အသက်ကြီးရင်းပြီး နေမကောင်းဖြစ်ပေမဲ့ အောက်ဆီဂျင်ဘူးပါ သယ်ပြီး မြေးမလေးရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ အဘိုး



JRose (Mckzone daily)

Reference : bestie

Unicode

မကြာသေးမီက အသက်အရွယ်ကြီးရင့်ကာ ဖျားနာပြီး အောက်ဆီဂျင်လိုအပ်သော်လည်း အဘိုးအိုက သူ့မြေးရဲ့မင်္ဂလာပွဲကို ကိုယ်တိုင်တက်ရောက်နိုင်ခဲ့ပါတယ် ။ အဘိုးက သူ့မြေးမလေးနဲ့မြေးသမက်ရဲ့ ပျော်ရွှင်စရာအခိုက်အတန့်ကို သူ့မျက်လုံးနဲ့ မြင်ချင်တာကြောင့်ဖြစ်ပါတယ် ။ ယခုနှစ်မှာ အဘိုးရဲ့ အသက်က ၈၀ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ကျန်းမာရေးအခြေအနေက ခွင့်မပြုပေမယ့် အသက်ရှုဖို့ အောက်ဆီဂျင်ပုံးကိုပါ သယ်ပြီး မင်္ဂလာပွဲကို တက်ရောက်ခဲ့သေးတာပါ ။

ထို့ကြောင့် သူ့သားမြေးများက ထိုင်ခုံပေါ်မှာသာ ထိုင်စေပြီး ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်သဖြင့် အဝေးသို့မပေးသွားဘဲ ထိုင်စေခဲ့ပါတယ် ။ သတို့သမီးလေးအဖြစ် သူ့မြေးကိုကြည့်ကာ အမှတ်တရအဖြစ် ဗီဒီယိုရိုက်ကူးခဲ့ပါတယ် ။ အဘိုးရဲ့ ကျန်းမာရေးအခြေအနေက အလွန်စိုးရိမ်ရပေမဲ့ မြေးမလေးကို ချစ်တဲ့စိတ်ကြောင့် မင်္ဂလာဆောင်ပွဲကို မဖြစ်ဖြစ်အောင် ရောက်လာခဲ့ပါတယ် ။ ဗီဒီယိုဖိုင်ကို မျှဝေပြီးနောက် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး သားသမီးမြေးများအပေါ် ထားရှိတဲ့ အဘိုးအိုရဲ့ ချစ်ခြင်းမေတ္တာကို လူတိုင်း သဘောကျကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အသက်ကြီးရင်းပြီး နေမကောင်းဖြစ်ပေမဲ့ အောက်ဆီဂျင်ဘူးပါ သယ်ပြီး မြေးမလေးရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ အဘိုး"

Leave a comment

Your email address will not be published.


*