ဒေါသနဲ့ ကားပေါ်ကဆင်းပြီး အပီအပြင် ကျဲဖို့လုပ်ခဲ့ပေမဲ့ ကားဘရိတ်အုပ်ဖို့ မေ့နေခဲ့တာကြောင့် ရွေ့လျားနေတဲ့ကိုယ့်ကားရဲ့နောက်ကို အမှီပြန်လိုက်နေခဲ့ရတဲ့ အမျိုးသားရဲ့ ရယ်စရာအဖြစ် (ရုပ်သံ)

မကြာသေးမီက စင်္ကာပူနိုင်ငံရှိ လမ်းမကြီးတစ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ ဒေါသထွက်နေတဲ့ အမျိုးသားတစ်ဦးရဲ့ ဗီဒီယိုဖိုင်က Facebook ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ၎င်း Havelock လမ်းမှာရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ အပြာရောင် Mazda CX-5 ကားပေါ်မှ အမျိုးသားတစ်ဦးက တစ်စုံတစ်ရာကြောင့် ဒေါသထွက်ပြီး ကားပေါ်မှဆင်းကာ အနောက်ရှိကားသမားနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့လုပ်ခဲ့ပေမဲ့ ရှေ့သို့ သူ့ဘာသာသူ တဖြည်းဖြည်း ရွေ့လျားသွားနေခဲ့တဲ့သူ့ကားကြောင့် ကားဆီသို့ပြန်သွားကာ အမှီပြန်လိုက်ခဲ့တာကို မြင်တွေ့ရပါတယ်။ ကားအတွင်းပိုင်းရှိ မည်သည့်ယာဉ်မောင်းမှမပါဘဲ ထွက်သွားရတဲ့အကြောင်းရင်းအတိအကျကို မသိရသေးပေမဲ့လည်း ၎င်းက ဂီယာတံအား “Neutral” (သို့) “Park” နှင့် “Drive” မုဒ်မှာ ထိုးထားခဲ့တာလည်းဖြစ်နိုင်သလို လက်ဘရိတ်မမိခြင်းလည်း ဖြစ်နိုင်ကြောင်း Says သတင်းက ပြောကြားခဲ့ပါတယ်။

.

ဒါပေမဲ့ ကံကောင်းစွာဖြင့် ထိုယာဉ်မောင်းသူအမျိုးသားက ရှေ့သို့ ရွေ့လျားသွားတဲ့သူ့ကားကို အမှီပြန်လိုက်နိုင်ခဲ့ပြီး သူ့ ကားဒရိုင်ဘာထိုင်ခုံသို့ပြန်ထိုင်ကာ သူ့ ကားခေါင်းအား Saiboo လမ်းသို့ လှည့်ထွက်သွားတာကို သူနှင့်ရင်ဆိုင်ရမည့် ကားသမားရဲ့ ဒက်ရှ်ဘုတ်ကင်မရာကနေ သေချာမြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ အဆိုပါဒေါသထွက်နေတဲ့ယာဉ်မောင်းသူက နောက်ဆုံးမှာ ၎င်းအခြားယာဉ်မောင်းသူကို ထိပ်တိုက်တွေ့နိုင်ခဲ့ပါတယ်။

.

သူ့ရဲ့ပထမအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုက မအောင်မြင်ခဲ့ပေမဲ့လည်း Saiboo လမ်းဘေးတစ်နေရာသို့ရောက်တဲ့အခါ အဆိုပါ ဒေါသထွက်နေတဲ့ယာဉ်မောင်းသူက ကားပေါ်မှ ဆင်းလာပြီး ဟန်ပန်အမူအရာဖြင့် သူ့နောက်မှ ယာဉ်မောင်းသမားထံသို့ ဒေါသတကြီး ချဉ်းကပ်သွားကာ ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

.

ဒီအဖြစ်အပျက်ဟာ ရယ်စရာကောင်းနေပေမဲ့ တကယ်တမ်း အခြားယာဉ်ကြောက ယာဉ်မောင်းသူတွေအတွက် အန္တရာယ်များစေသလို ကိုယ့်ရဲ့ကားကိုလည်း ထိခိုက်နစ်နာစေနိုင်တာကြောင့် လမ်းလည်ခေါင်မှာ ဒေါသထွက်တိုင်း ကားပေါ်ဆင်းပြီး ထိပ်တိုက်မရင်ဆိုင်သင့်တာတော့ အမှန်ပါဘဲ။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "ဒေါသနဲ့ ကားပေါ်ကဆင်းပြီး အပီအပြင် ကျဲဖို့လုပ်ခဲ့ပေမဲ့ ကားဘရိတ်အုပ်ဖို့ မေ့နေခဲ့တာကြောင့် ရွေ့လျားနေတဲ့ကိုယ့်ကားရဲ့နောက်ကို အမှီပြန်လိုက်နေခဲ့ရတဲ့ အမျိုးသားရဲ့ ရယ်စရာအဖြစ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*