၂၈နှစ်မြောက်မွေးနေ့မှာ ခင်ပွန်းသည်ဆီက ကောက်ညှင်းနဲ့ လုပ်ထားတဲ့ အထူးမွေးနေ့ကိတ်ကိုသာရရှိခဲ့ပေမဲ့ အရမ်းကိုပျော်ရွှင်နေခဲ့တဲ့ အမျိုးသမီး



JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက NA လို့ အမည်ရှိတဲ့ ခင်ပွန်းတစ်ဦးဟာ ဇနီးရဲ့ ၂၈ နှစ်မြောက် မွေးနေ့မှာ ဇနီးဖြစ်သူကို အထူးလက်ဆောင်အဖြစ် မွေးနေ့ကိတ်မုန့် ပေးဆောင်ခဲ့တဲ့အဖြစ်ကို မျှဝေခဲ့ပါတယ် ။ ဒီအမျိုးသားဟာ သူ့မိန်းမအတွက် ပြုလုပ်ပေးတဲ့ ကိတ်မုန့်က ကောက်ညှင်းကိတ်ဖြစ်ပါတယ် ။ Post ထဲမှာ ထူးခြားတဲ့ ချစ်စဖွယ် မွေးနေ့ကိတ်နဲ့ စုံတွဲပုံလေးတွေ တွဲတင်ထားပါတယ် ။ သာမာန်အားဖြင့် မွေးနေ့ကိတ်မုန့်ကို ရေခဲမုန့်ဖြင့် ပြုလုပ်လေ့ရှိသော်လည်း ဒီခင်ပွန်းက ရင်းနှီးပြီးသား အစားအစာများကို အသုံးပြုတာပါ ။ မစ္စတာ NA က ကိတ်မုန့်အလယ်မှာ ချစ်စဖွယ်ပန်းပွင့်လေးတစ်ပွင့်ကိုလည်း ဂရုတစိုက်ဖန်တီးခဲ့ပြီး “ချစ်ဇနီးကို ချစ်သည်” ဆိုတဲ့ စကားလုံးကိုပါ ထည့်သွင်းထားတာကို တွေ့ရပါတယ် ။

မစ္စတာ NA က ရဲအရာရှိအဖြစ် လုပ်ဆောင်နေပြီး သူ့ရဲ့ ဇနီးက ကျောင်းဆရာမဖြစ်ကြောင်း သိရှိရပါတယ် ။ အိမ်မှာ အားလပ်ချိန် များများစားစား မရှိပေမယ့် မီးဖိုချောင်မှာ ရှိတာလေးနဲ့ အခွင့်ကောင်းယူပြီး ဇနီးတွက်လုပ်ပေးတာပါ ။ ဒါက သင့်အိမ်ထောင်ဖက်အပေါ် ပြင်းပြတဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နည်းလမ်းတစ်ခုလည်းဖြစ်ပြီး အဲဒီကနေ သင်သင်ယူနိုင်ပြီး သင့်ဇနီးသည် ထိတွေ့ခံစားရမှာ အသေအချာပါပဲ ။ အထူးသဖြင့် ခင်ပွန်းဖြစ်သူဆီက နားလည်မှုတွေနဲ့ချစ်ခင်ရတာက အမျိုးသမီးတော်တော်များများရဲ့ ပျော်ရွှင်မှုဖြစ်နိုင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "၂၈နှစ်မြောက်မွေးနေ့မှာ ခင်ပွန်းသည်ဆီက ကောက်ညှင်းနဲ့ လုပ်ထားတဲ့ အထူးမွေးနေ့ကိတ်ကိုသာရရှိခဲ့ပေမဲ့ အရမ်းကိုပျော်ရွှင်နေခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*