တရုတ်လို “ရတနာလေးပါး” လို့အဓိပ္ပါယ်ရတဲ့ Si Bao အမည်ရှိခွေးမလေးရဲ့နာမည်ကို သခင်ဖြစ်သူက ပေးခဲ့တာဖြစ်ပါတယ်။ သို့ပေမဲ့ Si Bao ရဲ့သခင်မှာ အခြားမြို့သို့ပြောင်းရွှေ့သွားတဲ့အခါ သူမက အိုးမဲ့အိမ်မဲ့အဖြစ် ထိုနေရာ၌သာကျန်ရစ်ခဲ့ရပါတယ်။ Si Bao ဟာ စွန့်ပစ်ခံရပြီးသိပ်မကြာခင်မှာ သူမအတွက် ကြေကွဲဖွယ်မတော်တဆမှုတစ်ခုပါထပ်ပြီးဖြစ်ပွါးခဲ့ပါတယ်။ သူမဟာ အမြန်ရထားတစ်စီးရဲ့ရှေ့မှာပြေးလွှားနေခဲ့ပြီးနောက် သူမရဲ့ခြေနှစ်ချောင်းစလုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။
ယခုအခါ Si Bao ဟာ သူမရဲ့ရှေ့ခြေထောက်နှစ်ချောင်းကိုသာအသုံးပြုနိုင်တော့သလို ဘဝက သူမကိုလုံးဝမစာနာခဲ့ပေမဲ့ သူမဟာ အခုချိန်ထိ အသက်ရှင်ကာ ခိုင်မြဲစွာ တည်ရှိနေဆဲဖြစ်ပါတယ်။ ထို့ပြင် ယခု Si Bao ဟာ ခွေးပေါက်လေးကောင်တောင်မွေးခဲ့ပြီး ၎င်းတို့ကို သူမကိုယ်တိုင်သာ ဂရုစိုက်ပေးနေပါတယ်။
Si Bao ရဲ့ပတ်ဝန်းကျင်မှာ ကြင်နာတတ်တဲ့ဒေသခံများအမြဲရှိနေတတ်သလို Si Bao က ခွေးလေခွေးလွင့်ဖြစ်ပေမဲ့လည်း သူမက လူအများနှင့်ဆက်သွယ်ရန် ဘယ်တော့မှမကြောက်လန့်နေပါဘူး။
ဝမ်းသာစရာကောင်းတာကတော့ ကြင်နာတတ်တဲ့လူတစ်ယောက်က Si Bao နှင့်သူမရဲ့ကလေးများကို မွေးစားရန်ဆုံးဖြတ်လိုက်တာပါဘဲ။ အဆိုပါကြင်နာတတ်တဲ့လူတစ်ယောက်ရဲ့လူနေမှုဘ၀က မကောင်းမွန်ပေမဲ့လည်း Si Bao နှင့်သူမရဲ့ကလေးများကိုထောက်ပံ့ပေးနိုင်တဲ့စွမ်းရည်တော့ရှိပါသေးတယ်။
Si Bao ဟာ လမ်းများပေါ်မှာ သူမရဲ့သန်မာတဲ့ရှေ့ခြေထောက်နှစ်ချောင်းဖြင့် ထော့နဲ့ထော့နဲ့လျှောက်ပြီး သူမရဲ့ကလေးများကိုစောက်ရှောက်နေတဲ့ပုံက မြင်ရသူတိုင်းကို အလွန်ဝမ်းနည်းကြေကွဲစေပါတယ်။
သူမက ခွေးတစ်ကောင်သာဖြစ်ကောင်းဖြစ်နိုင်တယ် ၊ဒါပေမဲ့ မိခင်တစ်ယောက်အနေနှင့် သူမရဲ့ကလေးတွေအတွက် သူမတတ်နိုင်သမျှလုပ်ပေးနေတဲ့ သူမရဲ့အပြုအမူများက ချီးကျူးလေးစားထိုက်သည်မှာအသေအချာပါဘဲ။
Si Bao နှင့် သူမရဲ့ခွေးပေါက်လေးတွေက ၎င်းတို့ရဲ့မိသားစုသစ်နဲ့အတူ ပျော်ရွှင်စွာနေသွားနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "ရှေ့ခြေထောက်နှစ်ချောင်းဖြင့် ထော့နဲ့ထော့နဲ့လမ်းလျှောက်ရင်း ကလေးတွေကိုစောင့်ရှောက်ပေးနေခဲ့တဲ့ ခွေးမကြီးရဲ့မိခင်မေတ္တာ"