သားရဲ႕ အိမ္စာကိုလုပ္ကူရင္း စိတ္မထိန္းႏိုင္ဘဲ အိပ္ေဆးအလြန္အကြၽံေသာက္ခဲ့လို႔ ေဆးရံုေရာက္သြားခဲ့ရတဲ့ မိခင္အျဖစ္

မိခင္ေတြတိုင္းကေတာ့ သားသမီးေတြရဲ႕ပညာေရးကိုအေလးထားၿပီး ၊ အားတက္သေရာ ေက်ာင္းကိစၥေတြမွာ ပါဝင္တတ္ေလ့႐ွိၾကပါတယ္ ။ သို႔ေပမဲ့လည္း အကန္႔အသတ္တစ္ခုအေနနဲ႔သာ ပါဝင္သင့္ပါတယ္ ။ တစ္ခ်ိဳ႕ေသာ မိခင္ေတြဆိုရင္ သူတို႔ရဲ႕ က်န္းမာေရးေတြကို ထိခိုက္ေစတဲ့အထိ သားသမီးပညာေရးေတြမွာ ပါဝင္တတ္ေလ့႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Wuhan ၿမိဳ႕မွာေနထိုင္လ်က္႐ွိတဲ့ မိခင္တစ္ဦးဟာ သားျဖစ္သူကို စာ႐ွင္းျပရင္း စိတ္ဆိုးေဒါသထြက္လာလို႔ စိတ္ၿငိမ္သြားခဲ့ေအာင္ အိပ္ေဆး 7လံုးခန္႔ေသာက္သံုးခဲ့မိလို႔ ေဆးရံုတင္လိုက္တဲ့အထိျဖစ္ပ်က္ခဲ့ပါတယ္ ။

Xu အမည္႐ွိတဲ့မိခင္တစ္ဦးဟာ သူမရဲ႕ 7ႏွစ္အရြယ္သားျဖစ္သူကို က်ဴ ႐ွင္ေပါင္းစံုထားေပးခဲ့တဲ့အျပင္ သားျဖစ္သူရဲ႕အိမ္စာအတြက္ ၎တို႔လင္မယားႏွစ္ေယာက္လံုး တစ္ေယာက္တစ္လွည့္စီ တာဝန္ယူခဲ့ၾကပါတယ္ ။ တစ္ရက္မွာေတာ့ သားျဖစ္သူရဲ႕ စာေမးပြဲဟာ အေတာ္နီးကပ္ေနၿပီး သားျဖစ္သူအဆင့္က်သြားမွာေၾကာက္လြန္းတဲ့ Xu ဟာ သားေလးရဲ႕သခ်ာၤအိမ္စာကို ကူညီၿပီး သင္ၾကားေပးခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သားေလးဟာ အိမ္စာတစ္ပုဒ္ကို နာရီဝက္ခန္႔႐ွင္းျပခဲ့ေပးမဲ့ လံုးဝနားမလည္ခဲ့တဲ့အတြက္ Xu ဟာ သားေလးကိုေအာ္ေငါက္ပစ္ခဲ့ပါေတာ့တယ္ ။

Xu ရဲ႕ေဒါသသံကိုၾကားေတာ့ ခင္ပြန္းျဖစ္သူဟာ သားေလးကို သူသင္ၾကားေပးမယ္လို႔ေျပာၿပီး Xu ကိုအနားယူခိုင္းခဲ့ပါတယ္ ။ Xu ဟာလည္း သူမရဲ႕ေဒါသစိတ္ေတြကို ထိန္းႏိုင္ေအာင္ အိပ္ေဆး 7 လံုးကို တစ္ၿပိဳင္နက္တည္း ေသာက္သံုးခဲ့ပါေတာ့တယ္ ။ ေနာက္မွသူမဟာ အေတာ္ေလးမူးေနာက္ေနာက္ျဖစ္လာၿပီး ၊ အသက္႐ႈရခက္လာခဲ့တဲ့အတြက္ ခင္ပြန္းကိုေအာ္ေခၚၿပီးေဆးရံုသို႔ အလ်င္အျမန္သြားေရာက္ကုသခဲ့ရပါတယ္ ။ ဆရာဝန္က Xu ရဲ႕အိပ္ေဆးေသာက္ခဲ့ရတဲ့အျဖစ္ကို သိ႐ွိခဲ့ၿပီးေနာက္ အေတာ္ေလးရယ္ေမာခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင်တွေတိုင်းကတော့ သားသမီးတွေရဲ့ပညာရေးကိုအလေးထားပြီး ၊ အားတက်သရော ကျောင်းကိစ္စတွေမှာ ပါဝင်တတ်လေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း အကန့်အသတ်တစ်ခုအနေနဲ့သာ ပါဝင်သင့်ပါတယ် ။ တစ်ချို့သော မိခင်တွေဆိုရင် သူတို့ရဲ့ ကျန်းမာရေးတွေကို ထိခိုက်စေတဲ့အထိ သားသမီးပညာရေးတွေမှာ ပါဝင်တတ်လေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Wuhan မြို့မှာနေထိုင်လျက်ရှိတဲ့ မိခင်တစ်ဦးဟာ သားဖြစ်သူကို စာရှင်းပြရင်း စိတ်ဆိုးဒေါသထွက်လာလို့ စိတ်ငြိမ်သွားခဲ့အောင် အိပ်ဆေး 7လုံးခန့်သောက်သုံးခဲ့မိလို့ ဆေးရုံတင်လိုက်တဲ့အထိဖြစ်ပျက်ခဲ့ပါတယ် ။

Xu အမည်ရှိတဲ့မိခင်တစ်ဦးဟာ သူမရဲ့ 7နှစ်အရွယ်သားဖြစ်သူကို ကျူ ရှင်ပေါင်းစုံထားပေးခဲ့တဲ့အပြင် သားဖြစ်သူရဲ့အိမ်စာအတွက် ၎င်းတို့လင်မယားနှစ်ယောက်လုံး တစ်ယောက်တစ်လှည့်စီ တာဝန်ယူခဲ့ကြပါတယ် ။ တစ်ရက်မှာတော့ သားဖြစ်သူရဲ့ စာမေးပွဲဟာ အတော်နီးကပ်နေပြီး သားဖြစ်သူအဆင့်ကျသွားမှာကြောက်လွန်းတဲ့ Xu ဟာ သားလေးရဲ့သချာၤအိမ်စာကို ကူညီပြီး သင်ကြားပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း သားလေးဟာ အိမ်စာတစ်ပုဒ်ကို နာရီဝက်ခန့်ရှင်းပြခဲ့ပေးမဲ့ လုံးဝနားမလည်ခဲ့တဲ့အတွက် Xu ဟာ သားလေးကိုအော်ငေါက်ပစ်ခဲ့ပါတော့တယ် ။

Xu ရဲ့ဒေါသသံကိုကြားတော့ ခင်ပွန်းဖြစ်သူဟာ သားလေးကို သူသင်ကြားပေးမယ်လို့ပြောပြီး Xu ကိုအနားယူခိုင်းခဲ့ပါတယ် ။ Xu ဟာလည်း သူမရဲ့ဒေါသစိတ်တွေကို ထိန်းနိုင်အောင် အိပ်ဆေး 7 လုံးကို တစ်ပြိုင်နက်တည်း သောက်သုံးခဲ့ပါတော့တယ် ။ နောက်မှသူမဟာ အတော်လေးမူးနောက်နောက်ဖြစ်လာပြီး ၊ အသက်ရှုရခက်လာခဲ့တဲ့အတွက် ခင်ပွန်းကိုအော်ခေါ်ပြီးဆေးရုံသို့ အလျင်အမြန်သွားရောက်ကုသခဲ့ရပါတယ် ။ ဆရာဝန်က Xu ရဲ့အိပ်ဆေးသောက်ခဲ့ရတဲ့အဖြစ်ကို သိရှိခဲ့ပြီးနောက် အတော်လေးရယ်မောခဲ့သေးကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သားရဲ႕ အိမ္စာကိုလုပ္ကူရင္း စိတ္မထိန္းႏိုင္ဘဲ အိပ္ေဆးအလြန္အကြၽံေသာက္ခဲ့လို႔ ေဆးရံုေရာက္သြားခဲ့ရတဲ့ မိခင္အျဖစ္"

Leave a comment

Your email address will not be published.


*