ခိုဒေါက်မြင့်ဖိနပ်တစ်စုံကို ဖန်တီးကာ ပန်းခြံရှိ ခိုအုပ်များကို ဆွဲဆောင်စေခဲ့တဲ့ အမျိုးသမီးတစ်ဦး (ရုပ်သံ)

ဂျပန်နိုင်ငံရှိ @dailyportalz အမည်ရှိဆိုရှယ်မီဒီယာအသုံးပြုသူအမျိုးသမီးတစ်ဦးဟာ အကြံတစ်ခုရပြီး လက်တွေ့ဆန်တဲ့ခိုဒေါက်မြင့်ဖိနပ်တစ်စုံကို ဖန်တီးခဲ့ပါတယ်။ ထိုအမျိုးသမီးက အစီအစဉ်တစ်ခုဖြင့် ခိုဌက်ဒီဇိုင်းအယူအဆကို ဦးစွာရေးဆွဲခဲ့ပါတယ်။ သူမဟာ ခိုဖိနပ်ဒီဇိုင်းအတွက် သူမဒေါက်ဖိနပ်ရဲ့ခြေဖိနောင့်ပိုင်းကို ခိုဦးခေါင်းအဖြစ်ထားကာ ဒေါက်ဖိနပ်အမြင့်ကို ငှက်ခြေထောက်အဖြစ်ပြောင်းပြီး ရှေ့ခြေအစွပ်ကို ခိုရဲ့အမြီးပိုင်းပုံစံအဖြစ် ပြုပြင်ဖန်တီးခဲ့ပါတယ်။ ထို့ပြင် သူမက ပထမဆုံး ခိုဦးခေါင်းပုံစံကို သိုးမွှေးရောနှောကာ ခိုအမွေးအရောင်နှင့် နီးစပ်တယ်လို့ခံစားရတဲ့အမွေးများနဲ့ ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် သူမဝယ်ခဲ့တဲ့အနက်ရောင် stiletto ဖိနပ်အသစ်မှာ ကပ်လိုက်ပါတယ်။

.

.

ခိုဌက်ရဲ့သွယ်လျတဲ့ခြေဖဝါးများကိုပြသရန်အတွက် သူမက ဒေါက်ဖိနပ်အမြင့် 9cm ကို ရွေးချယ်ခဲ့ပါသေးတယ်။ နောက်တစ်ဆင့်ကတော့ ခိုကိုယ်ထည်ရဲ့တောင်ပံအပိုင်းကို ဖန်တီးဖို့ပါပဲ။ သူမက မီးခိုးရောင်ဖျော့ဖျော့ ယက်မထည်များကို နောက်ခံအရောင်အဖြစ် အသုံးပြုခဲ့ပါတယ်။

.

.

ထို့နောက် သူမက ငှက်ခြေဖဝါးပုံသဏ္ဍာန်ကို သံကြိုးဖြင့်ပြုလုပ်ကာ အနီရောင်ပိုးချည်ဖြင့်ပတ်ပြီး ခိုခြေထောက်နှင့်တူစေရန် အစိတ်အပိုင်းအချို့ကို ခြယ်သခဲ့ပါတယ်။ ငှက်ရဲ့ကိုယ်ခန္ဓာနှင့် ခြေထောက်များရဲ့အမွေးအတောင်များကို ပေါင်းစည်းပြီးနောက်၊ သူမက ခိုဌက်တွေရဲ့မျက်လုံးနီနီကိုထည့်ဖို့လည်း မမေ့ခဲ့ပါဘူး။ သူမဂရုတစိုက်ဖန်တီးထားတာကြောင့် ထို ခိုတုနှစ်ကောင်က လက်တွေ့ကျနေပါတယ်။

.

.

ထိုနည်းဖြင့် ခိုဒေါက်ဖိနပ်များပြီးစီးပြီးနောက်မှာ တိုကျိုမြို့၊ Ueno ပန်းခြံသို့ “စမ်းသပ်မှု” ပြုလုပ်ရန် ခိုဖိနပ်ကို ဝတ်ဆင်သွားခဲ့ပြီး သူမက ခိုများပေါ်လာတဲ့နေရာကို ရှာတွေ့ခဲ့ပြီးနောက် သူမရဲ့၎င်းဖိနပ်ဖြင့် “ ခိုသူငယ်ချင်းများ”ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရလဒ်အနေနဲ့ ခိုတွေအားလုံး ထွက်ပြေးသွားကြပေမယ့် ခိုဖိနပ်က လူတွေကို လာရောက်ကြည့်ရှုဖို့ ၊ ဓာတ်ပုံရိုက်ဖို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

.

.

Vimy Wixiao လို့အမည်ပေးထားတဲ့ သူမရဲ့၎င်းခိုဒေါက်မြင့်ဖိနပ်ကို လူတိုင်းစိတ်ဝင်စားနေခဲ့ကြပါတယ်။ ဒါပေမဲ့ ခိုများက သူမကို “ ထူးဆန်းတဲ့ခိုဌက်အမ ” အဖြစ်သဘောထားကာ တစ်ကောင်ပြီးတစ်ယောက် အရပ်ရပ်သို့ ပျံသန်းသွားခဲ့ကြပါတယ်။

.

နောက်ပိုင်း အမျိုးသားတစ်ဦးက ခိုဌက်များကို အစာဖြင့် ခဏတာ ဆွဲဆောင်နိုင်ခဲ့ပေမဲ့ ခိုဌက်တွေက ဒီခိုတုနှစ်ကောင်နဲ့ မိတ်ဖွဲ့ဖို့တော့ ရည်ရွယ်ချက်မရှိနေခဲ့ကြပါဘူး။

နောက်ဆုံး ထိုအမျိုးသမီးကိုယ်တိုင်က ရယ်မောပြီး “ အမျိုးသားတစ်ယောက်ရဲ့ကောင်းချီးကြောင့် နောက်ဆုံးတော့ ဒီခိုဌက်တွေနဲ့ နီးနီးကပ်ကပ်နေနိုင်ခဲ့ပြီ ” လို့ ဆိုနေခဲ့ပါတယ်။ ဒါဆို ခိုဖိနပ်နဲ့ ခိုဌက်တွေရဲ့အနားသွားကာ မိတ်ဆွေဖွဲ့ချင်နေခဲ့တဲ့ သူမရဲ့ ရယ်စရာဗီဒီယိုကိုလည်း ဖော်ပြပေးခဲ့လိုက်ပါတယ်ဗျ ။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ခိုဒေါက်မြင့်ဖိနပ်တစ်စုံကို ဖန်တီးကာ ပန်းခြံရှိ ခိုအုပ်များကို ဆွဲဆောင်စေခဲ့တဲ့ အမျိုးသမီးတစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*