အိမ်အကူများဟာ မည်သည့်မိသားစုအတွက်မဆို မိသားစုရဲ့အစိတ်အပိုင်းတစ်ခုလိုပါဘဲ။ အချို့သောမိသားစုများအတွက် ၎င်းတို့ရဲ့အိမ်အကူများဟာ ၎င်းတို့နှင့်အတူရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။ နှောင်ဖွဲ့လာခဲ့တဲ့၎င်းတို့ရဲ့သံယောဇဉ်တွေက အဖိုးတန်လှပေမဲ့လည်း အိမ်အကူများဟာ ၎င်းတို့ရဲ့မူလမိသားစုထံသို့ပြန်ဖို့ဖြစ်လာတဲ့အခါ ၎င်းတို့ရဲ့မိသားစုအသစ်များအား စွန့်ခွါရမည့်အချိန်အခါသို့ရောက်လာရစမြဲပါဘဲ။ သို့ပေမဲ့ ထိုမလွှဲမရှောင်သောနေ့အတွက် ကျွန်ုပ်တို့မည်မျှပင်ပြင်ဆင်ထားခဲ့သည်ဖြစ်စေ၊ ၎င်းတို့နှင့်ခွဲခွာရန်ပို၍ ခက်ခဲနေတတ်ပါတယ်။ Tan Miguel Angelo အမည်ရှိအမျိုးသားဟာ သူမတို့ရဲ့အိမ်အကူနှင့် သူမတို့မိသားစုရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၂ ရက်နေ့တွင် YouTube ၌ဗီဒီယိုတစ်ခုကိုတင်ခဲ့ပါတယ်။
.
ထို ၄ မိနစ်စာဗီဒီယိုတွင် Miguel ဟာ ၎င်းတို့နှင့်အတူတူရှိခဲ့တဲ့ ရက်ပေါင်း ၅,၁၁၀ နှင့်နောက်ဆုံးနေ့မှာ သူတို့ချစ်တဲ့ Aunty Juliet လို့ခေါ်တဲ့အိမ်အကူအမျိုးသမီးရဲ့ဇာတ်လမ်းကိုပြောပြခဲ့ပါတယ်။ Aunty Juliet မရှိဘဲ ဘဝကိုရှေ့ဆက်ရတော့မဲ့တစ်ရက်အလိုမှာ Miguel တို့မိသားစုဟာ Juliet အား မျက်ရည်များစီးကျလျက် ပွေ့ဖက်နှုတ်ဆက်နေခဲ့ကြရပါတယ်။
.
ဗီဒီယိုရဲ့အစပိုင်းမှာ အိမ်ပြင်ရှိစင်္ကြ့လမ်းတစ်လျှောက်မှာ ရှိနေတဲ့ Juliet ရဲ့ခရီးဆောင်အိတ်များကိုပြသခဲ့ပြီး ၎င်းတို့အား နောက်ဆုံးနှုတ်ဆက်စကားပြောကြားနေစဉ်မှာ Miguel ရဲ့ညီနှင့်အစ်မတို့နှင့်ငယ်ငယ်ကတွဲရိုက်ထားတဲ့ဓာတ်ပုံပါတဲ့တီရှပ်ကိုဝတ်ထားတဲ့ Aunty Juliet ရဲ့တီရှပ်အင်္ကျီကိုလည်းပြသထားခဲ့ပါတယ်။
သူမ တက္ကစီထဲမဝင်ခင်ချိန်အထိတော့ သူတို့အားလုံးဟာ ရယ်ရယ်မောမောနဲ့စိတ်ကောင်းရှိနေတာကိုတွေ့နိုင်ပြီး Aunty Juliet သည်လည်း Miguel အားသူ့ရဲ့မောင်နှမတွေကိုဂရုစိုက်ရန်သတိပေးမှာကြားနေခဲ့ပါတယ်။
သို့ပေမဲ့ တက္ကစီကအဝေးသို့မောင်းထွက်သွားလိုက်တာနဲ့ Miguel ရဲ့ညီဖြစ်သူဟာ စတင်ပြီးငိုကြွေးလိုက်ပါတော့တယ်။ ထို့နောက် မျက်ရည်များကျခဲ့ရတဲ့တနေ့တာပြီးဆုံးသွားပြီးနောက်မှာ Aunty Juliet မပါတဲ့ဖြတ်သန်းရတဲ့ ၎င်းတို့မိသားစုရဲ့တစ်ရက်မြောက်နေ့ကိုပါ ဝမ်းနည်းစွာပြသခဲ့ပါသေးတယ်။
ထို့ပြင် Instagram ပို့စ်တစ်ခုတွင် Miguel က သူတို့မိသားစုရဲ့အိမ်အကူ Aunty Juliet ကို အခြားအလုပ်ရှင်တစ်ဦးထံမှလက်လွှဲယူခဲ့ပြီး ၎င်းတို့နှင့်အတူ လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းကပင်အတူရှိလာခဲ့သလို၊
သူမဟာ သူ့အသက် ၈ နှစ်ကတည်းကမိသားစုနှင့်အတူရှိနေခဲ့ပြီး သူမရောက်လာပြီးနောက် သူတို့အတွက် ဘဝကိုပိုမိုလွယ်ကူသွားစေခဲ့ကြောင်းထပ်မံပြောပြခဲ့ပါတယ်။ သူမထွက်သွားခြင်းနှင့်အတူ Miguel ဟာ ကျန်ရစ်ခဲ့တဲ့မိသားစုများအနေနဲ့ သူမမပါဘဲ ရှေ့ဆက်ရန်နှင့် အိမ်ကိုကိုယ်တိုင်ဂရုစိုက်ရတော့မည်ဖြစ်ကြောင်းဆိုခဲ့ပါတယ်။
အထူးသဖြင့် မိသားစုလိုချစ်ခင်ရတဲ့လူတစ်ယောက်ကိုခွဲခွါရတဲ့လူတစ်ယောက်အတွက်တော့ နှုတ်ဆက်ခြင်းဟာ မလွယ်ကူလှပါဘူး။ Aunty Juliet လည်း ကဲ့သို့တူညီတဲ့ခံစားချက်တွေကိုခံစားနေရလိမ့်မယ်လို့ထင်မိပါတယ်ဗျာ။
Mia (Mckzone daily)
Reference :
Be the first to comment on "၁၄ နှစ်ကြာအတူရှိနေခဲ့ပြီးနောက် မွေးရပ်မြေသို့ပြန်တော့မဲ့အိမ်အကူအား နှုတ်ဆက်ခဲ့ပေမဲ့ သူမထွက်သွားတဲ့အခါမှ ငိုကြွေးရင်းကျန်ရစ်ခဲ့ရတဲ့ မိသားစုဝင်များ (ရုပ်သံ)"