အများအမြင်ကို ဂရုမစိုက်ဘဲ လူမြင်ကွင်းမှာ အဆင်ပြေသလို ကိုယ့်နည်းကိုယ်ဟန်နဲ့ အသုံးချတတ်ကြသူတို့ရဲ့အထာကျလွန်းတဲ့ ရယ်စရာပုံရိပ်များ


.

.

.

.

.

.

.

.

.

.

.

.

.

Mia (Mckzone daily)

Reference : aubtu

Unicode

ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ လျစ်လျူရှုလိုက်လို့မရတဲ့ ထူးဆန်းတဲ့အဖြစ်အပျက်များစွာကို ကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။ ဥပမာ- လူတစ်ယောက်ရဲ့မတ်တပ်ရပ်ပုံအနေအထားပုံစံမျိုးပါဘဲ။ တကယ်တော့ ကျွန်တော်တို့အားလုံးမှာ ထူးဆန်းတဲ့ အလေ့အထတွေ ရှိကြပါတယ်။ မတ်တပ်ရပ်တဲ့ ကိုယ်ဟန်အနေအထားနဲ့ ပတ်သက်ရင် တချို့က ဘယ်လိုပုံပန်းသဏ္ဍာန်ကိုမှ သိပ်ပြီး ရေးကြီးခွင်ကျယ် မစဉ်းစားတတ်ကြသလို အဓိက ၎င်းတို့သာညသက်တောင့်သက်သာရှိနေဖို့အတွက်ပဲ တွေးကာ ဖြစ်သလို မတ်တပ်ရပ်နေတတ်ကြပါတယ်။ သို့ပေမဲ့ ၎င်းတို့ စိတ်သက်သာသလို မတ်တပ်ရပ်လိုက်တဲ့ရလဒ်က မြင်သူတိုင်းက အခြားသူများနှင့် ကမ္ဘာကြီးကို မျှဝေပေးဖို့ ဓာတ်ပုံရိုက်ရန် မအောင့်နိုင်တော့တဲ့အထိ ရယ်စရာကောင်းနေတတ်ပါတယ်။ ဒီတစ်ခါမှာတော့ အများသူငှာ နေရာများ၌ အဆင်မပြေစွာ မတ်တပ်ရပ်နေသူတို့ရဲ့ဓာတ်ပုံများကိုသာ မျှဝေရန်အတွက်သာ ဖန်တီးထားသည့် Instagram အကောင့်တစ်ခုကိုတွေ့ရှိထားပါတယ်။ ၎င်းဓာတ်ပုံများ၌ အချို့က အခြားသူများကို စိတ်ရှုပ်ထွေးစေကာ ရယ်စရာကောင်းသည်ဟု ခံစားရစေသည့် ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် မတ်တပ်ရပ်နေကြပါတယ်။ ဒီတော့ ရယ်စရာကောင်းနေတဲ့ လူသားတို့ရဲ့၎င်းတို့ခြေထောက်များအား ပုံမှန်မဟုတ်တဲ့နည်းလမ်းများဖြင့် အသုံးချတတ်ကြတဲ့ပုံရိပ်များကိုလည်း ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျ ။

Mia (Mckzone daily)

Be the first to comment on "အများအမြင်ကို ဂရုမစိုက်ဘဲ လူမြင်ကွင်းမှာ အဆင်ပြေသလို ကိုယ့်နည်းကိုယ်ဟန်နဲ့ အသုံးချတတ်ကြသူတို့ရဲ့အထာကျလွန်းတဲ့ ရယ်စရာပုံရိပ်များ"

Leave a comment

Your email address will not be published.


*