ရက်စက်ယုတ်မာတဲ့နည်းလမ်းနဲ့ ကလေးငယ်ရဲ့မွေးနေ့ပွဲကို ကျင်းပပေးခဲ့ကြတဲ့ မိဘများ (ရုပ်သံ)


Video ကြည့်ရန် ရုပ်ပုံကိုနှိပ်ပါ


Video ကြည့်ရန် ရုပ်ပုံကိုနှိပ်ပါ


Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မွေးနေ့ပွဲဆိုတဲ့အရာက ကလေးငယ်တွေအတောင်းတဆုံး ၊ အလိုချင်ဆုံး သူတို့အတွက်အောင်ပွဲခံရမယ့် ပွဲလေးလိုပါပဲ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမယ့် မိသားစုဝင်တွေအကုန်လုံးဟာ ကလေးငယ်ရဲ့မွေးနေ့ပွဲကို ရုပ်ဆိုးအကျည်းတန်စွာ ဖျက်ဆီးပစ်ခဲ့တာပါပဲ ။ အဆိုပါ Video ကိုတော့ Cik Anas(@anas-cik) အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က ဝေမျှထားခဲ့တာပါ ။ Video ထဲမှာတော့ ကလေးငယ်ဟာ သူ၏မွေးနေ့ကိတ်ကို မိသားစုဝင်တွေစုံစုံလင်လင်နဲ့ ခွဲဖို့လုပ်ခဲ့ပေမဲ့လည်း မိသားစုဝင်များက ကလေးငယ်၏ဦးခေါင်းတည့်တည့် ကြက်ဥတွေနဲ့ ရိုက်ခွဲ ခဲ့တဲ့အပြင် ၊ ကြက်ဥထည့်ထားတဲ့အိုးနဲ့ပါ အားရပါးရလောင်းချခဲ့ကြပါတယ် ။

သို့ပေမဲ့လည်း ကလေးငယ်ဟာ လက်မချော့ပဲ သူ၏မွေးနေ့ကိတ်ကိုခွဲဖို့ ဓားလေးကိုင်ပြီး ကြိုးစားခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း မိသားစုဝင်များက ကလေးငယ်ကို မွေးနေ့ကိတ်ခွဲခွင့်တောင်မပေးပဲ ကလေးငယ်ကို မွေးနေ့ကိတ်တွေနဲ့ ပစ်ပေါက်ခဲ့တဲ့အပြင် ၊ မျက်နှာအပြည့်ကိုပါ မွေးနေ့ကိတ်နဲ့ လိမ်းကျံပေးခဲ့ပါသေးတယ် ။ မိသားစုဝင်တွေကတော့ ကလေးငယ်ကို အသံတိတ်နည်းနဲ့ နှိပ်စက်ခဲ့ကြတာဖြစ်ပြီး အတော်လေးကိုလည်း ပြုံးပျော်နေကြပါတယ် ။

လူအများစုကတော့ အဆိုပါလုပ်ရပ်တွေကြောင့် အတော်လေးကိုညံ့ဖျင်းလွန်းလှတဲ့ မိဘတွေ ။ ကလေးငယ်ရဲ့ပျော်ရွှင်မှုကို ဖျက်ဆီးကြတဲ့သူ ၊ သူတို့ရဲ့ မလိုမုန်းတီးစိတ်တွေနဲ့ သူတို့ရဲ့ပျော်ရွှင်မှုကိုသာ အဓိကထားကြတဲ့ လူစုတွေ ၊ အဲ့လို ပတ်ဝန်းကျင်မှာ ကလေးငယ်ကြီးထွားလာရမှာကို အတော်လေးစိုးရိမ်မိတယ် ဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။ ထို့အပြင် ကလေးငယ်အတွက် မွေးနေ့ကိတ်လေးပြန်ဝယ်ပြီး ကလေးတစ်သတ်လုံးစိတ်မနာအောင် နောက်တစ်ကြိမ်သီးသန့်သူရဲ့မွေးနေ့ကို ကျင်းပပေးဖို့ လူအများက ကလေးမိဘတွေကိုလည်း တောင်းဆိုခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ရက်စက်ယုတ်မာတဲ့နည်းလမ်းနဲ့ ကလေးငယ်ရဲ့မွေးနေ့ပွဲကို ကျင်းပပေးခဲ့ကြတဲ့ မိဘများ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*