ဇနီးသည် ထွက်မပြေးနိုင်အောင် လည်ပင်းကိုသံကြိုးနဲ့ ခတ်ထားခဲ့ပြီး ပြင်းထန်စွာနှိပ်စက်ခဲ့တဲ့ အမျိုးသားရဲ့လုပ်ရပ်
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ December 19 ရက်နေ့က မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ Bintulu မြျို့မှာ နေထိုင်တဲ့နေအိမ်တစ်အိမ်က မနက် 9နာရီအချိန်ခန့်မှာ ၎င်းတို့ရဲ့အိမ်နီးချင်းအိမ်မှ အော်ဟစ်အကူအညီတောင်းခံသံကိုကြားခဲ့ရတဲ့ ရဲဌာနသို့တိုင်ကြားခဲ့ပါတယ် ။ ရဲအရာရှိများကလည်း တိုင်ကြားချက်ရရှိခဲ့၍ အဆိုပါနေအိမ်သို့အလျင်အမြန်သွားရောက်ခဲ့ပေမဲ့လည်း အိမ်ဝိုင်းတံခါးဟာ ပိတ်ထားခဲ့ပါတယ် ။ ထို့နောက် အော်ဟစ်မေးမြန်းခဲ့ချိန်မှာတော့ အိမ်ထဲမှအော်သံကိုကြားနေခဲ့ရ၍ အိမ်တံခါးဖျက်ပြီး အိမ်ထဲသို့ဝင်ရောက်ခဲ့ရပါတယ် ။
အိမ်ထဲသို့ဝင်ရောက်တာနဲ့ ဧည့်ခန်းမှာ ကလေးငယ်လေးနှစ်ယောက်ဟာ ကြောက်လန့်တကြားထိုင်နေခဲ့တာကို တွေ့ရှိခဲ့ပါတယ် ။ ထို့နောက် အော်သံအတိုင်း လိုက်လံစစ်ဆေးခဲ့ရာ အိပ်ခန်းထဲမှ အမျိုးသမီးတစ်ဦးရဲ့လည်ပင်မှာ သံကြိုးတွေနဲ့ခတ်ထားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ် ။ ထို့အပြင် သူမထွက်ပြေးသွားခဲ့မှာကို ကြောက်၍ သူမရဲ့လည်ပင်းမှသံကြိုးကို ကုတင်ဖြင့်ချိတ်ဆက်ထားပြီး အိပ်ခန်းအတွင်းထဲထိသာ သံကြိုးအရှည်ရှိခဲ့ပါတယ် ။ ထို့အပြင် သူမဟာ ဒဏ်ရာများစွာရရှိထားတာဖြစ်တဲ့ အတွက်အိမ်တွင်းနှိပ်စက်ခြင်းခံခဲ့ရတာဖြစ်ပါတယ် ။
ထို့နောက် သူမကို ရဲအရာရှိများက ကယ်တင်ပြီးဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ပါတယ် ။ သူမ၏ကလေးငယ်နှစ်ယောက်ထဲမှ တစ်ယောက်မှာ သူမအရင်းယောင်္ကျားနဲ့ရထားတဲ့ကလေးဖြစ်ပြီး ၊ ကျန်တစ်ယောက်မှာတော့ ယခု ခင်ပွန်းနှင့်ရရှိထားသောကလေးဖြစ်ပေမဲ့လည်း ကလေးငယ်နှစ်ယောက်လုံးဟာလည်း ဖခင်ဖြစ်သူရဲ့နှိပ်စက်ခြင်းကို ခံခဲ့ရပါတယ် ။ သူမရဲ့ ယခုခင်ပွန်းဟာ သူမကိုနှိပ်စက်ညှင်းပန်းခဲ့တာဖြစ်ပေမဲ့လည်း သူမဟာ ယခုအချိန်အထိ အမှုဖွင့်တိုင်ကြားတာမျိုးလုံးဝ မရှိသေးကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "ဇနီးသည် ထွက်မပြေးနိုင်အောင် လည်ပင်းကိုသံကြိုးနဲ့ ခတ်ထားခဲ့ပြီး ပြင်းထန်စွာနှိပ်စက်ခဲ့တဲ့ အမျိုးသားရဲ့လုပ်ရပ်"
Leave a comment
Your email address will not be published.
*