9နှစ်အရွယ်ကောင်မလေးကို နေ့ခင်ကြောင်တောင် အနောက်ကနေအတင်းပွေ့ဖက်ပြီး မျိုးပွားအင်္ဂါကိုပွတ်သပ်ခဲ့တဲ့ အမျိုးသား(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သော ကလေးငယ်တွေကို ကိုယ်ထိလက်ရောက်ပွတ်သပ်ပြီး အာသာဖြေတတ်ကြတဲ့ အကျင့်ရှိသူများကတော့ အခွင့်အရေးရရင်ရသလို ကိုယ်တွေမထင်ထားခဲ့တဲ့နေရာတွေမှာပါ ပြုမှုအနိုင်ကျင့်တက်ကြပါတယ် ။ ဒီတစ်ခေါက် CCTV ကနေရိုက်ယူထားခဲ့တဲ့ video တစ်ခုမှာတော့ အဆိုပါ နာဗူးကောင်ဟာ သူ၏ဆိုင်ကယ်ကို အနီးအနားတစ်နေရာမှာရပ်လိုက်ပြီးနောက် ၊ သန့်စင်ခန်းတစ်နေရာသို့ လမ်းလျှောက်သွားခဲ့ကာ အနီးဝန်းကျင်မှာဆော့ကစားနေခဲ့တဲ့ ကလေးမလေးနှစ်ယောက်ကို လက်ယက်ခေါ်ခဲ့ပါတယ် ။

ထို့နောက် ကလေးမလေးဟာ သန့်စင်ခန်းအတွင်းသို့ရောက်ရှိလာခဲ့ချိန်မှာတော့ အဆိုပါ နာဗူးကောင်ဟာ ကောင်မလေးကိုအနောက်ကနေ အတင်းပွေ့ဖက်ပြီးနောက် ကောင်မလေးရဲ့ဘောင်းဘီထဲလက်ထည့်ကာ မျိုးပွားအင်္ဂါကို အတင်းပွတ်သတ်ခဲ့ပါတော့တယ် ။ အတော်လေးကြောက်လန့်သွားပုံရတဲ့ကောင်မလေးဟာ အတင်းထွက်ပြေးသွားခဲ့ပြီးနောက် ၊ အဆိုပါအမျိုးသားမှာလည်း မသိမသာလေး သန့်စင်ခန်းထဲကနေထွက်လာခဲ့ပြီး ၊ ကလေးမလေးကို ထပ်ပြီးလှန်းကြည့်ခဲ့ပြီးမှ သူ၏ဆိုင်ကယ်ရှိရာနေရာသို့ ထွက်သွားခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက်ဟာ ညနေ 6:30 အချိန်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကောင်မလေးဟာလည်း သူမရဲ့ဖခင်ကိုပြန်တိုင်ကြားခဲ့၍ ဖခင်ဖြစ်သူမှာရဲဌာနသို့ တိုင်ကြားခဲ့ပါတယ် ။ ကောင်မလေးမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမျိုးတော့ မရှိပေမဲ့လည်း ၊ အဆိုပါအဖြစ်အပျက်ကိုရဲအရာရှိများက ရှာဖွေစစ်ဆေးပြီး ဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "9နှစ်အရွယ်ကောင်မလေးကို နေ့ခင်ကြောင်တောင် အနောက်ကနေအတင်းပွေ့ဖက်ပြီး မျိုးပွားအင်္ဂါကိုပွတ်သပ်ခဲ့တဲ့ အမျိုးသား(ရုပ်သံ)"

Leave a comment

Your email address will not be published.


*