မိမိရဲ႕ေရႊဆြဲၾကိဳးကိုလုယက္သြားေသာ သူခိုးအား သတ္ပစ္ခဲ့မိတဲ့အမ်ိဳးသားရဲ႕အျဖစ္

ေခတ္ကာလအရ ကိုယ့္ဆီမွာ႐ွိတဲ့ ေရႊေငြေတြကိုေတာင္ ထုတ္မႂကြားရဲေလာက္ေအာင္ ေခတ္ကာလကဆိုးရြားလြန္းလွပါတယ္ ။ ေရႊေတြ တြဲလြဲနဲ႔ဝတ္ဆင္တတ္ၾကတဲ့ မိန္းကေလးေတြမေျပာနဲ႔ ေယာက်ၤားေလးေတြေတာင္ လုယက္သူေတြ ၊ သူခိုးေတြရဲ႕ သားေကာင္ေတြျဖစ္လို႔လာပါၿပီ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက အမ်ိဳးသားတစ္ဦးဟာ ေရႊဆြဲၾကိဳးကိုဝတ္ဆင္ထားခဲ့လို႔ လုယက္သူ ၊ သူခိုးေတြရဲ႕ သားေကာင္ျဖစ္သြားခဲ့ရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ခရစ္စမတ္ေန႔မွာပဲ Ulu Selangor ေဒသရဲ႕ လမ္းမႀကီးေပၚမွာပဲျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။

ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားဟာ ကိုယ့္ဘာသာကိုယ္ဆိုင္ကယ္ေမာင္းႏွင္ေနရင္း အနီးအနားသို႔ လူႏွစ္ေယာက္စီးလာခဲ့တဲ့ဆိုင္ကယ္ဟာ သူ၏ဆိုင္ကယ္အနားသို႔ျဖတ္ေမာင္းသြားခဲ့ၿပီး သူ၏လည္ပင္းတြင္ဆြဲထားေသာေရႊ ဆြဲႀကိဳးကို ျဖတ္ၿပီးလုေျပးသြားခဲ့ပါတယ္ ။

ထိုသို႔ လုယက္ခံရၿပီးေနာက္ ၎အမ်ိဳးသားဟာလည္း သူ၏ဆိုင္ကယ္ျဖင့္ သူခိုးေတြဆိုင္ကယ္ေနာက္ကိုအမွီလိုက္ၿပီး ၊ အနီးကပ္ေရာက္သြားလို႔ မိေတာ့မဲ့အခ်ိန္မွာ သူ၏ဆိုင္ကယ္ျဖင့္ သူခိုးေတြရဲ႕ဆိုင္ကယ္ကိုဝင္တိုက္ပစ္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ဆိုင္ကယ္မွာအ႐ွိန္ျပင္းစြာ ေလထဲသို႔ပစ္ေပါက္သြားသလိုျဖစ္သြားခဲ့ၿပီး ဆိုင္ကယ္ကိုေမာင္းႏွင္ခဲ့ေသာ သူခိုးမွာေတာ့ အဆိုပါေနရာတြင္ပင္ ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ရၿပီး ၊ အေနာက္ကေန လိုက္ပါစီးနင္ခဲ့တဲ့ သူခိုးမွာေတာ့ ထိခိုက္ဒဏ္ရာမ်ား ရ႐ွိသြားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခေတ်ကာလအရ ကိုယ့်ဆီမှာရှိတဲ့ ရွှေငွေတွေကိုတောင် ထုတ်မကြွားရဲလောက်အောင် ခေတ်ကာလကဆိုးရွားလွန်းလှပါတယ် ။ ရွှေတွေ တွဲလွဲနဲ့ဝတ်ဆင်တတ်ကြတဲ့ မိန်းကလေးတွေမပြောနဲ့ ယောင်္ကျားလေးတွေတောင် လုယက်သူတွေ ၊ သူခိုးတွေရဲ့ သားကောင်တွေဖြစ်လို့လာပါပြီ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးဟာ ရွှေဆွဲကြိုးကိုဝတ်ဆင်ထားခဲ့လို့ လုယက်သူ ၊ သူခိုးတွေရဲ့ သားကောင်ဖြစ်သွားခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ခရစ်စမတ်နေ့မှာပဲ Ulu Selangor ဒေသရဲ့ လမ်းမကြီးပေါ်မှာပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ ကိုယ့်ဘာသာကိုယ်ဆိုင်ကယ်မောင်းနှင်နေရင်း အနီးအနားသို့ လူနှစ်ယောက်စီးလာခဲ့တဲ့ဆိုင်ကယ်ဟာ သူ၏ဆိုင်ကယ်အနားသို့ဖြတ်မောင်းသွားခဲ့ပြီး သူ၏လည်ပင်းတွင်ဆွဲထားသောရွှေ ဆွဲကြိုးကို ဖြတ်ပြီးလုပြေးသွားခဲ့ပါတယ် ။

ထိုသို့ လုယက်ခံရပြီးနောက် ၎င်းအမျိုးသားဟာလည်း သူ၏ဆိုင်ကယ်ဖြင့် သူခိုးတွေဆိုင်ကယ်နောက်ကိုအမှီလိုက်ပြီး ၊ အနီးကပ်ရောက်သွားလို့ မိတော့မဲ့အချိန်မှာ သူ၏ဆိုင်ကယ်ဖြင့် သူခိုးတွေရဲ့ဆိုင်ကယ်ကိုဝင်တိုက်ပစ်ခဲ့ပါတယ် ။ ထို့ကြောင့် ဆိုင်ကယ်မှာအရှိန်ပြင်းစွာ လေထဲသို့ပစ်ပေါက်သွားသလိုဖြစ်သွားခဲ့ပြီး ဆိုင်ကယ်ကိုမောင်းနှင်ခဲ့သော သူခိုးမှာတော့ အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရပြီး ၊ အနောက်ကနေ လိုက်ပါစီးနင်ခဲ့တဲ့ သူခိုးမှာတော့ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိမိရဲ႕ေရႊဆြဲၾကိဳးကိုလုယက္သြားေသာ သူခိုးအား သတ္ပစ္ခဲ့မိတဲ့အမ်ိဳးသားရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*