JRose (Mckzone daily)
Reference : yan
Unicode
နှစ်သစ်မှာ မိသားစုများစွာက ၎င်းတို့ရဲ့နေအိမ်များကို အလှဆင်အပင်များဖြင့် အလှဆင်ရန် ဝါသနာရှိကြပါတယ် ။ အဲ့ဒီအချိန်မှာ လမ်းများနဲ့ ဈေးများမှာ အပင်အမျိုးအစားများစွာကို ရောင်းချတဲ့အချိန်ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့ အသွင်အပြင်နဲ့ ကြီးထွားလာတဲ့ အသီးအနှံတွေနဲ့ ထောင်ပြီး ပန်းသီးပင်က လူကြိုက်အများဆုံးတွေထဲက တစ်ခုဖြစ်ပါတယ် ။ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ကလစ်က အမျိုးသားတစ်ဦးဟာ ပန်းသီးပင်ကို ဝယ်ယူပြီးနောက် ၎င်းအပင်ကို အတုလုပ်ကြောင်းကို ဖော်ထုတ်ခဲ့ပါတယ် ။ အဆိုပါအပင်က ယခုအချိန်မှာ အပင်ငယ်ကို ဘတ်ငွေ ၄၀၀,၀၀၀ နဲ့ ရောင်းပြီး အပင်ကြီးတစ်ပင်ကို ၆၀၀,၀၀၀ ဒေါင် ရောင်းပါတယ် ။
ပန်းသီးပင်က သဘာဝအတိုင်း စိုက်ပျိုးထားတာကြောင့် အသီးမှာ ကော်ကပ်စရာမလိုဘဲ အထက်ပါဈေးအတိုင်း ရောင်းချသဖြင့် အမြတ်များစွာရမှာ မဟုတ်ကြောင်းလည်း ပန်းသီးပင်ရောင်းသူက အခိုင်အမာဆိုပါတယ် ။ စိမ်းလန်းစိုပြေစွာ ကြီးထွားနေပြီး အသီးများစွာသီးနေတဲ့ ပန်းသီးပင်ကို ကြည့်ပြီး တစ်နေ့ကို အပင် 20 ကျော် ရောင်းချရတဲ့ ရောင်းသူရဲ့ ကြော်ငြာကို ကြည့်လိုက်တော့ ကလစ်ပိုင်ရှင်က တစ်စိတ်တစ်ပိုင်း ယုံကြည်ပြီး သူ့ပိုက်ဆံအိတ်ကို ထုတ်ပြီး ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
အလျှော့အတင်းလုပ်ပြီးနောက် ပန်းသီးပင်ငယ်တစ်ပင်ကို VND 300,000 ဖြင့် ဝယ်ခဲ့လိုက်ပါတယ် ။ အဲ့ဒီနောက် ကလစ်ပိုင်ရှင်က ပန်းသီးတစ်ပင်ရဲ့ အမြစ်အထိ ပြုတ်ကျနေတာကို တွေ့ရှိခဲ့ရပြီး တစ်ခုခုမှားနေတာကိုမြင်တော့ သူက အနီးကပ်ကြည့်လိုက်တဲ့အခါ ပန်းသီးတွေအားလုံးကို ကော်နဲ့ ကပ်ထားတာတွေ့ရပါတယ် ။ ပန်းသီးပင်တစ်ပင်ကို အတုလုပ်ရန် ထိုဆန်းပြားတဲ့ လှည့်ကွက်ကို လူအများက အံ့သြသွားကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ချစ်စရာကောင်းတဲ့ပန်းသီးပင်ကို 300,000 နဲ့ ဝယ်ပြီးတဲ့နောက် နောက်ကွယ်က လှည့်ကွက်ကြောင့် အံ့ဩသွားခဲ့တဲ့ အမျိုးသား"