ရေကူးနေရင်း ၎င်းရဲ့မွေးကင်းစကလေးငယ်အား သူမရဲ့ဗိုက်ပေါ်မှာ နွေးထွေး လုံခြုံစွာ အိပ်စက်စေခဲ့တဲ့ မိခင်ဖျံတစ်ကောင်ရဲ့ ကြည်နူးစရာပုံရိပ်များ

မိခင်များရဲ့ဘဝဟာ ဒီကမ္ဘာပေါ်မှာ အလှပဆုံးနှင့် အစွမ်းထက်ဆုံးသောနှောင်ကြိုးများထဲမှ တစ်ခုဖြစ်ပါတယ်။ ခြွင်းချက်မရှိ ချစ်ခင်ကြင်နာတတ်တဲ့ မိခင်တစ်ယောက်ကိုပိုင်ဆိုင်ထားရတဲ့အခါ ကလေးတွေဟာလည်း အပျော်ရွှင်ဆုံးပါပဲ။ မကြာသေးမီက မိခင်ဖျံတစ်ကောင် နှင့် ၎င်းရဲ့မွေးကင်းစကလေးငယ်တို့ရဲ့ နှလုံးသားနွေးထွေးတဲ့ဓာတ်ပုံများကို အင်တာနက်ပေါ် မှာ တွေ့ရှိခဲ့ရပါတယ်။ ဒီပုံများဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်ထွက်ရှိခဲ့ပေမယ့်လည်း အခုထိ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ ၎င်းတို့သားအမိရဲ့ပုံများက အလွန်လှပပြီး လူသားများအတွက် အနက်ရှိုင်းဆုံးနှင့် အနူးညံ့ဆုံး အစိတ်အပိုင်းများဖြင့် ထိတွေ့စေနိုင်ခဲ့ပါတယ်။

ဓာတ်ပုံထဲအရ သစ္စာရှိမိခင်ဖျံတစ်ကောင်က ကမ်းခြေမှာရေကူးနေစဉ် ၎င်းရဲ့မွေးကင်းစကလေးငယ်အား သူမရဲ့ဗိုက်ပေါ်မှာ အိပ်စက်နေစေခဲ့ပါတယ်။

မိခင်ဖြစ်သူဟာ ခရီးဆက်နေစဉ်အတွင်း သူမရဲ့ကလေးငယ်အား အတတ်နိုင်ဆုံး ခြောက်သွေ့နွေးထွေးနေစေရန် ပြုလုပ်ပေးခဲ့ပါတယ်။ ၎င်းအခိုက်အတန့်များကို ကယ်လီဖိုးနီးယားပြည်နယ် Monterey Bay မှာ အသက် ၄၀ အရွယ် Suzi Eszterhas အမည်ရှိသဘာဝဓာတ်ပုံဆရာတစ်ဦးက တွေ့ရှိခဲ့တာဘဲဖြစ်ပါတယ်။

၎င်းမြင်ကွင်းက မစ္စ Eszter ကို ကနဦး အံ့အားသင့်စေခဲ့ပေမဲ့လည်း သူမဟာ ချက်ချင်းပင် ကင်မရာဖြင့် မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ထို့ပြင် ထိုမိခင် ဖျံနှင့်ကလေးအား အနှောက်အယှက်မဖြစ်စေရန်အတွက် မစ္စ Eszter က ဓာတ်ပုံရိုက်ရန် တယ်လီဓာတ်ပုံမှန်ဘီလူးရှည်ကိုသာ အသုံးပြုခဲ့တာပါ။

၎င်းပုံရိပ်ကိုကြည့်ခြင်းအားဖြင့် သားပေါက်သတ္တဝါလေးတိုင်းဟာ မိခင်ရဲ့စောင့်ရှောက်မှုနှင့် အကာအကွယ်မပါဘဲ တောရိုင်းထဲမှာ ရှင်သန်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

သားကောင်များရဲ့ဆာလောင်မှုနှင့် ခြိမ်းခြောက်မှုများက ၎င်းတို့အတွက် အလွန်ကြမ်းတမ်းလွန်းလှပါတယ်။ ဒါ့ကြောင့် ဒီဓာတ်ပုံများဟာ သန်းပေါင်းများစွာရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ပင်လယ်ဖျံမိခင်အများစုက ၎င်းတို့ရဲ့ရင်သွေးငယ်များကို ရှက်ရွံ့တတ်ကြတယ်လို့ မှတ်သားခဲ့ဖူးပေမဲ့ ဒီပင်လယ်ဖျံမိခင်ကြီးကတော့ မတူနေပါဘူး။

‘ သူမက ကလေးငယ်ကို သူမရဲ့ရင်ခွင်ပေါ်မှာ အကြိမ်ပေါင်းများစွာ အပ်စက်စေခဲ့တယ် ၊ သူမကို ကလေးထိန်းတစ်ယောက်လို့ ခံစားခဲ့ရတယ်။ ဒါဟာ ချစ်စရာကောင်းပြီး တောရိုင်းတိရိစ္ဆာန်လေးတွေက ဘယ်လောက်တောင် နူးညံ့ပြီး ယုံကြည်စိတ်ချနိုင်တယ်ဆိုတာကိုလည်း ပြသနေခဲ့တယ် ‘ လို့ မစ္စ Eszterhas က ပြောကြားခဲ့ပါတယ်။ သင့်နှလုံးသားကို အရည်ပျော်စေမယ့် အရာတစ်ခုခုကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီဓာတ်ပုံလေးတွေကို ကြည့်လိုက်ရုံပါဘဲဗျ။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "ရေကူးနေရင်း ၎င်းရဲ့မွေးကင်းစကလေးငယ်အား သူမရဲ့ဗိုက်ပေါ်မှာ နွေးထွေး လုံခြုံစွာ အိပ်စက်စေခဲ့တဲ့ မိခင်ဖျံတစ်ကောင်ရဲ့ ကြည်နူးစရာပုံရိပ်များ"

Leave a comment

Your email address will not be published.


*