တင်ပါး ယားလို့ဆိုပြီး ပုလင်းနဲ့ကုတ်ရင်း ချော်ထွက်သွားလို့ စအိုပေါက်ထဲပုလင်းဝင်သွားတာပါဆိုတဲ့ အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖင်ယားလို့ကုတ်တာဆိုတာက လူတိုင်း လူမမြင်ကွယ်ရာမှာလုပ်လေ့ရှိတဲ့ကိစ္စဆိုပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့အမျိုးသားကတော့ ဖင်ယားလို့ကုတ်ရင်ကနေ ဆေးရုံကိုတောင်တင်လိုက်ရတာပါ ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ 7လက်မအရှည်ရှိတဲ့ ပုလင်းနှင့်၎င်းရဲ့တင်ပါးကိုကုတ်ရင်းကနေ ချော်ထွက်သွားပြီးနောက် သူ၏စအိုပေါက်ထဲမှာ အဆိုပါပုလင်းကစိုက်ဝင်သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့November 1 ရက်နေ့က Mr Wen အမည်ရှိတဲ့အမျိုးသားဟာ 2လက်မအကျယ်ရှိတဲ့ ပုလင်းအပေါက်ဝက စအိုပေါက်မှာစိုက်ဝင်နေပြီး ခက်ခဲစွာလမ်းလျှောက်ရင်း ဆေးရုံသို့ရောက်ရှိလာခဲ့တဲ့အဖြစ်ကြောင့် အဆိုပါအဖြစ်အပျက်ဟာ လူသိရှင်ကြားဖြစ်သွားခဲ့ရတာပါ ။

ဆေးအကူဝန်ထမ်းများကိုတော့ Mr Wen ဟာ အဆိုပါပုလင်းနဲ့တင်ပါး ယားယံနေတာကိုကုတ်ဖို့လုပ်နေရင်းနဲ့ အရှည် 7လက်မနဲ့ အကျယ် 2လက်မရှိတဲ့ပုလင်းကြီးက သူ၏စအိုပေါက်အတွင်းသို့ ချော်ပြီးဝင်ရောက်သွားခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ X-ray ရိုက်ပြီးစစ်ဆေးပြီးခဲ့ချိန်မှာတော့ ပုလင်းဟာစအိုပေါက်ထဲအမှန်တကယ် ဝင်ရောက်သွားခဲ့တာဖြစ်တဲ့အတွက် Mr Wen ဟာခွဲစိတ်ကုသမှုခံယူပြီး စအိုပေါက်ထဲက ပုလင်းရှည်ကြီးကိုပြန်ထုတ်ခဲ့ရပါတယ် ။

ကုသမှုခံယူပြီးနောက် Mr Wen ဟာ တည်ငြိမ်တဲ့အခြေအနေမျိုးသို့ ပြန်ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါပုလင်းဟာ တရုတ်ရိုးရာခြင်နိုင်ဆေးပုလင်းဖြစ်နေခဲ့၍ မည်သည့်အကြောင်းကြောင့် အဆိုပါပုလင်းကစအိုပေါက်မှာ ခံနေရတာလည်းဆိုပြီး လူအများကထူးဆန်းလွန်နေပြီး အတော်လေးကိုစပ်စုချင်နေခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တင်ပါး ယားလို့ဆိုပြီး ပုလင်းနဲ့ကုတ်ရင်း ချော်ထွက်သွားလို့ စအိုပေါက်ထဲပုလင်းဝင်သွားတာပါဆိုတဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*