အမြန်ရောက်ရန်အကြံဥာဏ်များနှင့်လှည့်ကွက်များမျှဝေခြင်းဖြင့် လူတိုင်းရဲ့ဘဝကိုပိုမိုလွယ်ကူစေရန်ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းတို့ထုတ်ပြန်ကြေငြာပေးတဲ့ဓာတ်ပုံစီးရီးတွေထဲမှာ ၎င်းတို့က ရဲမှတ်တမ်းကိုဘယ်လိုတင်ရမလဲ၊ self-help kiosk ကိုဘယ်လိုသုံးရမလဲ၊ တန်းစီစောင့်စရာမလိုဘဲတွေ့တဲ့ပစ္စည်းကိုဘယ်လိုပြန်ပေးရမလဲဆိုတာကို လွယ်ကူတဲ့နည်းလမ်းများဖြင့် ဝေမျှပေးခဲ့တာဘဲဖြစ်ပါတယ်။
သို့သော် ၎င်းတို့ရဲ့မော်ဒယ်၀န်ထမ်း Fadhly ရဲ့ဓာတ်ပုံများက အာရုံထွေပြားမှုထက်အနည်းငယ်ပိုနေသည်ကိုတွေ့ခဲ့ရပြီး ဝန်ထမ်း Fadhly ရဲ့လက်မောင်းကြွက်သားများက စင်္ကာပူအမျိုးသမီးထုကြီးရဲ့အာရုံကို ချက်ချင်းဖမ်းစားသွားစေခဲ့ပြီး comment section တွင်မှာလည်း Fadhly ရဲ့လက်မောင်းကြောင့် ရဲစခန်းကို အကြောင်းမရှိဘဲ အခုဘဲတန်းသွားရတော့မလိုလိုနဲ့ အချို့ကလည်း Fadhly ရဲ့သန်မာပြီးယောက်ျားပီသတဲ့ရုပ်သွင်ကိုသာ အရင်ဆုံးမြင်မိကြောင်း အမျိုးမျိုးမှတ်ချက်ပေးခဲ့ကြတာကြောင့် ရဲစခန်းရဲ့ကြေငြာက လတ်တလော စင်္ကာပူ၌အိုးလေးတကျော်ဖြစ်နေလျက်ရှိနေပါတယ်။
Mia (Mckzone daily)
Be the first to comment on "ေၾကျငာတစ္ခုေၾကာင့္ အမ်ားျပည္သူအား အေၾကာင္းမရွိဘဲ ရဲစခန္းသို႔လာေအာင္ ဆြဲေဆာင္ေနခဲ့တဲ့ ရဲအရာရွိတစ္ဦး"