ဖိလစ်ပိုင်နိုင်ငံ Los Baños ခရိုင် Laguna မြို့ရှိ အရက်မူးနေတဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်နီးနားချင်းရဲ့ အိမ်ခေါင်မိုးပေါ်တက်ဖို့ ကြိုးစားခဲ့ရာ အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး အကွာအဝေး အတော်လေး ကျဉ်းမြောင်းတဲ့အုတ်နံရံနှစ်ခုကြား ညှပ်သွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ အသက် 26 နှစ်အရွယ် ထိုမိန်းကလေးက ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေမဲ့လည်း အရက်အတူတူသောက်ခဲ့တဲ့ သူငယ်ချင်းများက အရက်မူးပြီး အကြောင်းတစ်ခုခုကြောင့် အိမ်နီးနားချင်းရဲ့အိမ်ခေါင်မိုးပေါ်သို့ တက်သွားကြောင်း ဝန်ခံခဲ့ကြပါတယ်။ ထိုမိန်းကလေးက အိမ်ခေါင်မိုးပေါ်ကိုတက်ပြီး ဘာတွေလုပ်ဖို့စီစဉ်ထားခဲ့လဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရပေမယ့် သူမဟာ အရက်မူးပြီး အိမ်ခေါင်မိုးပေါ်တက်နေစဉ် ဟန်ချက်ပျက်သွားကာ ခေါင်မိုးပေါ်မှ ပြုတ်ကျခဲ့ပုံရပါတယ်။
.
ထို့ပြင် ကံမကောင်းစွာပဲ သူမဟာ တစ်ကိုယ်စာတောင်မရှိတဲ့ အတော်လေးကျဉ်းမြောင်းတဲ့အုတ်နံရံနှစ်ခုကြားမှာ နစ်မြုပ်သွားခဲ့တာဘဲဖြစ်ပါတယ်။ ထိုအုတ်နံရံတွေကြားက အကွာအဝေးက တော်တော်လေးကျဉ်းတာကြောင့် သူမနှင့်အတူ အရက်သောက်တဲ့ သူငယ်ချင်းများကလည်း ၎င်းတို့ကိုယ်တိုင် သူမကို မကယ်နိုင်ဘူးဆိုတာ သိလိုက်ရတာပြီးနောက် ကယ်ဆယ်ရေးသမားများကို အမြန် အကြောင်းကြားခဲ့ကြပါတယ်။
.
ထိုမိန်းကလေးကို ညှပ်နေတဲ့အုတ်နံရံကြားမှ ကယ်ထုတ်ရန် ကယ်ဆယ်ရေးသမားများကို ခေါ်ထားခဲ့ပေမဲ့လည်း ကယ်ဆယ်သူများကပင် သူမကို ဆွဲထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ထို့နောက် ဆွဲထုတ်လို့မရတဲ့အဆုံး ကယ်ဆယ်ရေးသမားများက ထိုမိန်းကလေးအား ကယ်ထုတ်ရန် အုတ်နံရံနှစ်ခုကို ဖြိုခိုင်းခဲ့ရကြောင်း Trending News Portal ရဲ့အဆိုအရ သိရှိခဲ့ရပါတယ်။
.
နောက်ဆုံး ကယ်ဆယ်ရေးသမားများက ထိုမိန်းကလေးအား ကယ်ထုတ်နိုင်ခဲ့ပြီး သူမရဲ့သူငယ်ချင်းများလည်း စိတ်သက်သာရာရခဲ့ပေမဲ့ အိမ်နီးချင်းက မပျော်ရွှင်နေသလို ထိုမိန်းကလေးကြောင့် အုတ်နံရံကို ဆုံးရှုံးလိုက်ရတာကိုလည်း အလွန်ဒေါသထွက်နေခဲ့ပုံရပါတယ်။ မနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဆိုပါမိန်းကလေးရဲ့ထိုသင်ခန်းစာအဖြစ်အပျက်ကို လူအများက သုံးသပ်ခဲ့ကြပေမဲ့ ၎င်းအဖြစ်အပျက်ဟာ မကြာသေးခင်ကမှ ရယ်စရာဟာသတစ်ခုအဖြစ် ထပ်မံပြီး ပျံ့နှံ့လာခဲ့ပါတယ်။ ထို့ပြင် အချို့သောလူများက အလားတူ အဖြစ်အပျက်မျိုး မဖြစ်ရလေအောင်လည်း အရက်သောက်ခြင်းဆိုင်ရာ တင်းကျပ်တဲ့ဥပဒေများ ချမှတ်ပေးဖို့လည်း တောင်းဆိုထားခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : rachfeed
Be the first to comment on "အရက်မူးလွန်ပြီး အိမ်ခေါင်မိုးပေါ်မှ ပြုတ်ကျကာ အတော်လေးကျဉ်းမြောင်းတဲ့အုတ်နံရံနှစ်ခုကြားမှာ ညှပ်မိသွားခဲ့တဲ့ မိန်းကလေးတစ်ဦး"