လမ္းအႏၲရာယ္ကင္းရွင္းေရး လႈပ္ရွားမႈတြင္ မိန္းမလွေလးေတြကို ဌားရမ္းထားခဲ့ျခင္းမဟုတ္သလို ႀကိဳလည္းသိမေနခဲ့ေၾကာင္း ျငင္းဆိုခဲ့တဲ့ ရဲတပ္ဖြဲ႕

ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ Hang Dong ရဲစခန္းဟာ မၾကာေသးခင္က ခ႐ိုင္႐ုံးအျပင္ဘက္ရွိ စစ္ေဆးေရးဂိတ္တစ္ခုတြင္ ကားသမားမ်ားအား ေကာ္ဖီအခမဲ့ ေပးေဆာင္ရန္ “မိန္းမလွေလး” ေတြကို ငွါးရမ္းျခင္းမဟုတ္ခဲ့ေၾကာင္း မေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ကားသမားေတြကို ေကာ္ဖီဗူးေတြ ေဝငွေပးေနတဲ့ မိန္းကေလးႏွစ္ဦးရဲ႕ဓာတ္ပုံေတြဟာ ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး အင္တာနက္သုံးစြဲသူေတြၾကား ေဒါသေတြ ထြက္ေပၚခဲ့ၿပီးေနာက္ ၎ရဲစခန္းက အခုလို ထုတ္ျပန္ခဲ့တာဘဲ ျဖစ္ပါတယ္။ “ ထိုအမ်ိဳးသမီးႏွစ္ေယာက္ကို ႏွစ္သစ္ကူး အားလပ္ရက္ေတြမွာ ရဲေတြရဲ႕ လမ္းအႏၲရာယ္ကင္းရွင္းေရး လႈပ္ရွားမႈမွာ ပါဝင္ဖို႔ စိတ္ဝင္တစား ေဖာ္ျပခဲ့တဲ့ Hang Dong ခ႐ိုင္ရွိ ဆူရွီဘူေဖး စားေသာက္ဆိုင္က ေစလႊတ္ေပးခဲ့တာပါ။

ဒါေပမယ့္ စားေသာက္ဆိုင္က မိန္းမေလးငယ္ေလးေတြ ပို႔လာတယ္ဆိုတာကို ကြၽန္ေတာ္တို႔ကို ႀကိဳတင္ၿပီး အေၾကာင္းမၾကားထားခဲ့ပါဘူး” ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားခဲ့ပါတယ္။ ထို႔ျပင္ “ ဒီ campaign က ကားသမားေတြကို ေကာ္ဖီ အခမဲ့ ေပးေဝျခင္းျဖင့္ ကားေမာင္းရင္း အိပ္မငိုက္ဘဲ လမ္းအႏၲရာယ္ ကင္းရွင္းေစဖို႔ ရည္႐ြယ္ထားတာပါ။ ပုဂၢလိကလုပ္ေဖာ္ကိုင္ဖက္မ်ားအျပင္ အဖြဲ႕အစည္းမ်ားမွ ေစတနာ့ဝန္ထမ္းမ်ားႏွင့္ သာမန္လူထုအဖြဲ႕ဝင္မ်ားလည္း ပါဝင္ခဲ့ပါတယ္ ” ဟုလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ အဆိုပါ စစ္ေဆးေရးဂိတ္အား စစ္ေဆးၿပီးေနာက္ ခ်င္းမိုင္ၿမိဳ႕ ဒုတိယရဲခ်ဳပ္မွ အမ်ိဳးသမီးႏွစ္ဦးအား ၎တို႔၏ လႈပ္ရွားမႈမ်ား ရပ္တန႔္ရန္ အမိန႔္ေပးခဲ့ၿပီးေနာက္ ေစတနာ့ဝန္ထမ္း အရာရွိမ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ားကိုသာ ဆက္လုပ္ေစခဲ့ေၾကာင္းလည္း ေဖာ္ျပခဲ့ပါတယ္။

Jasmine (Mckzone daily)

Reference : nationthailand

Unicode

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Hang Dong ရဲစခန်းဟာ မကြာသေးခင်က ခရိုင်ရုံးအပြင်ဘက်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ကားသမားများအား ကော်ဖီအခမဲ့ ပေးဆောင်ရန် “မိန်းမလှလေး” တွေကို ငှါးရမ်းခြင်းမဟုတ်ခဲ့ကြောင်း မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကားသမားတွေကို ကော်ဖီဗူးတွေ ဝေငှပေးနေတဲ့ မိန်းကလေးနှစ်ဦးရဲ့ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်သုံးစွဲသူတွေကြား ဒေါသတွေ ထွက်ပေါ်ခဲ့ပြီးနောက် ၎င်းရဲစခန်းက အခုလို ထုတ်ပြန်ခဲ့တာဘဲ ဖြစ်ပါတယ်။ “ ထိုအမျိုးသမီးနှစ်ယောက်ကို နှစ်သစ်ကူး အားလပ်ရက်တွေမှာ ရဲတွေရဲ့ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုမှာ ပါဝင်ဖို့ စိတ်ဝင်တစား ဖော်ပြခဲ့တဲ့ Hang Dong ခရိုင်ရှိ ဆူရှီဘူဖေး စားသောက်ဆိုင်က စေလွှတ်ပေးခဲ့တာပါ။

ဒါပေမယ့် စားသောက်ဆိုင်က မိန်းမလေးငယ်လေးတွေ ပို့လာတယ်ဆိုတာကို ကျွန်တော်တို့ကို ကြိုတင်ပြီး အကြောင်းမကြားထားခဲ့ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပါတယ်။ ထို့ပြင် “ ဒီ campaign က ကားသမားတွေကို ကော်ဖီ အခမဲ့ ပေးဝေခြင်းဖြင့် ကားမောင်းရင်း အိပ်မငိုက်ဘဲ လမ်းအန္တရာယ် ကင်းရှင်းစေဖို့ ရည်ရွယ်ထားတာပါ။ ပုဂ္ဂလိကလုပ်ဖော်ကိုင်ဖက်များအပြင် အဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများနှင့် သာမန်လူထုအဖွဲ့ဝင်များလည်း ပါဝင်ခဲ့ပါတယ် ” ဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါ စစ်ဆေးရေးဂိတ်အား စစ်ဆေးပြီးနောက် ချင်းမိုင်မြို့ ဒုတိယရဲချုပ်မှ အမျိုးသမီးနှစ်ဦးအား ၎င်းတို့၏ လှုပ်ရှားမှုများ ရပ်တန့်ရန် အမိန့်ပေးခဲ့ပြီးနောက် စေတနာ့ဝန်ထမ်း အရာရှိများနှင့် စေတနာ့ဝန်ထမ်းများကိုသာ ဆက်လုပ်စေခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

Jasmine (Mckzone daily)

Be the first to comment on "လမ္းအႏၲရာယ္ကင္းရွင္းေရး လႈပ္ရွားမႈတြင္ မိန္းမလွေလးေတြကို ဌားရမ္းထားခဲ့ျခင္းမဟုတ္သလို ႀကိဳလည္းသိမေနခဲ့ေၾကာင္း ျငင္းဆိုခဲ့တဲ့ ရဲတပ္ဖြဲ႕"

Leave a comment

Your email address will not be published.


*