၃ နှစ်အရွယ်သမီးက အရောင်းပြခန်းရှိ Audi ကားအသစ် ၁၀ စီးကို ဆော့ကစားရင်း ခြစ်ရာကျန်စေခဲ့လို့ ဒေါ်လာ ၂၉,၀၀၀ လျော်ကြေးပေးလိုက်ရတဲ့ ဇနီးမောင်နှံ

အထူးသဖြင့် ကလေးတွေကို ထိန်းမထားဘဲ ပစ်ထားလိုက်တဲ့အခါ ကလေးတွေဟာ မှန်းလို့မရနိုင်သလို ဆိုးရွားတဲ့ ပြဿနာအထိ ဖြစ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံ ၊ Guilin မြို့ရှိ စုံတွဲတစ်တွဲဟာ မကြာသေးမီက ၎င်းတို့၏ ၃ နှစ်အရွယ်သမီးငယ်အား ကားအရောင်းပြခန်းတစ်ခုသို့ ခေါ်ဆောင်သွားလိုက်ပြီးနောက် မမျှော်လင့်ထားတဲ့ပြဿနာကြီးတစ်ခုကိုကြုံတွေ့ခဲ့ရပြီး ပြဿနာဖြစ်သွားတဲ့ကားကလည်း အခြားဈေးနည်းတဲ့ကားမဟုတ်ဘဲ နာမည်ကြီး Audi အမှတ်တံဆိပ်ကားကြီးဖြစ်နေခဲ့ပါတယ်။ ထိုနေ့မှာ ၎င်းတို့ရဲ့သမီးလေးဟာ သူ့ကိုယ်သူ အနီးနားတစ်ဝိုက်မှာ လှည့်လည်သွားလာရင်း ခင်းကျင်းပြသထားတဲ့ ကားတွေကို လှည့်ပတ်ကြည့်ရှုနေခဲ့ပါတယ်။ နောက်ပိုင်းမှာ မိဘများသိလာရတဲ့အချက်က ကလေးမလေးက ခမ်းနားထည်ဝါတဲ့ ကားတွေကို ကြည့်ရင်း အံ့အားသင့်နေရုံနဲ့ မပြီးနေဘူးဆိုတာကိုပါဘဲ။

အကြောင်းက အဆိုပါလမ်းလျှောက်တတ်ခါစ ကလေးမလေးက မိဘများမသိဘဲ သူမရဲ့လက်ထဲမှာ ကျောက်ခဲသေးသေးလေးတစ်တုံးကိုကိုင်ထားခဲ့ပြီး သူမဟာ အရောင်းပြခန်းအတွင်း အသစ်စက်စက် ကားကိုယ်ထည်များတစ်လျှောက် ကျောက်တုံးဖြင့်ခြစ်ပြီး ဆော့ကစားရင်း လွတ်လပ်စွာ ပြေးလွှားခဲ့တာဘဲဖြစ်ပါတယ်။ ထို့နောက် မိဘများရဲ့အိပ်မက်ဆိုးကြီးတစ်ခုကဲ့သို့ သူမဟာ ကား ၁၀ စီးလောက်ကို ခြစ်မိပြီး ၎င်းတို့ကို မြင်သာတဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ထို့နောက် သမီးလေးရဲ့လုပ်ရပ်ကြောင့် စကားလုံးတွေ ပျောက်ရှပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တဲ့မိဘများကလည်း ထိတ်လန့်တကြားဖြစ်ရတဲ့ အဖြစ်အပျက်ကို ဘာမှမတုံ့ပြန်နိုင်ဘဲ ရပ်ကြည့်ရုံကြည့်နေခဲ့ရပါတယ်။

ထိုအချိန်မှာ ကားရောင်းသူက ဖြစ်ပျက်ခဲ့သည်များကို အသိအမှတ်ပြုပြီး လျော်ကြေး ယွမ် ၂၀၀,၀၀၀ (ဒေါ်လာ ၂၉,၀၀၀ ခန့်) ပေးဆောင်ရန် တောင်းဆိုတဲ့အခါမှာ ငွေပမာဏကို ပေးဆောင်ရန် မတတ်နိုင်တာကြောင့် ၎င်းတို့ဇနီးမောင်နှံဟာ သဘောတူညီချက်ကို ငြင်းပယ်ကာ ၎င်းပြဿနာကို တရားဥပဒေအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြရပါတယ်။ အဆိုပါအမှုကို တရားရုံး၌ ဖြန်ဖြေပေးရန် ခေါ်ဆောင်ခဲ့ပေမဲ့လည်း ကားရောင်းချသူမှ ကားများ ပျက်စီးသွားကြောင်းဆိုခဲ့ပြီး ခြစ်ရာများကို ဖုံးအုပ်ရန် ဆေးသုတ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရင်တောင် နည်းပညာအရ ကားအသစ်တွေလို ရောင်းချလို့မရနိုင်တော့တာကြောင့် မော်တော်ကားများကို လျှော့ဈေးဖြင့် ဈေးကွက်တင်ရမည်ဖြစ်ပြီး ယင်းက သူ့ကုမ္ပဏီအတွက် ဆုံးရှုံးမှုကြီးကြီးမားမား ဆုံးရှုံးသွားမည်ဖြစ်တဲ့အပြင် ၊ ဝယ်ဖို့လုပ်နေတဲ့ဖောက်သည်များက အမှန်တရားကို သိသွားရင် လိမ်လည်မှုဖြင့်လည်း စွဲချက်တင်ခံရနိုင်တာကြောင့် မကြေအေးပေးနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

.

ထို့နောက် အဆိုပါပြဿနာကို နှစ်ဖက်စလုံးက အဆင်ပြေအောင် ဖြေရှင်းခဲ့ကြပြီး ၎င်းဇနီးမောင်နှံတို့က ယွမ် ၇၀,၀၀၀ (ဒေါ်လာ ၁၀,၀၀၀) ပေးဆောင်ရန် ကားကုန်သည်မှ သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် ကလေးမလေး၏အသက်အရွယ်နှင့် သူမ၏လုပ်ရပ်အပေါ် မေ့လျော့ခြင်းက တရားဥပဒေဆိုင်ရာ ဆက်တင်များတွင် ခိုင်လုံသောအကြောင်းပြချက်အဖြစ် မယူဆနိုင်ကြောင်း တရားရုံးက ၎င်းဇနီးမောင်နှံတို့အား ထပ်လောင်းသတိပေးခဲ့ပါတယ်။

.

ထို့ပြင် ၎င်းတို့ရဲ့ကလေးကို အနီးကပ် စောင့်ကြည့်ဖို့နဲ့ သူမရဲ့လုပ်ရပ်တွေရဲ့အခွင့်အရေးနဲ့ အမှားတွေကို အသိပညာပေးဖို့လည်း အကြံပေးခဲ့ပါသေးတယ်။ ၎င်းတို့ဇနီးမောင်နှံဟာ Audi ကားအမှတ်တံဆိပ်က ၎င်းတို့ကိုယ်တိုင် ဒီကိစ္စကိုမဖြေရှင်းဘဲ ပစ္စည်းပျက်စီးမှုအတွက် ၎င်းတို့လင်မယားကို တရားမစွဲလိုက်တာကဘဲ ကျေးဇူးတင်သင့်နေပါပြီ။ သို့မဟုတ်ရင် ဒီပြဿနာဟာ ပိုဆိုးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ၎င်းတို့ဇနီးမောင်နှံက ၎င်းတို့ရဲ့ကလေးနဲ့ ပတ်ဝန်းကျင်ကို ပိုသတိထားဖို့ ဒီစိတ်မကောင်းစရာအဖြစ်အပျက်ကနေ သင်ခန်းစာတစ်ခုအနေနဲ့ ယူကြမယ်လို့ မျှော်လင့်မိပါတယ်ဗျာ။

Jasmine (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "၃ နှစ်အရွယ်သမီးက အရောင်းပြခန်းရှိ Audi ကားအသစ် ၁၀ စီးကို ဆော့ကစားရင်း ခြစ်ရာကျန်စေခဲ့လို့ ဒေါ်လာ ၂၉,၀၀၀ လျော်ကြေးပေးလိုက်ရတဲ့ ဇနီးမောင်နှံ"

Leave a comment

Your email address will not be published.


*