မိဘများက ဖုန်းနှင့် iPad ကိုသိမ်းလိုက်လို့ဆိုပြီး တိုက်ခန်းအပြင်ဘက်သို့ထွက်ရင်း မတော်တဆ အောက်ပြုတ်ကျသွားခဲ့တဲ့ ကောင်လေး

စင်္ကာပူနိုင်ငံ Sengkang အနောက်ရှိ အိပ်ခန်းတွဲတိုက်ခန်းတစ်ခုရဲ့အစွန်းမှာ ထိုင်နေတဲ့ ကောင်လေးတစ်ဦးရဲ့ဗီဒီယိုတစ်ခုဟာ လတ်တလော Facebook ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဗီဒီယိုထဲမှာတော့ တိုက်ခန်းတစ်ခုအပြင်ရဲ့အစွန်းမှာထိုင်နေတဲ့ ထိုကောင်လေးက ပြတင်းပေါက်ကနေ သူ့ဘာသာသူ တက်သွားတာကို ညွှန်ပြနေပါတယ်။ World of Buzz သတင်းရဲ့ဖော်ပြချက်အရ သူ့မိဘများက မိုဘိုင်းလ်ဖုန်းနဲ့ iPad ကို သိမ်းယူလိုက်တဲ့အတွက် ထိုကောင်လေးက ထိုလုပ်ရပ်ကို ဒေါသတကြီးနဲ့လုပ်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ကောင်လေးဟာ ခြေလှမ်းမှားပြီး အောက်ဘက်မြေပြင်ပေါ်ကို မတော်တဆပြုတ်ကျသွားတဲ့အခါမှာတော့ ကံကောင်းထောက်မစွာပဲ မီးသတ်သမားများက လေသွင်းထားတဲ့ကူရှင်တစ်ခုဖြင့် ကောင်လေးရဲ့အသက်အန္တရာယ်မှလွတ်မြောက်အောင် အချိန်မီကယ်တင်ပေးနိုင်ခဲ့ပါတယ်။

.

ထိုကောင်လေးက အထပ်ပေါင်း 17 ထပ်မြောက်ကနေ ပြုတ်ကျသွားခဲ့တယ်လို့ Mothership ရဲ့ အဆိုအရသိရှိရပါတယ်။ ကောင်လေးက ထိခိုက်မှုမရှိဘဲ အဆုံးသတ်သွားနိုင်ခဲ့တယ်ဆိုပေမယ့် ကောင်လေးက ကွန်ဒိုရဲ့အောက်ထပ်မှ ပြတင်းပေါက်ကနေခုန်တက်ပြီး တိုက်ခန်းအပြင်ရဲ့အစွန်းမှာ ထိုင်နေခဲ့တာကို ဘယ်သူကမှ သတိမထားမိခဲ့ရင်တော့ အကြီးကြီးမှားသွားနိုင်ပါတယ်။

.

အဆိုပါကောင်လေးရဲ့အပြုအမူက မရင့်ကျက်ပြီး အန္တရာယ်ရှိနိုင်ပေမဲ့လည်း အခြားသူများ အထူးသဖြင့် မိဘဖြစ်သူတွေက သူ့ရဲ့စိတ်ခံစားချက်ကို နားလည်ပေးဖို့ အရေးကြီးပါတယ်။ သူ့မိဘတွေနဲ့ ဆက်သွယ်တာထက် မိုဘိုင်းလ်ဖုန်းနဲ့ iPad နဲ့ အချိန်ပိုကုန်နေခဲ့တာကြောင့် ကောင်လေးဟာ သူ့ရဲ့ အီလက်ထရွန်းနစ် ကိရိယာတွေထဲ၌သာ စိတ်နစ်ထားလို့ ဒေါသတကြီးနဲ့ ထိုကဲ့သို့ပြုမူခဲ့ပုံရပါတယ်။

.

ကျွန်တော်တို့ရဲ့ဘဝကို သက်တောင့်သက်သာရှိစေရန် နည်းပညာဆိုတဲ့အရာကို ဖန်တီးထားခဲ့ပြီး မိဘများကလည်း ၎င်းတို့ရဲ့ကလေးများအား ဖျော်ဖြေမှုပေးနိုင်ရန်အတွက် အီလက်ထရွန်းနစ်ပစ္စည်းများကို မကြာခဏပေးသုံးလေ့ရှိသည်မှာ မှန်တယ်ဆိုပေမဲ့လည်း ၎င်းပစ္စည်းများဟာ မိဘများရဲ့တည်ရှိမှုနေရာကို အစားထိုးပစ်လိုက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ မြေပြင်ပေါ်မပြုတ်ကျခင် တစ်ယောက်ယောက်က မီးသတ်သမားများကို အသင့်ဖြစ်အောင် အလျင်အမြန် ခေါ်နိုင်ခဲ့တာကြောင့် ဒီကောင်လေးက ကံကောင်းသွားခဲ့ပေမယ့် သူ့လို တခြားကလေးများလည်း ရှိကောင်းရှိနိုင်သလို သူတို့လည်း ဒီကောင်လေးလောက် ကံကောင်းကြမှာ မဟုတ်ပါဘူး။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "မိဘများက ဖုန်းနှင့် iPad ကိုသိမ်းလိုက်လို့ဆိုပြီး တိုက်ခန်းအပြင်ဘက်သို့ထွက်ရင်း မတော်တဆ အောက်ပြုတ်ကျသွားခဲ့တဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*