စက်ဘီးဖြင့် food delivery လုပ်ကာ ဝင်ငွေပါရှာရင်း ၄ နှစ်တာကာလအတွင်း အလေးချိန် ၁၂၆ ကီလိုဂရမ် ဝိတ်ချပစ်နိုင်ခဲ့တဲ့ အမျိုးသား

စင်္ကာပူနိုင်ငံသားတစ်ဦးဟာ လေးနှစ်တာကာလအတွင်း ၎င်း၏စက်ဘီးဖြင့် အစားအသောက်ပေးပို့ခြင်းတစ်ခုတည်းဖြင့် အလေးချိန် ၁၂၆ ကီလိုဂရမ်အထိ ဝိတ်ချနိုင်ခဲ့ပါတယ်။ ကိုယ်အလေးချိန် ၂၀၀ ကီလိုဂရမ်မှ ၇၄ ကီလိုဂရမ်သို့ ကျဆင်းသွားကာ သူဟာ ၁၂၆ ကီလိုဂရမ် လျော့ကျနိုင်ခဲ့ပြီး ဒီရက်ပိုင်းမှာတော့ သူဟာ ခန္ဓာကိုယ်အံ့ဝင်ခွင်ကျဖြစ်အောင် အလေးမခြင်းကို လုပ်ဆောင်နေပြီးဖြစ်သလို ဆုံးရှုံးသွားသော ကိုယ်အလေးချိန်အချို့ ပြန်လည်ရရှိလာကာ သူဟာ ယခုအခါ ကြွက်သားများ တက်လာခြင်းကြောင့် ၈၅ ကီလိုဂရမ်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ အသက် ၃၇ နှစ်အရွယ် Riz Fox ဟာ စင်္ကာပူရှိ GrabFood delivery riders များအတွက် private Facebook group တစ်ခုမှာ ၎င်း၏ ယခင်နှင့်ယခု ဓာတ်ပုံများကို မတ်လ ၁၀ ရက်က တင်ခဲ့ပါတယ်။

သူ၏ရုပ်ပုံများဟာ ပြင်းထန်သော ခန္ဓာကိုယ်အသွင်ပြောင်းခြင်းကို အံ့အားသင့်စေသည့် အခြားပို့ဆောင်ရေးဝန်ထမ်းများထံမှ လက်ခုပ်ဩဘာပေးခံခဲ့ရပါတယ်။ Riz ဟာ food delivery ပို့ခြင်းကို တစ်ပတ်မှာ ငါးရက် ၊ တစ်ရက်မှာ ၆ နာရီမှ ၇ နာရီအထိ အလုပ်လုပ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပထမဆုံး တာထွက်စတုန်းကတော့ သူ့ရဲ့ခရီးက လွယ်တော့မလွယ်ကူနေခဲ့ပါဘူး၊ သူက ဖြည်းဖြည်းချင်းသာ အမြတ်ထုတ်ခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ Riz က ” ကျွန်တော့်ရဲ့ကနဦးကိုယ်အလေးချိန်ကျဖို့တစ်နှစ်ကြာခဲ့တယ် ၊ ကျွန်တော် keto diet လုပ်တယ်၊ ကိုယ်အလေးချိန်ကျဖို့ ပထမဆုံးခြေလှမ်းပဲ။ အဲဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေ ရခဲ့တယ် ” ဟုပြောကြားခဲ့ပါတယ်။

keto diet မှာ ပုံမှန်အားဖြင့် ကြက်ဥ၊ အသားများ၊ နို့ထွက်ပစ္စည်းနှင့် ကာဗိုဟိုက်ဒရိတ်နည်းသော ဟင်းသီးဟင်းရွက်များ၊ သကြားမပါတဲ့ အဖျော်ယမကာများကဲ့သို့ အဆီနည်းသော ၊ ကစီဓာတ်နည်းသော အစားအစာများ ပါဝင်ပြီး ၎င်းဟာ အဆီ ၇၅ ရာခိုင်နှုန်း၊ ပရိုတင်း ၁၀ မှ ၃၀ ရာခိုင်နှုန်းနှင့် တစ်နေ့လျှင် ကာဗိုဟိုက်ဒရိတ် ၅ ရာခိုင်နှုန်းထက် မပိုစေရတဲ့ diet လုပ်နည်းတစ်မျိုးဖြင့်ပါတယ်။

Riz ဟာ ၎င်းစားသောက်ပုံနှင့် လေ့ကျင့်ခန်း ပေါင်းစပ်မှုကြောင့် ကိုယ်အလေးချိန် လျော့ကျသွားကြောင်း ကိုယ်တိုင် သတ်မှတ်ခဲ့ပါတယ်။ သူဟာ ကနဦးမှာ ရပ်ကွက်တစ်ဝိုက်၌ စက်ဘီးစီးခဲ့ပြီး မကြာမီမှာ ၎င်းက ကိုယ်အလေးချိန် လျှော့ချနိုင်သည်ကို သိရှိခဲ့ရတာကြောင့် ဝင်ငွေပါရှာနိုင်ဖို့ food delivery driver လုပ်ရန်ဆုံးဖြတ်ခဲ့တာပါ။

ဒီရက်ပိုင်းမှာလည်း Riz ဟာ GrabFood နဲ့ အစားအသောက်တွေကို ဆက်လက်ပို့ဆောင်ပေးနေဆဲဖြစ်ပါတယ်။ မကြာသေးမီက သူဟာ စင်ကာပူ၏ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ကီလိုမီတာ 120 စက်ဘီးစီးခရီးကို ပြီးမြောက်ခဲ့ပြီး အနားယူချိန်ကိုနှင့်ပေါင်းရင် ငါးနာရီကျော်ကြာမြင့်ခဲ့ပါတယ်။

ထို့ပြင် Riz ဟာ သူ့စက်ဘီးနဲ့ ကမ္ဘာပတ်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ Riz ဟာ လက်ရှိမှာ တစ်နေ့လျှင် ပျမ်းမျှအရွယ်အစားကြက်ဥတစ်ဝက်၏အလေးချိန်ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ် 20g သာစားသုံးပြီး “ ကျွန်တော့်ရဲ့ကနဦးကိုယ်အလေးချိန်ကျပြီးနောက်မှာဘဲ keto diet ကိုစွဲမြဲသွားခဲ့တယ် ၊ အဲ့ဒါက diet တစ်ခုတည်းအနေနဲ့မဟုတ်ဘဲ ကျွန်တော့်ရဲ့ လူနေမှုပုံစံတစ်ခုလိုဖြစ်လာခဲ့တယ် ” လို့လည်းပြောကြားခဲ့ပါတယ်။

သူ့မှာ diet လုပ်ချင်သူတွေအတွက် အကြံဉာဏ် တစ်ခုခုရှိလား လို့ မေးတော့ Riz က ” လူတွေကသာ တကယ် ကိုယ်အလေးချိန် လျှော့ချချင်ရင် ငါ့ရဲ့ နံပါတ်တစ် အကြံပေးချက်က ဆိုးရွားတဲ့ diet တွေကို မလွန်ဆန်နိုင်ပါဘူး၊ မင်းတို့မှာ keto နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ချင်စရာစရာရှိရင်၊ ငါ့ကိုသာကြည့်လိုက်ပါ ၊ စက်ဘီးစီးတာကလည်း လေ့ကျင့်ခန်းလိုပဲ လေ့ကျင့်ရတာ ပိုမြန်ပြီး ပိုကြာကြာစီးဖို့ လိုပါတယ် ၊ စိတ်ဓာတ်မကျပါနဲ့၊ စင်္ကာပူကို ဘီးပေါ်ကနေ လေ့လာရတာ ပျော်စရာကြီးပါ ” ဟု အကြံပေးခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "စက်ဘီးဖြင့် food delivery လုပ်ကာ ဝင်ငွေပါရှာရင်း ၄ နှစ်တာကာလအတွင်း အလေးချိန် ၁၂၆ ကီလိုဂရမ် ဝိတ်ချပစ်နိုင်ခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*