နေအိမ်ရဲ့မျက်နှာကြက်မှာ မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ ဧရာမစပါးအုံးမြွေကြီးကို စုပေါင်းပြီးဖမ်းခဲ့ရတဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံရှိနေအိမ်တစ်ခုရဲ့ မျက်နှာကြက်ပေါ်မှာ ပုန်းခိုနေခဲ့တဲ့ ဧရာမစပါးအုံးမြွေကို တွေ့ရှိခဲ့ရလို့ အိမ်ရှင်တွေဟာ အတော်လေး အံ့သြထိတ်လန့်သွားခဲ့ရပါတယ် ။ လူဦးရေထူထပ်တဲ့ မြို့မှာ ယခုလို ဧရာမမြွေကြီးတွေ့ခဲ့ရတာဟာ လူအများကိုအတော်လေးအံ့သြထိတ်လန့်စေခဲ့ပါသေးတယ် ။ ထို့ကြောင့် အဆိုပါအိမ်ရှင်ဟာ မီးသတ်တပ်ဖွဲ့ရဲ့ အကူအညီနဲ့ အဆိုပါမြွေကြီးကို အိမ်အပြင်ဖက်သို့ ဖယ်ထုတ်နိုင်အောင် ကြိုးစားခဲ့ရတာကို video ထဲမှာတွေ့ရှိရမှာပါ ။ ထို့အပြင် မြွေကြီးဟာ အတော်လေးအရွယ်အစားကြီးနေတာကို video ထဲမှာ အထင်းသားကြီးတွေ့မြင်ရမှာပါ ။

Video ထဲမှာတော့ မီးသတ်သမားတစ်ဦးဟာ မြွေရဲ့ခေါင်းကိုတုတ်ဖြင့် မြဲနေအောင်ညှပ်ထားပြီးနောက် ၊ ကျန်တစ်ယောက်မှာတော့ မြွေကိုမျက်နှာကြက်ကနေရအောင် ဆွဲထုတ်နေခဲ့တာပါ ။ ထို့နောက် မြွေကိုအိမ်အပြင်ဖက်သို့ ဖမ်းဆွဲခေါ်ထုတ်သွားခဲ့ကြပါတယ် ။

အဆိုပါ video ဟာကြည့်ရှုသူ အများအပြားရရှိခဲ့ပြီး၊ ပြန်လည်ဝေမျှသူလည်း များစွာရှိခဲ့ပါတယ် ။ ထို့အပြင် အိမ်အတွင်း မြွေများခိုအောင်းနိုင်ကြောင်းကိုလည်း လူတွေကို သတိဝီရိယရှိစေခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "နေအိမ်ရဲ့မျက်နှာကြက်မှာ မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ ဧရာမစပါးအုံးမြွေကြီးကို စုပေါင်းပြီးဖမ်းခဲ့ရတဲ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*