မီးဖြားေနတဲ့ဇနီးသည္ ရယ္ေမာႏိုင္ေစရန္အတြက္ မီးဖြားခန္းထဲမွာ ကျပခဲ့တဲ့ အခ်စ္ပိုလြန္းတဲ့ ခင္ပြန္းသည္ရဲ႕ (႐ုပ္သံ)

ဇနီးသည္ကိုအားေပးဖို႔အတြက္ မီးဖြားခန္းထဲကိုလိုက္ဝင္ခဲ့ၾကတဲ့ ခင္ပြန္းသည္ေတြကို အခ်စ္ႀကီးလြန္းတယ္လို႔ဆိုၾကပါတယ္ ။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံက ခင္ပြန္းသည္တစ္ေယာက္ကေတာ့ ထင္ထားတာထက္အခ်စ္ပိုလြန္းတယ္လို႔ ဆိုရမွာပါပဲ ။ Hainan ျပည္နယ္မွာေနထိုင္တဲ့ အမ်ိဳးသမီးတစ္ဦးဟာၿပီးခဲ့တဲ့ June 27 ရက္ေန႔ မနက္3နာရီမွာ ေမြးဖြားဖို႔အတြက္ ေဆးရံုသို႔အလ်င္အျမန္သြားေရာက္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Wang အမည္႐ွိတဲ့ ခင္ပြန္းျဖစ္သူမွာလည္း အျခားေသာခင္ပြန္းသည္ေတြလို ေမြးခန္းထဲအထိ လိုက္ဝင္ခဲ့ပါတယ္ ။

ပထမဆံုးအႀကိမ္ မီးဖြားျခင္းျဖစ္ၿပီး ၊ အသက္အရြယ္မွာလည္း 35ႏွစ္အထက္ျဖစ္ေနတဲ့ ဇနီးသည္မွာ မီးဖြားရန္အတြက္ စိတ္လႈပ္႐ွားေနခဲ့ပါတယ္ ။ Wang မွာ ဇနီးသည္၏နာက်င္ခံစားေနရမႈကို မၾကည့္ႏိုင္ေတာ့ဘဲ ဇနီးသည္နာက်င္မႈေလ်ာ့ပါးသြားေစရန္အတြက္ ဆရာဝန္ကိုထံုေဆးထိုးေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။ ထို႔ေနာက္ အကဆရာတစ္ဦးအေနနဲ႔ အလုပ္လုပ္ကိုင္ေနခဲ့တဲ့ Wang ဟာ အၾကံဥာဏ္တစ္ခုရလာၿပီး ” မိန္းမ ငါမင္းကိုကျပမယ္ ၊ ေသခ်ာတာကေတာ့ ငါကတာကိုမင္းၾကည့္လိုက္ရင္ မင္းတအားမနာက်င္ေတာ့ဘူး ” ဟုဆိုၿပီး သီခ်င္းကိုဖြင့္ကာ သူ၏ဇနီးသည္ရဲ႕ ေမြးကုတင္ေ႐ွ႕မွာ တ႐ုတ္႐ိုးရာအကကို ကျပခဲ့ပါတယ္ ။

ကံေကာင္းစြာနဲ႔ ဇနီးသည္ျဖစ္သူမွာလည္း အာရံုေျပာင္းသြားႏိုင္ခဲ့ၿပီး ခင္ပြန္းျဖစ္သူရဲ႕ကျပေဖ်ာ္ေျဖမႈကိုၾကည့္ကာ တခစ္ခစ္ရယ္ေမာခဲ့ပါတယ္ ။ ေဆးရံုက ဝန္ထမ္းတစ္ဦးမွာလည္း Wang ၏ခ်စ္ဖို႔ေကာင္းလွတဲ့ ကျပေဖ်ာ္ေျဖမႈကို အလ်င္အျမန္ video record လုပ္ၿပီး ႐ုပ္ကူးႏိုင္ခဲ့ပါတယ္ ။ မၾကာခင္မွာပဲ သားေယာက်ၤားေလးကို အႏၱရာယ္ကင္းကင္းစြာေမြးဖြားႏိုင္ခဲ့ၿပီး Wang ႏွင့္ သူ၏ဇနီးမွာ ေပ်ာ္ရႊင္စြာနဲ႔ သူတို႔ရဲ႕သားဦးေလးကို ႀကိဳဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဇနီးသည်ကိုအားပေးဖို့အတွက် မီးဖွားခန်းထဲကိုလိုက်ဝင်ခဲ့ကြတဲ့ ခင်ပွန်းသည်တွေကို အချစ်ကြီးလွန်းတယ်လို့ဆိုကြပါတယ် ။ ဒါပေမဲ့ တရုတ်နိုင်ငံက ခင်ပွန်းသည်တစ်ယောက်ကတော့ ထင်ထားတာထက်အချစ်ပိုလွန်းတယ်လို့ ဆိုရမှာပါပဲ ။ Hainan ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာပြီးခဲ့တဲ့ June 27 ရက်နေ့ မနက်3နာရီမှာ မွေးဖွားဖို့အတွက် ဆေးရုံသို့အလျင်အမြန်သွားရောက်ခဲ့ပါတယ် ။ ထို့ကြောင့် Wang အမည်ရှိတဲ့ ခင်ပွန်းဖြစ်သူမှာလည်း အခြားသောခင်ပွန်းသည်တွေလို မွေးခန်းထဲအထိ လိုက်ဝင်ခဲ့ပါတယ် ။

ပထမဆုံးအကြိမ် မီးဖွားခြင်းဖြစ်ပြီး ၊ အသက်အရွယ်မှာလည်း 35နှစ်အထက်ဖြစ်နေတဲ့ ဇနီးသည်မှာ မီးဖွားရန်အတွက် စိတ်လှုပ်ရှားနေခဲ့ပါတယ် ။ Wang မှာ ဇနီးသည်၏နာကျင်ခံစားနေရမှုကို မကြည့်နိုင်တော့ဘဲ ဇနီးသည်နာကျင်မှုလျော့ပါးသွားစေရန်အတွက် ဆရာဝန်ကိုထုံဆေးထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ထို့နောက် အကဆရာတစ်ဦးအနေနဲ့ အလုပ်လုပ်ကိုင်နေခဲ့တဲ့ Wang ဟာ အကြံဉာဏ်တစ်ခုရလာပြီး ” မိန်းမ ငါမင်းကိုကပြမယ် ၊ သေချာတာကတော့ ငါကတာကိုမင်းကြည့်လိုက်ရင် မင်းတအားမနာကျင်တော့ဘူး ” ဟုဆိုပြီး သီချင်းကိုဖွင့်ကာ သူ၏ဇနီးသည်ရဲ့ မွေးကုတင်ရှေ့မှာ တရုတ်ရိုးရာအကကို ကပြခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ ဇနီးသည်ဖြစ်သူမှာလည်း အာရုံပြောင်းသွားနိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့ကပြဖျော်ဖြေမှုကိုကြည့်ကာ တခစ်ခစ်ရယ်မောခဲ့ပါတယ် ။ ဆေးရုံက ဝန်ထမ်းတစ်ဦးမှာလည်း Wang ၏ချစ်ဖို့ကောင်းလှတဲ့ ကပြဖျော်ဖြေမှုကို အလျင်အမြန် video record လုပ်ပြီး ရုပ်ကူးနိုင်ခဲ့ပါတယ် ။ မကြာခင်မှာပဲ သားယောင်္ကျားလေးကို အန္တရာယ်ကင်းကင်းစွာမွေးဖွားနိုင်ခဲ့ပြီး Wang နှင့် သူ၏ဇနီးမှာ ပျော်ရွှင်စွာနဲ့ သူတို့ရဲ့သားဦးလေးကို ကြိုဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မီးဖြားေနတဲ့ဇနီးသည္ ရယ္ေမာႏိုင္ေစရန္အတြက္ မီးဖြားခန္းထဲမွာ ကျပခဲ့တဲ့ အခ်စ္ပိုလြန္းတဲ့ ခင္ပြန္းသည္ရဲ႕ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*