အများသုံးအဝတ်လျှော်စက်နဲ့ ငွေစက္ကူအမြောက်အမြားကို ဆေးကြောခြင်းကြောင့် အင်တာနက်သုံးစွဲသူများရဲ့ ပြစ်တင်ခြင်းကို ခံခဲ့ရတဲ့ အမျိုးသား



.

.

.

JRose (Mckzone daily)

Reference : redchili21

Unicode

အိမ်မှာ အဝတ်လျှော်စက်ထားတယ်ဆိုတာက ညစ်ပတ်တဲ့အဝတ်များကို လျှောက်ဖွတ်ဖို့ အဆင်ပြေစေရန်ဖြစ်ပါတယ် ။ ဒါပေမဲ့ မကြာသေးမီက အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုက တစ်စုံတစ်ယောက်ဟာ အဝတ်လျှော်ခန်းကို ငွေစက္ကူအပြည့်ထည့်ထားတဲ့ ခြင်းတောင်းကို ယူသွားကာ ငွေစက္ကူများကို ဆေးကြောရန် အများသုံးအဝတ်လျှော်စက်ကို အသုံးပြုခဲ့ပါတယ် ။ ဗီဒီယိုထဲမှာတော့ လူသုံးယောက်ဟာ ခြင်းတောင်းထဲက ငွေစက္ကူတွေကို တယောက်ပြီး တယောက် ယူပြီး အဝတ်လျှော်စက်ထဲမှာ ထည့်ထားကြတာကို တွေ့ရပါတယ် ။

အဝတ်လျှော်စက်များအနက်မှ တစ်လုံးက ငွေစက္ကူများနဲ့ ပြည့်နေပြီး ငွေတွေက RM1၊ RM5 နဲ့ RM10 တို့ကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါတယ် ။ အများသူငှာ အဝတ်လျှော်ဖို့ သုံးတဲ့ အဝတ်လျှော်စက်ထဲမှာ ငွေစက္ကူ တောင်းကြီးနှစ်စောင်ကို ဆေးကြောရန် စောင့်ဆိုင်းနေပါတယ် ။ အဆိုပါ လူသုံးယောက်ရဲ့လုပ်ရပ်ကြောင့် ဗီဒီယိုကို မျှဝေပြီးနောက် အလျင်အမြန် ပျံ့နှံ့သွားပြီး netizen တော်တော်များများ အံ့သြခဲ့ရပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အများသုံးအဝတ်လျှော်စက်နဲ့ ငွေစက္ကူအမြောက်အမြားကို ဆေးကြောခြင်းကြောင့် အင်တာနက်သုံးစွဲသူများရဲ့ ပြစ်တင်ခြင်းကို ခံခဲ့ရတဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*